Mashiho { ငါကြားတာတော့ CEO ရဲ့သား park Jihoon ကအစားနေရာဝင်မှာတဲ့ ခုတောင်သူဒီကိုရောက်နေလောက်ပြီထင်တယ် နင်နဲ့လမ်းမှာမတွေ့ခဲ့ဘူးလား }
Junkyu { မတွေ့ခဲ့ပါဘူး ပြီးတော့ တွေ့ရင်တောင် ငါမှ သူ့ကိုမမြင်ဖူးတာ ဘယ်သိမှာလဲဟ }
သူတို့နှစ်ယောက်စကားပြောနေစဉ်ပဲ CEO အသစ်နဲ့မိတ်ဆက်ပေးဖို့ ဝန်ထမ်းတွေကို စုဖို့ပြောနေတာမလို့ နှစ်ယောက်လုံးအဲ့နေရာကိုပြေးသွားလိုက်တယ် ။
Junkyu အဲ့နေရာရောက်တဲ့ချိန် မြင်လိုက်ရတဲ့လူကြောင့် စိတ်ဓာတ်တွေကျကုန်တယ် ။ သေပြီဆရာပဲ ဘာလို့အဲ့လူဖြစ်နေရတာလဲ CEO ရဲ့သား က ။ ခုနကသူ့ကိုတိုက်မိပြီး ပြန်တောင်မထူပဲ ပြေးထွက်လာခဲ့တာ ။ ငါ့ကို သူက ဘယ်လိုလုပ်အမြင်ကြည်တော့မှာလဲ ။ အဲ့တာမှန်းသိရင် သူ့ကိုသေချာခခယယထူပြီးမှ ဒီကိုလာတယ် ။ junkyu ရဲ့မျက်နှာကလည်းစိတ်ထဲကတွေးနေတဲ့အတိုင်းတစ်ညီတည်း ရှုံ့မဲ့နေတယ် ။
- { ဒါကတော့ CEO Park ji-hyuk ရဲ့သားအကြီး Park jihoon ပဲ အခုမင်းတို့ကို အခုအုပ်ချုပ်မဲ့ CEO အသစ်ပေါ့ }
အဲ့တာကိုတော့ အရင် CEO Park ji-hyuk ရဲ့ အတွင်းရေးမှုးက လာရောက်မိတ်ဆက်ပေးနေတာဖြစ်တယ် ။
Jihoon { ကျွန်တော်က ခင်ဗျားတို့ CEO Park ji-hyuk ရဲ့ သား Park jihoon အခုကစပြီး ခင်ဗျားတို့ရဲ့ CEO ကကျွန်တော်ပဲ အဲ့တာကိုပဲ မှတ်ထားပါ အခုအားလုံး ကိုယ့်အလုပ်နေရာကိုယ်ပြန်သွားလို့ရပြီ }
မိတ်ဆက်တော့လည်း မျက်နှာတည်တည်ကြီးနဲ့အပြင် စကားတွေကလည်းပြတ်ပြတ်သားသား ။ junkyu နဲ့တော့ လုံးဝအဆင်မပြေနိုင်မဲ့လူမျိုး ။ သူက CEO ဖြစ်သွားပြီဆိုတာနဲ့ မသိရင် သူ့လုပ်စာကို ငါတို့ကထိုင်စားနေတဲ့ အတိုင်း ရုပ်က ။ ဘယ်လိုမှမျက်လုံးတည်းမှာ အထင်ကြီးစရာ လေးစားစရာအချက်တစ်ချက်တောင်မတွေ့ဘူး ။ Kim Junkyu အားတင်းထား ဒါမင်းရဲ့ CEO ပဲ မင်း အဲ့လို ကြည့်မရဖြစ်နေလို့မရဘူးလေ ။
Junkyu နဲ့ mashiho လည်း ပြန်မလို့လုပ်နေစဉ်
Jihoon { နေဦး မင်းနေခဲ့ }
Junkyu ကြောင်သွားတယ် ။သူ့ ကိုလက်ညိုးထိုးကာ နေခဲ့ခိုင်းတဲ့ သူတို့ရဲ့ ပူပူနွေးနွေး CEO အသစ် ။ အခုမှတကယ်သေတာ ပဲ ကြည့်ရတာ ခုနကအောက်မှာတုန်းက သူ့ကိုဝင်တိုက်ခဲ့တာကို မှတ်မိနေတာလားမသိဘူး ။ ငါတော့အလုပ်ပြုတ်ပြီထင်တယ် ။
Mashi ကလည်း အားကိုးရသလားမပြောနဲ့ ဘယ်အချိန်တည်းကပြေးချင်နေလည်းမသိဘူး ထွက်သွားတာတန်းနေတာပဲ သူ့တောင်ပြန်လှည့်မကြည့်ဘူး ။ အတွင်းရင်းမှုးကလည်း ပြန်သွားပြီ ။ အခု သူတို့က CEO ရုံးခန်းရဲ့အရှေ့မှာရှိနေတာမလို့ တခြားဝန်ထမ်းတွေကလည်း သူတို့နှစ်ယောက်ကိုပဲ ခိုးကြည့်နေကြတယ် ။Jihoon { အခန်းထဲလိုက်ခဲ့ }
