P-1 U/Z

702 26 6
                                    

၁၉၃၀ခုနှစ်ဝန်းကျင်မတိုင်မှီအချိန်ကာလကတည်းက မြန်မာနိုင်ငံတွင်နယ်ချဲ့အင်္ဂလိပ်တို့အုပ်ချုပ်ခြင်းကိုခံခဲ့ရတာဖြစ်သည်။

လက်နက်အင်အား၊လူအင်အား၊စိတ်ဓာတ်ရေးရာ အစရှိသောအကြောင်းအရာတွေနှင့်ပြည့်စုံမှုမရှိလေသောကြောင့် မြန်မာနိုင်ငံဟာ တော်လှန်နိုင်ခြင်းမရှိသလို တော်လှန်ရေးလှုပ်ရှားမှုတွေလည်းမရှိခဲ့ပေ။

မျိုးရိုးစဥ်ဆက်ကြွယ်ဝချမ်းသာလာကြပြီးဘုရင်မျိုးရိုးကဆင်းသက်လာသဖြင့် ရာထူး၊ဂုဏ်ရှိန်၊အာဏာဆိုတာသူ့အတွက်တော့ ပေါပေါလွယ်လွယ်သုံးလို့ရသည့်အရာတွေဖြစ်သည်။ဒီခေတ်ဒီအခါမှာအာဏာအရှိဆုံးသူတစ်ယောက်ဖြစ်သည့် ဗညားပိုင်ဇေ၊
နယ်ချဲ့အစိုးရတွေကိုတောင်အထက်ကအမိန့်ပေးနိုင်ပြီး နယ်ချဲ့တွေမှာသူထားရာနေ စေရာသွားဘဝအထိရောက်ခဲ့အောင် လုပ်နိုင်စွမ်းရှိပြီး ငယ်ရွယ်ပေမဲ့ပါးနပ်မှုရှိသည်။သို့သော်လည်း သူလုပ်ဆောင်နေသည့်အရာတွေသည် မြန်မာနိုင်ငံကြီးဆုတ်ရုတ်ဖို့အတွက်ပဲဖြစ်ပြီးသူတစ်ယောက်ထဲကောင်းစားဖို့သာဖြစ်သည့်အတွက် ပြည်သူတွေ၏မုန်းတီးရွံ့ရှာခြင်းကိုခံရသည်။

"သခင်လေးခင်ဗျ ကျွန်တော်တို့စုံစမ်းရသလောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပုန်ကန်မှုအချို့ပြုလုပ်ဖို့ လူထုအစည်းအဝေးတစ်ရပ်ကိုတွေ့ခဲ့တယ်"

"ရှင်းပြစ်ရမှာပေါ့ သေချာစောင့်ကြည့်နေ ​တော်လှန်ဖို့ခြေတစ်လှမ်းတိုးတာနဲ့လက်ညိုးတစ်ချက်ကွေးလိုက်ရုံပဲ သဘောပေါက်လား"

"ဟုတ်ကဲ့"

ပုဆိုးကွက်စိပ်အညိုစင်းကြားကိုခြေမျက်စိထိဝတ်ထားပြီး အင်္ကျီလက်ရှည်အမဲနှင့် လည်ပင်းမှာအနီအဖြူကွက်ကြားမာဖလာကိုပတ်ထားပြီး လက်အောက်ငယ်သားတွေကိုအမိန့်ပေးပြီးသည်နှင့် စံအိမ်ဘက်ကိုလှည့်ထွက်သွားလေသည်။
တစ်ချို့တစ်ချို့သောသူတို့သည်သူ့ရဲ့ရက်စက်မှုတွေကိုသိသော်လည်း သူ့ရဲ့အရိုင်းဆန်သောမျက်လုံး၊ခက်ထန်သောမျက်နှာအမူအယာ၊ရင့်လွန်းသောအပြောအဆို၊အဝတ်အစားဝတ်တတ်တာကအစ ကြွေလွန်းတတ်ကြသည်။
တစ်ချို့သောမိန်းမပျိုတို့သည် သူ့အနားနေရရန်သူ့အားချဥ်းကပ်လာတတ်ကြပြီး အပိုင်ကြံရန်လည်းနည်းမျိုးစုံနဲ့လှည့်စားခဲ့သော်လည်း ဗညားပိုင်ဇေဆိုသည့်လူမှာ သူ့အာဏာ၊ဂုဏ်ထူးအရှိန်အဝါကလွဲ မည်သည့်အရာမှမမတ်တော့ ခတ်ပြန်သည်။

လှည့်ကွက်များ၏နောက်ကွယ်(Ongoing)Where stories live. Discover now