Junkyu လဲသာသေလိုက်ချင်တော့တယ် ။ အကြောင်းပြချက်ကိုမရှင်းပြရတော့ သူကဘယ်လိုလုပ်ရမှာလဲ ပြီးတော့ ဘယ်သူပဲကြည့်ကြည့် ဒါကမတော်တဆဖြစ်တယ်ဆိုတာအသိသာကြီး သူကိုယ်တိုင်လည်းဖြစ်ဖြစ်ချင်းကအလုပ်နောက်ကျနေလို့လို့ပြောပြီးတောင်းပန်ခဲ့တာပဲ ။ ဒီလူကိုယ်တိုင်တောင်သိတာသေချာတယ် မတော်တဆဆိုတာ သူ့ကိုတမင်လုပ်တော့ကော ငါကဘာရမှာမလို့လဲ ။
ဒီလူကတော့ သူ့ကိုတမင်သပ်သပ်ပြသနာရှာနေသလိုပဲ ။Junkyu { အဲ့တော့ CEO ကကျွန်တော့ကိုဘာလုပ်စေချင်လို့လဲ ပြောပြပေးလို့မရဘူးလား }
Junkyu ခါးကိုင်းလျက်ပဲ ခေါင်းငုံ့မြဲငုံ့နေပြီး မေးလိုက်တယ် ။ လေသံကအရမ်းပျော့ပြောင်းနေတာလည်းမဟုတ်သလို မာကျောနေတာလည်းမဟုတ်ဘူး ။ ပုံမှန် အထက်လူကြီးကိုခေါ်ပြောဆိုသော အသံနဲ့ပဲပြောလိုက်တယ် ။
Jihoon { အဲ့တာကအစ ငါကပြောပြနေရမှာလား }
ဒီကောင်ကတော့ သူ့ကိုမမူးပဲရစ်နေတယ် ။ Kim Junkyu ရဲ့ စိတ်ရှည်မှုကိုလာစမ်းနေတယ် ။ ဒီထက်ပိုစိတ်ရှည်သွားရင် မကောင်းတော့ဘူး ။ ပြောရရင် junkyu ကတစ်ခါမှ လူတစ်ယောက်ကို ဒီလောက်စိတ်မရှည်ပေးဖူးဘူး ။ အရင် CEO နဲ့ဆို လည်း သူက တစ်ခါမှ ဒီလိုစကားပြောဖူးတာလည်းမရှိသလို ရုံးခန်းတောင် ၁၀ ခါမှာဆို ၂ ခါလောက်ပဲဝင်ဖူးတာ ။ သူကသာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်တဲ့အတွက် mashi ကလွဲဘယ်သူကမှလည်း အရေးတယူဂရုမစိုက်ကြဘူး ။ ကိုယ့်ဘာသာကိုယ်နေတဲ့သူတွေကြီးပဲ ။ ဒီလို မတော်တဆတိုက်မိတာက အရင်ကလည်းဖြစ်တော့ဖြစ်ဖူးပေမဲ့ မတော်တဆမှန်းသေချာနေတာကို ဘယ်သူက ဒီ ကောင်လိုမျိုး ရစ်နေမှာလဲ ။
Junkyu { ကျွန်တော်တကယ်တောင်းပန်ပါတယ် နောက်တစ်ခါလည်း မဖြစ်စေရတော့ပါဘူး တိုက်မိတာလေးကလည်း... }
Jihoon { လေးကလည်း! လေးကလည်း ဟုတ်လား ! မင်းငါ့ကိုတိုက်မိတာက ငါ့အတွက်အနှောက်ယှက်ဘယ်လောက်ဖြစ်စေလဲမသိဘူးလား }
များသွားပြီ ဒါတော့ ။ junkyu စိတ်ရှည်နိုင်မှုကဒီလောက်ထိပဲလုံလောက်ပြီ ။ ဒီဘာမဟုတ်တဲ့ မတော်တဆလေးတိုက်မိတဲ့ဟာကို သူ့ကိုသူဘုရင်များမှတ်နေလားမသိဘူး သူက ဘုရင်ထက်တောင်ပိုကြီးကျယ်နေသေး ။ လူတစ်ယောက်ကလူတစ်ယောက်ကိုမတော်တဆဝင်တိုက်မိတာ ဒီလောက်ထိတောင်းပန်စရာအကြောင်းမှမရှိတာ ။
Junkyu ဟာကိုင်းထားတဲ့ကိုယ်ကိုလည်း မတ်ကာ ခေါင်းကိုလည်းမော့လိုက်တယ် ။ Park jihoon ကတော့သူလုပ်သမျှကိုပဲ ဘာလဲဟ ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်နေတယ် ။
