🧶 Chapter 3.2

97 19 6
                                    

🧶 Chapter 3.2

ဒါပေါ့၊ ခုချိန်မှာ အစဆွဲထုတ်တာက အရေးကြီးဆုံးကိစ္စပဲ၊ ထိုငိစ္စနှင့်လုံးပန်းရင်း သူ နှစ်နပ်စာလွတ်ခဲ့ရပြီး အင်အားပြန်လည်ဖြည့်တင်းဖို့ရာ တစ်ခုခုစားရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ သူ့ ခရက်ဒစ်ကတ်မှ ယွမ်နှစ်ရာထုတ်ထားပြီး ယမန်နေ့တက္ကစီပေါ်တွင် ကျန်ရှိသည့် ကျန်ငွေနှစ်ဆယ့်သုံးယွမ်ကို အသုံးပြုခဲ့သည်။

အိတ်ထဲတွင် သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသော ယွမ်တစ်သောင်းကိုစိုက်ကြည့်လိုက်သည်။ ရှန်းချူးချူးသည် မျက်လုံးများကိုမှိတ်လိုက်ပြီး မာကျောသော နှလုံးသားဖြင့် ငါးရာထုတ်ယူလိုက်သည်။  အကယ် ၍ သူ့အစီအစဉ်အောင်မြင်ခဲ့ပါက၊  မကြာမီ ရိုးရှင်းသောဖုန်းခေါ်ဆိုမှုတစ်ခုဖြင့် ငွေစတင်ရရှိလာမည်ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့ပါက၊ သူ သုံးရက်အတွင်း မိသားစုထံမှပိုက်ဆံအနည်းငယ် အမြဲချေးယူနိုင်သေးသည်မဟုတ်ပါလား ?

ယခု သူ့ထံ ခြူးတပြားမှမရှိတော့သဖြင့် ပူစပ်ပူစပ်ဟော့ပေါ့မှာ ဆိုဖွယ်ရာမရှိတော့ပေ။  ရှန်းချူးချူးသည် အနီးဆုံးစူပါမားကတ်သို့လမ်းလျှောက်သွားကာ ခေါက်ဆွဲထုပ်အနည်းငယ်၊ ဝက်အူ ချောင်းတစ်ထုပ်ကိုဝယ်ကာ နောက်ဆုံးတွင် နို့နှင့် ပေါင်မုန့်အချို့ဝယ်ယူခဲ့ရာ  စုစုပေါင်းယွမ်လေးရာဝန်းကျင် ခန့်ကျသွားသည်။ တစ်လကြာကြော်ငြာအလုပ်မရ ရှိခဲ့လျှင်ပင် အနည်းဆုံးငတ်သေမည်မဟုတ်ချေ။

ခရီးစဉ်ကတိုတောင်းသော်လည်း ပစ္စည်းတွေအများ ကြီးဝယ်ယူခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့်ခေါက် ဆွဲထုပ်တစ်ထုပ်ဖောက်ကာ ချက်ချင်းချက်လိုက်တယ်။

ပထမ Comment ကိုဖြေကြားရန် ညဆယ်နာရီအထိစောင့်ခဲ့သည်။ ထိုအချိန်တွင် သူ့ Weibo စာရင်းဇယားများအရ သူ့ ပရိုဖိုင်ကို ကြည့်ရှုသူ 7543 ခန့်ရှိခဲ့ပြီး Comment 22 ခု၊ Share 8 ခု၊ Like 8 ခု နှင့် Follower 20 ရရှိခဲ့သည်။ ထိုစာရင်းသည်ပင် ရှန်းချူးချူးအတွက်အလွန်ကျေနပ်အားရစေသည်...

“အတိတ်ကိုပြန်ကြည့်တော့ အဲဒီလူကမထင်မရှားနဲ့ မင်းဘေးမှာရှိနေခဲ့တာ၊ မင်းရဲ့အနာဂတ်ခင်ပွန်းက အလယ်တန်းကျောင်းတုန်းက မင်းရဲ့အတန်းဖော်ပဲ၊ ဒီနှစ်ထဲမှာအိမ်ထောင်ကျပြီး မင်းတို့အိမ်ထောင်ရေးကသာယာချမ်း‌မြေ့လိမ့်မယ်။”

You've reached the end of published parts.

⏰ Last updated: Nov 12 ⏰

Add this story to your Library to get notified about new parts!

ထောင်ပေါင်းပေါ်က အောင်သွယ်တော်လေး Where stories live. Discover now