ပြောပြီးအရှေ့ကနေ CEO နေရတဲ့ ရုံးခန်းထဲဝင်သွားတဲ့ လူကြောင့် junkyu ပိုစိတ်ညစ်သွားတယ် ။ ဒါကသူတို့အရင် CEO နေခဲ့တဲ့ ရုံးခန်း... ပြောရရင် အခု Park jihoon ရဲ့ ရုံးခန်းပေါ့ ။ အဲ့အခန်းကအသံလည်းအရမ်းလုံသလို အပြင်ကနေလည်းချောင်းကြည့်တောင်မမြင်ရဘူး ။အလုံပိတ်အခန်းနဲ့ပိုတူတယ် ။ ဒါမဲ့အခန်းကအသေကြီးပြီး ac ကြောင့် အေးနေတာကလွဲရင်ပေါ့ ။
ဘာဖြစ်ဖြစ် သူ့မှာရွေးချယ်စရာမှမရှိတာ CEO ကလိုက်ခဲ့ဆိုလိုက်သွားရုံပေါ့ ။ သူ့ကိုအလုပ်မဖြုတ်ပါစေနဲ့လို့ပဲဆုတောင်းရတော့မယ် ။ ဒီအလုပ်လေးက အဆင်ပြေနေတာမလို့ကော နောက်ထပ်အလုပ်တစ်ခုထပ်ရှာဖို့ဆိုတာလည်းမလွယ်တာကြောင့်ကော ကြောင့် ။အခန်းထဲရောက်တော့ park jihoon က သူ့အလုပ်စားပွဲရဲ့ ခုံမှာပဲထိုင်လိုက်တာကြောင့် သူလည်း အဲ့စားပွဲရှေ့မှာပဲသွားရပ်လိုက်တယ် ။
Jihoon { မင်းလည်း ငါဘာကြောင့်ခေါ်လာလည်းသိလောက်မှာပါ ငါကဘာကိုအမုန်းဆုံးလဲသိလား ငါ့အသားကိုထိတာနဲ့ ငါ့ကိုနာအောင်လုပ်တာပဲ }
ထင်တဲ့တိုင်းပဲ ဖြစ်လာတာမလို့ junkyu လည်း ငုံ့နိုင်သမျှခေါင်းကိုငုံ့ထားမိတယ် ။ပြီးတော့ကိုယ်ကိုကိုင်းချလိုက်ကာ တောင်းပန်စကားကိုဆိုလိုက်တယ် ။ သူ့တွက်ခုချိန်မှာ ဒီလူကျေနပ်တဲ့ထိတောင်းပန်ရုံကလွဲရွေးချယ်စရာမရှိဘူးမလား ။
Junkyu { တောင်းပန်ပါတယ် မတော်တဆဖြစ်သွားရတာပါ အလုပ်ကလည်းအရမ်းနောက်ကျနေတော့..... }
Jihoon { ငါမင်းဆီကဆင်ခြေတောင်းနေတာမဟုတ်ဘူး }
Junkyu လဲသာသေလိုက်ချင်တော့တယ် ။ အကြောင်းပြချက်ကိုမရှင်းပြရတော့ သူကဘယ်လိုလုပ်ရမှာလဲ ပြီးတော့ ဘယ်သူပဲကြည့်ကြည့် ဒါကမတော်တဆဖြစ်တယ်ဆိုတာအသိသာကြီး သူကိုယ်တိုင်လည်းဖြစ်ဖြစ်ချင်းကအလုပ်နောက်ကျနေလို့လို့ပြောပြီးတောင်းပန်ခဲ့တာပဲ ။ ဒီလူကိုယ်တိုင်တောင်သိတာသေချာတယ် မတော်တဆဆိုတာ သူ့ကိုတမင်လုပ်တော့ကော ငါကဘာရမှာမလို့လဲ ။
ဒီလူကတော့ သူ့ကိုတမင်သပ်သပ်ပြသနာရှာနေသလိုပဲ ။
………………………………………………………
30 / 8 / 2024 ( Friday)⭐ လေးနှိပ်ပေးခဲ့ကြပါဦး ။
Love you all readers 💝
Thanks For Reading 💎
YOU ARE READING
Love is Bitter
Fanfictionမင်းကိုချစ်မိပြီဆိုတည်းကမင်းကိုကိုယ့်အပိုင်လို့သတ်မှတ်ပြီးသာ kyu [ Park Jihoon ] Junkyu hyung ကျွန်တော့်အချစ်ကပိုင်ဆိုင်လိုခြင်းပဲကျွန်တော်ချစ်တဲ့ hyung ကိုကျွန်တော်ပဲပိုင်ဆိုင်ရမှာ [...