Junkyu ဟာကိုင်းထားတဲ့ကိုယ်ကိုလည်း မတ်ကာ ခေါင်းကိုလည်းမော့လိုက်တယ် ။ Park jihoon ကတော့သူလုပ်သမျှကိုပဲ ဘာလဲဟ ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်နေတယ် ။
Junkyu { Park jihoon shii က ဘယ်လိုဖြစ်စေချင်နေတာလဲ }
Jihoon { ဟမ်... }
Junkyu { လူလိုပြောနေတာကို လူလိုနားမလည်ဘူးလား မတော်တဆဖြစ်တာလို့!!! }
Junkyu အော်လိုက်တာကြောင့် jihoon ကိုယ်တောင် တုန်ပြီးလန့်သွားတယ် ။ junkyu ပုံစံကလည်း သူ့စကားကိုလက်မခံရင်ဘေးကတွေ့ရာပစ္စည်းနဲ့ကောက်ထုမယ်ဆိုတဲ့ မျက်နှာထားနဲ့ဖြစ်နေတယ် ။
Jihoon { ဟုတ်..ဟုတ် }
Junkyu { ပြီးတော့ park jihoon က ကျွန်တော်ဝင်တိုက်ခဲ့လို့စိတ်တိုနေတာမဖြစ်နိုင်ဘူး ကိုယ့်ဘာသာတခြားစိတ်တိုစရာကို ကျွန်တော့ပေါ်လာပုံချနေတာမလား!! }
Junkyu က ခုနတည်းက ထိန်းထားသမျှတွေကိုခုအော်ထုတ်နေတဲ့တိုင်းပဲ ။ jihoon ကလည်းကြည့်ရတာ ခုမှ junkyu ကဝန်ထမ်း သူက CEO ဆိုပြန်သတိရပုံပေါ်တယ် ။
Jihoon { မင်းက ဘာလို့ ငါ့ကိုလာအော်နေတာလဲ!! ငါက မင်းရဲ့ CEO နော်!! }
Junkyu { CEO က CEO လိုနေလေ !! }
Jihoon { ငါကဘယ်လိုနေရမှာလဲ !! }
Junkyu { လေးစားချင်စရာကောင်းအောင်နေပေါ့ !! ဘာမဟုတ်တဲ့ကိစ္စနဲ့ကိုယ့်ဝန်ထမ်းကိုမဆူနဲ့လေ !! }
Jihoon { ငါ့ဘာသာ ဆူချင်တဲ့ကိစ္စနဲ့ဆူမှာပေါ့!! မင်းက CEO လား ငါက CEO လား!! }
Junkyu { ဘယ်သူက ဖြစ်ဖြစ်ပေါ့ !! }
Jihoon { မင်း! အဟွတ်! အဟွတ်! }
Park Jihoon ကစကားမပြောနိုင်တော့ပဲ ပြောချင်လွန်းပြီး သီးသွားတဲ့ပုံစံပဲ ။ သူ့အတွက်ပိုကောင်းတာပေါ့ ။ သူလည်းတောက်လျှောက်အော်လိုက်ရတာ လည်ချောင်းနာနေပြီ ။ ဘာဖြစ်ဖြစ်သူဒီအခန်းထဲကအမြန်လစ်မှပဲ ။
Junkyu { ပြောစရာမရှိတော့ဘူးဆိုရင် ခွင့်ပြုပါဦး CEO Park Jihoon }
Park Jihoon ဘယ်လိုကျန်ခဲ့မလဲသူမသိတော့ဘူး ။ ပြောပြီးတာနဲ့ကိုယ့်ဟာကို ပြေးထွက်လာတာ ။
ကျန်ခဲ့တဲ့ jihoon မှာလည်းကိုယ့် CEO ကို ပြောချင်ရာပြောပြီးပြေးသွားတဲ့ကောင်လေးကြောင့် အံ့ဩလွန်းလို့ ပြောစရာစကားတောင်မရှိတော့ဘူး။
Jihoon { ဘာလဲဟ ဒီဟာလေးက }
………………………………………………………30 / 8 / 2024 ( Friday )
ဒီနေ့တစ်နေ့တည်းကိုနှစ်ပိုင်းအပ်ပေးလိုက်တယ်နော် ။
Love you all readers 💙
Thanks For Reading 💎
YOU ARE READING
Love is Bitter
Fanfictionမင်းကိုချစ်မိပြီဆိုတည်းကမင်းကိုကိုယ့်အပိုင်လို့သတ်မှတ်ပြီးသာ kyu [ Park Jihoon ] Junkyu hyung ကျွန်တော့်အချစ်ကပိုင်ဆိုင်လိုခြင်းပဲကျွန်တော်ချစ်တဲ့ hyung ကိုကျွန်တော်ပဲပိုင်ဆိုင်ရမှာ [...