part1

741 25 1
                                    

ဒေါ်မြတ်သူဇာဦး။ထိုနာမည်ကိုကြားရုံနဲ့မဟာပုလဲစံအိမ်ကြီးကအစေခံတေဟာအလွန်ကြောက်ကြသည်။ထိုမိန်မကအဆင့်အတန်းခွဲခြာသလိုအလွန်လဲမာနကြီးသည်။
ထိုမိန်မကိုလိုက်ပိုးနေသောယောက်ကျားများဟာလဲမရေမတွက်နိုင်အောင်များပြားသည်။ထိုမိန်မဟာရုပ်လှသလောက်သိပ်ကိုမှရက်စက်တက်သည်။

"ရှင်းသန့်မေ!!!"

"ရှင်....mommy"

"နင်ကိုငါဘာပြောထားလဲဟမ်!!!"

"..."

"ပြောလေး!!.."

ရှင်းသန့်မေ။သူကတော့ထိုမိန်မရဲ့သမီးအရင်းမဟုတ်ပါဘူ ထိုမိန်မကရှင်းသန့်ကိုအကြွေးနဲ့သိမ်းလာတာရှင်းသန့်မေတို့မိသာစုဟာအလွန်းဆင်းရဲသည်။ရှင်းသန့်ဟာတက္ကသိုလ်တက်ဖို့ပိုက်ဆံမရှိသဖြင့်ရှင်းသန့်ရဲ့မိဘများကထိုမိန်မကြီးစီမှာပိုက်ဆံချေးခဲ့ရသည်။
သိန်း၃၀ဆိုသောငွေပမာဏဟာရှင်းသန့်တို့မိသားစုအတွက်အလွန်များပြာသောငွေပမာဏပင်။ရှင်းသန့်ရဲ့မိဘများဟာအတိုကိုပုံမှန်ပေးပင်မဲ့
တစ်ရက်အတိုပေးရန်ငွေမလုံလောက်သဖြင့်ထိုရက်ကိုအတိုမပေးနိုင်ခဲ့ပါ။နောက်နေ့မှာချက်ချင်းပင်ထိုမိန်မရောက်လာပြီးအတိုးရောအရင်းရောအခုပေးဟုဆိုကာတောင်းသည်ရှင်းသန့်ရဲ့မိဘများဟာငိုယိုတောင်းပန်ကြသော်လဲမရပေ။မရရတာယူမယ်ဆိုပြီးရှင်းသန့်အားသိမ်းသွားသည်။ထိုမိန်မဟာရှင်းသန့်အပေါ်အလွန်းချုပ်ချယ်သည်။ရှင်းသန့်အသက်က၂၇။ထိုမိန်မကရှင်းသန့်ထက်၉နှစ်ကြီးသည်။ရှင်းသန့်ဟာဘာလုပ်လုပ်ဆူခံထိသည်။အခုလဲဆူခံထိနေပြန်သည်။

"ဟို....ယော..ယောက်ကျားလေးတေနဲ့မပတ်သက်ဖို့ပြောထားပါတယ်"

"အေ..အက်တာနင်ဘာလို့ပတ်သက်လဲဟမ်!!!"

"သူကတက္ကသိုလ်တုန်းကသိခဲ့တာပါခုနကမှပြန်တွေ့တာ"

"ဘယ်လိုပဲဖြစ်ဖြစ်နင်နောက်တစ်ခါသူနဲ့ပတ်သက်ရင်အက်အကောင်ကောနင်ကောသတ်ပြစ်မယ်..ဒါကိုနင်ခေါင်းထဲမြဲမြဲမှတ်ထားကြားလား"

"ဟုတ်"

"မနက်ဖြန်နင်ငါရဲ့Companyမှာအလုပ်ဆင်းရမယ်"

"ဟုတ်"

ထိုမိန်မဟာထိုသို့ပြောပြီးအပေါ်ထက်သို့တက်သွားသည်။အရာရာသူ့သဘောပင်သူလုပ်ချင်တာလုပ်သည်ရှင်းသန့်ကိုသူရဲ့အရုပ်တစ်ရုပ်လိုပင်ထားသည်။
ရှင်းသန့်ဟာပန်းချီဆွဲရတာအလွန်ဝါသနာပါသည်။ထိုမိန်မကရှင်းသန့်ပန်းချီဆွဲတာမကြိုက်ပါရှင်းသန့်ဆွဲသမြပန်းချီးကားတေအကုန်ဖြတ်ဆီးပြစ်သည်ရှင်းသန့်ပန်းချီဆွဲတာမြင်ရင်သူရဲ့ခါပတ်နှင့်ရှင်းသန့်အားအမြဲရိုက်သည်။ရှင်းသန့်ဟာထိုမိန်မအား အလွန်ကိုမှမုန်းတီသည်။

ရှင်းသန့်ဟာသူမကုတင်ပေါ်တင်မျက်လုံမှိတ်ကာအိပ်ပျော်ရန်ကြိုးစားနေသည်။သူမရဲ့အတိတ်တေအားပြန်တွေးရင်မျက်လုံးမှိတ်လျက်မျက်ရည်စတို့ဟာပါးပေါ်သို့မြစ်သဖွယ်စီးကျလာသည်။သူမလွှတ်လပ်ချင်သည်။ဒေါ်မြတ်သူဇာဦး။ထိုမိန်မနဲ့ဝေရာကိုသူမထွက်ပြေးချင်သည်။သို့သော်မဖြစ်နိုင်ပါ။တွေးရင်းတွေးရင်းအိမ်မက်ကမ္ဘာဆီသို့အလည်ရောက်သွားခဲ့သည်။

#အခုမှစရေးတာမို့အရေးအသားညံ့သွားရင်ခွင့်လွှတ်ပေးကြပါ❤#

လှပသောပန်းချီကားလေးတစ်ချပ်Where stories live. Discover now