Zawgyi code
"ဟော...သားနဲ့သမီးရောက်လာပြီဘဲ…လာလာ..ထိုင်ကြဦး"
"ဟုတ်ကဲ့"
ဆေးကအိမ်ထဲရောက်သည်ထိမရယ်မပြုံးသေပေ၊ဒီနေ့ကနှစ်မိသားစုကိုလိုက်တွေ့တဲ့နေ့ဖြစ်လေတော့အိမ်မှာကလူစုံနေကြသည်မို့ ခန့်ဓနပိုင်ကပို၍စိတ်ပူမိနေသည်။
"သမီးလေး...အမေရေနွေးငှဲ့ပေးမယ်နော်..."
ခန့်ဓနပိုင်၏အမေဟာဆေးကိုနွေးနွေးထွေးထွေးဆက်ဆံစကားပြောတော့ဆေးလဲ ရိုသေမှုအရပြုံးရင်း ခေါင်းညိတ်လိုက်သည်။
"ဖယ်ပါ...မမ မလုပ်နဲ့...ငါလုပ်ပေးလိုက်မယ်...အနောက်ကစွပ်ပြုတ်အိုးသာသွားကြည့်"
"ဪ...အေးအေး...ဒါဆို သမီးကို ရေနွေးငှဲ့ပေးလိုက်ဦး"
"စိတ်ချ"
ထိုသူသည်ခန့်ဓနပိုင်၏အဒေါ်ဖြစ်သည်။ဆေးနှင့်ယောက္ခမတော်စပ်သည်မို့ဆေးကသတိထားပြီးကြည့်နေမိသည်။ ဘယ်လိုပြုမူလဲ၊ဘယ်လိုဆက်ဆံသလဲ စသဖြင့် ဆေးကတုန့်ပြန်ဖို့တွေးရသေးသည်။
ရေနွေးငှဲ့သည်မှာ လှမ်းယူရန်ပြင်သည်အထိမရပ်တန့်သေးပေ၊ပြည့်လျှံတော့မတတ်ငှဲ့ပစ်လိုက်ပြီး ခပ်တည်တည်နဲ့ပြန်ထွက်သွားသည်။
"အစ်ကိုမြင်တယ်နော်"
"တောင်းပန်ပါတယ်နတ်ဆေးရယ်"
ပြောပြောဆိုဆိုနှင့်ခန့်ဓနပိုင်ကခုံပေါ်ထိုင်ရာကဆင်းပြီးကြမ်းမှာဒူးထောက်ချလိုက်သည်။ဆေးစိတ်ပြေသွားဖို့သာအလျှင်လိုနေမိတော့ ယောကျာ်းမာနဆိုတာလဲလေထဲလွင့်ပါသွားရသည်။
"ထ...လူကြီးတွေရှေ့မှာ ကျွန်မ မိန်းမရိုင်းမဖြစ်ချင်လို့ ရှင်အခုထ"
"ကောင်းပါပြီနတ်ဆေး"
ဆေးကထိုင်ရာမထဘဲမျက်စိကစားနေပြန်သည်။ဒီမိသားစုထဲအခုမှရောက်တာမို့ စိတ်နေသဘောထားလဲအလုံးစုံမသိရသေးပေမဲ့ ဆေးဒီအိမ်ကိုဝင်လာကာစမှာထွေးပွေ့ပြီးကြိုဆိုတဲ့ ယောက္ခမဖြစ်သူကိုတော့စကားချိုဖို့တွေးတောမိလိုက်သည်။
"ကျွန်မသွားကူလိုက်ဦးမယ်"
ခန့်ဓနပိုင်ဟာဆေးကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်မိသည်။အိမ်မှာနေစဉ် မနက်စာတောင်မပြင်ပေးခဲ့ဘဲ မိသားစုဆီရောက်မှမီးဖိုခန်းထဲဝင်ကာကူပေးဖို့စတဲ့သူ(မ)ကထူးဆန်းလွန်းသည်။
YOU ARE READING
ချစ်သူပေးသောဆေး
Romanceချိုသလား ခါးသလား ရေရေရာရာမရှိပေမဲ့ ချစ်သူပေးတဲ့ဆေးတွေကအရာအားလုံးပြေပျောက်သွားနိုင်ပါတယ်။ ချိုသလား ခါးသလား ရေရေရာရာမရှိပေမဲ့ ချစ်သူပေးတဲ့ဆေးတွေကအရာအားလုံးပြေပျောက်သွားနိုင်ပါတယ်။