ရင်ခွင်ထဲကနေလွှတ်ထွက်သွားတဲ့ကိုယ်ငွေ့နွေးနွေးကြောင့် ဗညားရင်ထဲဟာလာဟင်းလင်းကြီးဖြစ်သွားရသည်။
အစကတော့သူအခန်းထဲလာလျှင် ပုံမှန်အတိုင်းစကားပြောမလို့ပေမဲ့ ခဏတာအတွင်းအသိစိတ်လွတ်ကာ ထိုလူသားအားရင်ခွင်ထဲသို့ဆွဲထည့်မိ၏ ဟိုးအရင်ထဲကမြတ်မြတ်နိုးနိုးတန်ဖိုးထားခဲ့ဖူးသည့်လူ၏ခန္ဓာကိုယ်အား ထိတွေ့ခဲ့ရတော့ လူကအတိုင်းမသိစိတ်လိုလက်ရဖြစ်မိသည်။________________
ခေတ်ကာလအခြေအနေအရလင်းကြက်တွန်သံနှင့်နှိုးထကြရသည်။မနက်ခင်း ရောင်ခြည်နွေးနွေးက စံအိမ်ကြီး၏ခြံဝင်းအတွင်းသို့ဖြာကျနေ၏ အိမ်ကြီးမှာ အကျယ်၂ဧကလောက်ရှိပြီး ခြံဝင်းသည်ပင် ၄ဧကကျော်လောက်ကျယ်ဝန်းသေးသည်။ခြံဝင်းထဲတွင် သရက်ပင်အုံ့အုံ့စိုင်းစိုင်းကြီး၂ပင်ရှိ၏ခြံဝင်းအနောက်ဘက်တွင်တော့ ဗန္ဒာပင်ခပ်ကြီးကြီးတစ်ပင်ရှိသေးသည်။ခြံဝင်းပတ်ပတ်လည်တွင်တော့အလှဆိုင်ထားသည့်နှင်းဆီပန်းနီနီရဲရဲတို့နှင့် ခြံဝင်းကြီး၏တံခါးပေါက်နားတွင်တရုတ်စကားပန်းပင်ကြီးကနေရာယူလေသည်။ကျယ်လွန်းသည့်နေရာနှင့်များပြားလှတဲ့အပင်တွေကြောင့် ဖြတ်သန်းသွားလာသူလူတို့မျက်စိကျစရာကောင်းလွန်းလှသည်။
ခြံဝင်းအတွင်းအစီအတန်းရပ်ထားသော ဆလွန်းကားလေး ၄စီးရှိသေးသည်။အရောင်သည်ကား အနက်၊အဖြူ၊ကြက်သွေးနီနှင့်အညိုတို့ဖြစ်ကြသည်။ထိုအထဲတွင် ကြက်သွေးနီရောင်ကားမှာ ကိုဟိန်းဆိုသူ၏ကားဖြစ်၏ ဗညားပိုင်ဇေသည် ထိုအိမ်ကြီးတွင် ကိုဟိန်းဆိုသူကိုသာ အရာရာပိုဦးစားပေးတတ်၏ ကိုဟိန်းစီးဖို့လဲသူပဲကားဝယ်ပေးထားတာဖြစ်သည်။"မိုးမိုက်....သားအဆင်ပြေရဲ့လား၊ဘာလို့ ယောကျာ်းလေးလို့ဝတ်လာရတာလဲကွဲ့၊သခင်လေးမြင်ရင်မင်းတော့ဒုက္ခရောက်အုန်းမယ်ကွယ်"
ကိုယ့်အကြောင်းလဲသူသိနေပြီဖြစ်၍ မိန်းမတစ်ယောက်လိုဟန်ဆောင်နေမည့်အစားယခုကဲ့သို့သာ သူ့အနားကထွက်သွားဖို့ပြင်ရမည်။
မိုးမိုက်တို့ထမင်းစားခန်းအတွင်း စားစရာများပြင်ဆင်နေရင်း သူကအခန်းထဲသို့ဝင်လာနေပြီဖြစ်သည်။
YOU ARE READING
လှည့်ကွက်များ၏နောက်ကွယ်(Ongoing)
Romance⚠️name change⚠️ 1930ခုနှစ်ဝန်းကျင်အခါ၌..... မင်းကိုချစ်တတ်ခဲ့လို့အာဏာဆိုတာကိုကိုယ်မက်ခဲ့တာ #ဗညားပိုင်ဇေ အာဏာရူးတွေကိုကျုပ်သိပ်မုန်းတယ် #မိုးမိုက်အမှောင် အကုန်လုံးကညီနောင်တွေပါပဲ ဒါပေမဲ့မင်းကိုပိုချစ်တယ် #ဇူဇယ်နော် မေတ္တာအကြည့်တစ်ချက်ပဲစွန့်ကြဲစေချင်...