Junkyu ရဲ့မနက်ခင်းတစ်ခုကတော့အမြဲယောက်ယက်ခက်ကာကုန်ဆုံးလေ့ရှိတယ် ။ အကြောင်းပြချက်ကတော့ အအိပ်မက်တဲ့သူကညကိုဘယ်အချိန်ပဲအိပ်အိပ်မနက်ဆိုအမြဲနောက်ကျမှနိုးတယ် ။ အဲ့တာကပြသနာပဲ ။ သူက PJ Company ရဲ့ ရိုးရိုးဝန်းထမ်းတစ်ယောက်ပဲ ။ အမြဲသူက company ကိုသွားတာနောက်ကျတယ် ။ အခုလည်းအဲ့အတိုင်းပဲ ။ မနက်စာအတွက် strawberry milk ဗူးနဲ့ပေါင်မုန့်တစ်ခုကိုပဲလက်ကကိုင်ကာ bus ကားမမှီမှာစိုး၍ပြေးရတော့သည် ။ သူ company ထဲရောက်တဲ့ထိလည်း junkyu ရဲ့အပြေးကအရပ်ရပါဘူး ။ အထပ်ပေါင်းများစွာရှိတဲ့ company ဖြစ်တဲ့တွက်ကြောင့် ဓာတ်လှေကားဆီထပ်ပြေးရတယ် ။ အဲ့မှာကောင်လေးတစ်ယောက်ကဝင်ဖို့လုပ်နေတဲ့ချိန် သူကလည်း ပြေးလာတာဆိုတော့အဲ့ကောင်လေးကိုတိုက်မိသွားတယ် ။ တိုက်မိတဲ့အရှိန်ကပြင်းတာကြောင့်ကောင်လေးကနာရင်လည်းနာသွားနိုင်တယ် ။
Junkyu { တောင်းပန်ပါတယ်နော် တကယ်အလုပ်နောက်ကျနေလို့ပါ }
Junkyu အဲ့ကောင်လေးကသူ့ကြောင့်လဲသွားတာမလို့ထူချင်ပေမဲ့လည်း သူကအရမ်းနောက်ကျနေပြီးမလို့ တောင်းပန်စကားပဲပြောပြီး ဓာတ်လှေကားထဲဝင်လိုက်တော့တယ် ။
နောက်ဆုံးတော့ သူ့စားပွဲကိုရောက်သွားပါပြီ ။ အဲ့တာနဲ့အညီလည်းနောက်ကျလို့ မန်နေဂျာ ဆီကနေသေအောင်အဆူခံရလိုက်ပြီး လစာအဖြတ်ခံလိုက်ရတယ် ။
Mashiho { junkyu နင်နောက်ကျပြန်ပြီနော် }
Junkyu { ထုံးစမ်းအတိုင်းပဲလေ mashi ရယ် ငါ့ရဲ့အအိပ်မက်မှုကြောင့်ပဲပေါ့ }
Mashiho { အင်းး ငါလည်း မင်းကိုမနက်ပိုင်းလာနှိုးချင်ပေမဲ့ ငါ့အိမ်နဲ့ကျတော့ မင်းအိမ်ကဝေးတယ်လေ အဲ့တော့ မထူးဘူး နှစ်ယောက်လုံးနောက်ကျလိမ့်မယ် }
Junkyu { ငါသိပါတယ် ဘာဖြစ်ဖြစ်ငါလစာအဖြတ်ခံရလည်း ကိစ္စမရှိဘူး နင်ရှိတာပဲ ဟီးးး }
Mashiho { အမလေး Kim Junkyu တို့ကတော့ လုပ်ပြီ }
Junkyu ကော mashiho ကောကမိဘတွေမရှိကြတော့ဘူး ။ သူတို့နှစ်ယောက်ကအချစ်ဆုံးသူငယ်ချင်းတွေလည်းဖြစ်တယ် အဲ့တော့မိဘတွေမရှိတော့တဲ့နောက်ပိုင်း သူတို့က တစ်ယောက်တည်းသမားတွေဖြစ်ပြီး အချင်းချင်းပဲမိသားစုအရင်းလိုသဘောထားကာပေါင်းကြတယ် ။ ခုနက Junkyu ပြောသလိုပဲ junkyu မှာပိုက်ဆံမရှိလည်း mashiho ရှိရင် junkyu မငတ်ဘူး ။ junkyu မှာရှိရင်လည်း mashiho မငတ်ဘူး ။ တစ်ယောက်ပိုက်ဆံရှိရင်နောက်တစ်ယောက်မှာရှိတာနဲ့အတူတူပဲ ။ အိမ်အတူတူမနေရခြင်းကတော့ mashiho မှာက ရည်းစားကောင်လေးရှိတယ် ။ mashiho ကသူ့ကောင်လေးနဲ့ပဲတူတူနေတယ် ။ junkyu ကိုတူတူနေဖို့ခေါ်ပေမဲ့ junkyu ကရည်းစားနှစ်ယောက်ကြားမရှုပ်ချင်တာမလို့ junkyu ကလက်မခံခဲ့ဘူး ။
Mashiho { ဒါနဲ့ junkyu ငါတို့ CEO ကအနားယူတော့မှာတဲ့ အဲ့ဒါ မင်းသိပြီပြီလား }
Junkyu { ဟမ် ဟုတ်လား ငါမသိသေးဘူး }
Mashiho { ဘယ်သိမလဲ မင်းက company ကိုရောက်ပြီဆိုတာနဲ့ အလုပ်ပဲအာရုံစိုက်ပြီးလုပ်တယ် စားချိန်ရောက်ရင်စားတယ် အားတဲ့ချိန်ဆို မင်းဘာလုပ်လဲ အိပ်တယ်လေ
Junkyu { အောင်မယ် မင်းကမှ အားတဲ့ချိန်ဆိုစပ်စုနေတာလေ ငါကမင်းလိုအားအားယားယားလိုက်ပြီးမစပ်စုနိုင်ပါဘူး ကဲပါ အဲ့တာထား CEO Park Ji-hyuk ကနားမယ်ဆိုတော့ ငါတို့ CEO အသစ်ကဘယ်သူလဲ }
Mashiho { ငါကြားတာတော့ CEO ရဲ့သား park Jihoon ကအစားနေရာဝင်မှာတဲ့ ခုတောင်သူဒီကိုရောက်နေလောက်ပြီထင်တယ် နင်နဲ့လမ်းမှာမတွေ့ခဲ့ဘူးလား }
.............................................……………….......Lia fic ကို 1000 ကျော်တောင်ရေးခဲ့ပေမဲ့ မှားနှိပ်မိပြီးအကုန်ပျက်ကုန်တယ် ။ သေချာလည်းမမှိတ်မိတော့ဘူး 😭 အပိုင်းကတိုသွားပြီ ။
Vote ⭐
Love you all readers 💙
Thanks For Reading 💎
YOU ARE READING
Love is Bitter
Fanfictionမင်းကိုချစ်မိပြီဆိုတည်းကမင်းကိုကိုယ့်အပိုင်လို့သတ်မှတ်ပြီးသာ kyu [ Park Jihoon ] Junkyu hyung ကျွန်တော့်အချစ်ကပိုင်ဆိုင်လိုခြင်းပဲကျွန်တော်ချစ်တဲ့ hyung ကိုကျွန်တော်ပဲပိုင်ဆိုင်ရမှာ [...