"ပူတယ် ပူတယ် ပူတယ်ဟေ..အိပ်ရင်လဲပူတယ် စားရင်လဲပူ.."
"အချစ်!!!"
"ပြောပါအန်တီ"
"မနက်ထဲကဒါပဲဆိုနေတာမပြီးနိုင်သေးဘူလာကွယ်"
"ပူလို့ပါအန်တီကလဲ ချစ်ကိုပန်းချီလဲမသင်ပေးဘူနော်"
"အန်တီဒီပုံလေးဆွဲပြီးရင်သင်ပေးပါ့မယ်ကွယ်"
"ပြီးတာပဲ မသင်ပေးကြည့် အိမ်ပေါ်ကဆင်းပလိုက်မယ်😒 "
"အမလေးကြောက်စရာရီ အိမ်ပေါ်ကတော့မဆင်းလိုက်ပါနဲ့သင်ပေးပါ့မယ်ကွယ်"
"အင် မုန့်ဖိုးပေး လမ်းထိပ်မှာမုန့်သွားဝယ်စားချင်တယ်"
"အွန် ရော့"
"သွားပြီနော်"
"အွန် ဂရုစိုက်သွားနော်"
"ဟုတ်"
ထိုကလေးမထွက်သွားတော့လေပြေလဲဆွဲလက်စပုံကိုဆက်ဆွဲနေလိုက်တယ်။
(ဘာပုံလဲဆိုတော့ ပန်းခင်းထဲပြေး
နေတဲ့အချစ် ခေါ် ရှင်းသန့်မေးရဲ့ပုံလေးပါရှင့်)___________
"မြတ် ဒီနေ့စိတ်ပြေလက်ပြောက်အပြင်ထွက်ရအောင်"
"ဟမ် အင် သွားမယ်လေ"
~~~~~~~
"ဘယ်သွားချင်လဲမြတ်"
"မြို့ထဲရှိသမြနေရာတေအကုန်သွားမယ်"
"ဟမ်! တစ်ကယ်ရီလား"
"အွန်"
"အင် အင်"
မြတ်နဲ့လွင်မာကတစ်မြို့လုံးကားပတ်မောင်းရင်း လမ်းဘေးကဆိုင်တစ်ဆိုင်မှာမုန့်ဝယ်နေတဲ့ပုံရိပ်လေးကိုတွေ့သွားတယ်။မြတ်ရဲ့ မျက်လုံးများအရောင်တစ်လတ်လတ်တောက်ပလာပြီး။
လွင်မာကိုလမ်းဘေးဆိုင်နဲ့မလှမ်းမကမ်းကနေရာလေးမှာကားရပ်ခိုင်းလိုက်တယ်။ပြီးတော့မြတ်ဟာမုန့်ဆိုင်ကပုံရိပ်လေးကိုသေသေချာချာကြည့်လိုက်တယ်။
ထို့ပုံရိပ်ဟာမုန့်ဝယ်ပြီးမြတ်တို့ဘက်ကိုလှည့်လာတော့။"ကလေးမ!!!"
မြတ်ဟာကားပေါ်က
ကမန်းကတမ်းဆင်းကာသူမဆီသို့ပြေးသွားကာ အားနဲ့ဆွဲဖက်လိုက်သည်။
YOU ARE READING
လှပသောပန်းချီကားလေးတစ်ချပ်
Non-Fictionတို့ကမင်းတိုရဲ့ဇာတ်လမ်းမှာဗီလိန်တစ်ယောက်ဖြစ်နေပြီလာ အချစ်ရယ်-ဒေါ်လေပြေ အချစ်ဆိုတဲ့အရာကသိပ်ကိုပူလောင်တာပဲနော်အန်တီ -ရှင်းသန့်မေ အမြဲမာနတေနဲ့နေလားခဲ့တဲ့ဒီမိန်မဟာ ကလေးမနဲ့တွေ့မှပြောင်းလဲလာတာပါတို့ကတော့မင်းမှမင်းပဲကွယ်-ဒေါ်မြတ်သူဇာဦး