အပိုင်း(၄)

185 26 4
                                    

[U]

“ဒီအိမ်ပါ..မြိုအုပ်မင်း..”

အိမ်ရှေ့ကိုရောက်တော့ ထယ်ယောင်းငယ် လှမ်းလက်စခြေလှမ်းလေးကိုရပ်ပြီး မြို့အုပ်မင်းဖက်လှည့်ကာပြောလိုက်တယ်။
အိမ်ထဲက မေမေနဲ့မိရိပ်ရိပ်ကလည်း မျက်လုံးအပြူးသားနဲ့ကြည့်လာလေတယ်။

“ဟို..မေမေ သားမြို့အုပ်မင်းတို့ကို..အိမ်ထမင်းစားဖိတ်လိုက်တာ..”

“ဟမ်..အော်အေးအေး..ကြွပါ မြို့အုပ်မင်းရေ၊ ငါ့တူလည်းဝင်ခဲ့..”

မျက်လုံးအပြူးသားနဲ့ကြောင်ရပ်နေတဲ့ မေမေနဲ့မိရိပ်ရိပ်လည်း ထယ်ယောင်းငယ်အသံကြားမှ သတိပြန်ကပ်ပြီး မြို့အုပ်မင်းတို့ကို ပြာပြာသလဲဧည့်ဝတ်ပြုရှာတယ်။

“ရင်းရင်းနှီးနှီးပဲပြောပါဒေါ်ဒေါ်..ကျွန်တော့်ကိုရှိန်နေစရာမလိုပါဘူး..”

မေမေ့ကိုရိုရိုကျိုးကျိုးပြောလာသည့် မြို့အုပ်မင်းကြောင့် ထယ်ယောင်းငယ်နှာခေါင်းရှုံ့မိတယ်။ ဒီလူကြီးက သူ့တစ်ယောက်တည်းအပေါ်ပဲကွက်ပြီး ‌ရူးကြောင်ကြောင်တွေလုပ်နေတာ။

“ဟုတ်ကဲ့ပါရှင်..ဒါနဲ့ခဏထိုင်နေပါဦးနော်၊ ရိပ်ရိပ်သမီးရေ..မြို့အုပ်မင်းတို့ကို အဖန်ရည်နဲ့ထန်းလျက်လေးအရင်ပြင်ပေးထား..သားငယ်..မင်းက ထမင်းစားပွဲသွားယူ..”

မေမေက ထယ်ယောင်းငယ်တို့မောင်နှမကိုတာဝန်ကိုယ်စီခွဲပေးပြီး သူကတော့ အိမ်နောက်ကမီးဖိုချောင်ထဲ ခပ်သော့သော့လေးဝင်သွားလေတယ်။ ရိပ်ရိပ်ကလည်း မေမေခိုင်းတဲ့အတိုင်းလုပ်နေပါလေရဲ့။ ထယ်ယောင်းငယ်ကတော့ လိုက်ကြည့်နေတဲ့မြို့အုပ်မင်းကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးမှ အိမ်အပေါ်ကထမင်းစားပွဲကိုသွားချတယ်။

“အဖန်ရည်နဲ့အုန်းထန်းလျက်လေးပါ..ဒါလေးအရင်သုံးဆောင်ပါဦးနော်..”

ရိပ်ရိပ်က ရေနွေးခွက်လေးနှစ်ခွက်ရယ်၊ အဖန်ရည်အိုးရယ်၊ အုန်းထန်းလျက်ပန်းကန်လေးရယ်ကိုသွားချပေးတော့ မြို့အုပ်မင်းကအသိအမှတ်ပြုသလိုခေါင်းငြိမ့်ပြတယ်။ အဆာလွန်နေတဲ့ထူးအောင်ကတော့ ထန်းလျက်ခဲတွေကို သုံးလေးလုံးလောက်တစ်ခါတည်း ပါးစပ်ထဲကိုပစ်သွင်းလိုက်တော့တယ်။

သို့..ချစ်သည်းညှာWhere stories live. Discover now