Chapter 5

17 5 2
                                    

Junkyu အခန်းအပြင်လည်းရောက်ရော ခုနက CEO ကိုတောင်ပြန်အော်ဟစ်ခဲ့တာသူမဟုတ်တော့တဲ့တိုင်း ခေါင်းကလည်း စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်တိုင်းဖြစ်သွားသည် ။ တခြား ဝန်ထမ်းတွေရဲ့အမြင်မှာတော့ CEO အသစ်က junkyu ‌ဘယ်လောက်ဆူငေါက်လိုက်လို့ junkyu က ဒီလောက်တောင်ဖြစ်သွားတာလဲဆိုပြီးတွေးနေပေမဲ့ junkyu စိတ်ထဲမှာတော့ ဆန့်ကျင်ဘက်ပါ ။

ဘာလို့ နည်းနည်းလောက်ဆက်သည်းမခံခဲ့ရတာလဲ !! ။ ကိုယ့် CEO ကို အဲ့လိုပဲ သွားအော်ဟစ်ခဲ့လို့ရလားဟ ။ သွားပါပြီ သူတော့ အလုပ်‌ပြုတ်မှာ ၁၀၀ ရာခိုင်နှုန်း သေချာတယ် ။ ဘယ် CEO က အဲ့လို လက်အောက်ဝန်ထမ်းက ရိုင်းပြခဲ့တာကိုကျေကျေနပ်နပ်နဲ့ အလုပ်မှာဆက်ထားမှာလဲ ။ ဒီအလုပ်လေးတော့ အဆင်ပြေ‌နေတော့ ရာရှည်ခံမယ်ထင်ထားတာ ။ အခုတော့ ကြိုးစားခဲ့သမျှရေစုန်မျောပြီ ဟော့ဒီ့ သူ့ရဲ့ကျေးဇူးရှင် ပါးစပ်ပေါက်ကြောင့် ။

အခုမှနောင်တတွေအကြီးကျယ်ရနေတဲ့ junkyu က သူ့ကိုယ်သူအပြစ်တွေတင်နေရင်းလည်း လျှာရှည်တဲ့သူ့ပါးစပ်သူလည်း လက်နဲ့ ရိုက်လိုက်တာ ။

အဲ့နောက် သူ့အလုပ်စားပွဲသူရောက်တော့ထိုင်လိုက်ရုံရှိသေး သူနဲ့ကပ်ရပ်ရှိတဲ့အလုပ်စားပွဲကလူ တစ်နည်းအားဖြင့် သူ့ကိုပြန်တောင်လှည့်မကြည့်ပဲ တန်းနေအောင်ပြေးသွားတဲ့ သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်း mashi သူ့ဘေးကိုရောက်လာတယ် ။

အဲ့နောက် သူ့အလုပ်စားပွဲသူရောက်တော့ထိုင်လိုက်ရုံရှိသေး သူနဲ့ကပ်ရပ်ရှိတဲ့အလုပ်စားပွဲကလူ တစ်နည်းအားဖြင့် သူ့ကိုပြန်တောင်လှည့်မကြည့်ပဲ တန်းနေအောင်ပြေးသွားတဲ့ သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်း mashi သူ့ဘေးကိုရောက်လာတယ် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

( Junkyu တို့ရဲ့အလုပ်စားပွဲ )

Mashiho { junkyu yaa ဘာလို့ CEO ကမင်းနဲ့ နှစ်ယောက်တည်းအခန်းတည်းမှာ စကားဝင်ပြောတာလဲ မင်းကိုဆူလိုက်တာလား ဒါမှမဟုတ်ဘာပြောလိုက်တာလဲ ဒါမှမဟုတ်စကားပဲပြောတာလား ပြောရအောင် သူကရောက်ရောက်ချင်းပဲရှိသေးတာကို မင်းနဲ့အရင်ကသိလို့လား }

Love is Bitter Where stories live. Discover now