မြတ်ခြေထောက်တေပင်မခိုင်တော့
ဆရာဝန်၏စကားကိုသူမမယုံကြည်နိုင်သေးပေ။သူမအော်ဟစ်ငိုကြွေးချင်မိတယ်။
သို့သော်မျက်ရည်များကကျမလာခဲ့ပါ။"မြတ်ရှင်းသန့်လေးအခြေအနေဘယ်လိုလဲ"
"သူသေသွားပြီတဲ့"
"ဘယ်လို"
မြတ်လွင်မာ့ကိုစကားပြန်ပြောတဲ့ပုံကိုကြည့်ခြင်းအားဖြင့်အသဲမာတဲ့မိန်မလို့ထင်ကြမှာပါ။အပြင်ပန်တည်ငြိမ်နေပင်မဲ့ ရင်ထဲမှာတော့ကမ္ဘာပျက်နေသလိုပင်။
"လေပြေ နင်လား"
(မြတ်သူဇာဦး)"အင် နင်အဆင်ပြေရဲ့လာ"
(လေပြေ)"ပြေပါတယ်"
(မြတ်သူဇာဦး)"ဒီမှာဗျ အလောင်းပြန်ယူသွားဖို့ဒီမှာလက်မှတ်ထိုပေးပါ"
မြတ်ကအေးအေးဆေးဆေးပင်လက်မှတ်ထိုးပေးပြီးရှင်းသန့်ရဲ့အလောင်းကိုယူကာလွင်မာတို့ကိုပင်မစောင့်သူဟာသူပြန်သွားသည်။လေပြေနဲ့လွင်မာကတော့မြတ်ရဲ့တည်ငြိမ်မူကိုအံ့သြနေသည်။
နှစ်ယောက်သာမြတ်နောက်ကိုအမြန်လိုက်သွားကြသည်။~~~~~~~~~
မြတ်အိမ်ပြန်ရောက်တော့ရှင်းသန့်ရဲ့အလောင်းကိုပွေ့ကာရှင်းသန့်ရဲ့အခန်းသို့သွားလိုက်သည်။
ရှင်းသန့်အခန်းထဲရောက်တော့ရှင်းသန့်ရဲ့အလောက်းကိုကုတင်ပေါ်သေချာတင်ပြီးခန္ဓာကိုယ်တစ်ဝက်ကိုစောင်ချုံပေးလိုက်သည်။"အသက်မရှိတော့တာတောင်လှနေတုန်းပါပဲလာကလေးမရယ်
မင်းအပေါ်ကျူးလွန်ခဲ့တဲ့
အပြစ်တေအတွက်
တို့ တောင်းပန်ပါတယ်ကွယ်..
တို့မင်းကိုချစ်လွန်းလို့လုပ်ခဲ့တာတေကြီးပါပဲ နောက်ဆုံးအချိန်ထိ
တို့ကို မင်းမုန်းနေခဲ့မှာပဲနော်"မြတ်ရဲ့ပါးပြင်၌မျက်ရည်များဟာရေတံခွန်နှင့်အလာတူစီးကျလာသည်။
"အက်လောက်လဲ
ဝမ်းနည်းမနေပါနဲမြတ်ရယ်"
(လွင်မာ)"ဟုတ်ပါတယ်မြတ်ရယ် သွားတဲ့သူလဲသွားပြီပဲ"
(လေပြေ)ဘယ်ချိန်ထဲကရောက်နေလဲမသိ
လွင်မာနဲ့လေပြေဟာမြတ်ဘေးနားရောက်လာကာမြတ်ကိုနှစ်သိမ့်ပေးနေသည်။
YOU ARE READING
လှပသောပန်းချီကားလေးတစ်ချပ်
Non-Fictionတို့ကမင်းတိုရဲ့ဇာတ်လမ်းမှာဗီလိန်တစ်ယောက်ဖြစ်နေပြီလာ အချစ်ရယ်-ဒေါ်လေပြေ အချစ်ဆိုတဲ့အရာကသိပ်ကိုပူလောင်တာပဲနော်အန်တီ -ရှင်းသန့်မေ အမြဲမာနတေနဲ့နေလားခဲ့တဲ့ဒီမိန်မဟာ ကလေးမနဲ့တွေ့မှပြောင်းလဲလာတာပါတို့ကတော့မင်းမှမင်းပဲကွယ်-ဒေါ်မြတ်သူဇာဦး