အပိုင်း(၅)

195 23 2
                                    

[U]

“သူတို့အလှတွေ မင်းကြောင့်နဲ့မှေးမှိန်ကုန်ပြီလေ၊ သည်းညှာရယ်..သူတို့ထက်ပိုလှတဲ့သူက သူတို့ကိုယူပန်မှတော့ သူတို့တွေဘယ်လိုလုပ်ဂုဏ်ဝင့်နိုင်တော့မလဲ..”

အို.. မြို့အုပ်မင်းပြောတဲ့ ဟောဒီရိသဲ့သဲ့စကားဟာ ကြားဖူးခဲ့သမျှထဲမှာ အဆိုးဆုံးမှအဆိုးဆုံး။ တလှိူက်လှိူက်နဲ့တုန်လှုပ်လာတဲ့ရင်အစုံက အဲဒီစကားကိုပြန် တုံ့ပြန်နေသလိုပဲ။ ထယ်ယောင်းငယ်မနေတတ်ဘူး၊ ထယ်ယောင်းငယ်ရှက်တယ်။
ခုဏက ဆောင့်ဆောင့်အောင့်အောင့်မေးမိတာ အခုရှက်သွေးဖြာနေတဲ့ ထယ်ယောင်းငယ်မှဟုတ်ပါလေစ။

ပါးအို့လေးတွေမှာ နှင်းဆီရောင်သန်းလာတဲ့ ကောင်ငယ်လေးက သိပ်လှရက်နေတာ။ နားကြားထဲက နှင်းဆီပွင့်လေးနဲ့အပြိုင်ပေါ့။ ပါးချိုင့်လေးလှစ်ဟတဲ့ထိ ပြုံးနေတဲ့လူကြီးရဲ့မျက်ဝန်းထဲမှာလည်းချစ်ရိပ်တွေအပြည့်ပဲ။
ဘေးလူတွေအထိပါ ချစ်ရနံ့တွေထုံမြနေစေတာမျိုး။

ထယ်ယောင်းငယ် လည်ဂုတ်ကလေးကိုပွတ်သပ်ရင်း ရှက်ရှက်နဲ့ပဲ ဟိုလူကြီးကိုမော့ကြည့်မိတယ်။ သူကပြုံးပြီးကြည့်နေတုန်း။
တိုက်ပုံအင်္ကျီပင်နီရောင်ကြီးကလည်း သူ့ကိုယ်မှာထည်ထည်ဝါဝါ၊ ဆီနဲ့သပ်တင်ထားတဲ့ဆံသားတွေကလည်း သူ့မျက်နှာခပ်ချောချောနဲ့လိုက်ဖက်စွာ ခန့်ခန့်ညားညားပဲ။ ပါးချိုင့်ခပ်ရေးရေးပါဝင်နေတဲ့အပြုံးလေးပါစွက်လိုက်ရင်၊ အို..ဒီလူကြီးဟာ အကြည့်ခံတာထက်ပိုတယ်။
ထယ်ယောင်းငယ် အဲဒီလူကြီးရဲ့ပါးချိုင့်ခပ်ရေးရေးနဲ့အပြုံးကိုမြင်ပြီး အကြည့်ခံတယ်လို့ပြောမိတာ ဒါနဲ့ဆိုနှစ်ကြိမ်တိတိ။
ရှက်ရွံ့စွာခေါင်းပြန်ငုံ့လိုက်မိသည့်တစ်ခဏ၊ ထယ်ယောင်းငယ်ပြုံးလိုက်မိသလိုပင်။

“အဟွန်း..ကိုယ်ဟာသိပ်ကြည့်ကောင်းသလားပဲနော်..”

ကိုယ့်ဖက်ကိုယ်ယက်နေသည့်စကားကြောင့် ထယ်ယောင်းငယ်ရဲ့ကြည်နေတဲ့စိတ်ကလေး ဘယ်ဆီဘယ်ဝယ်လွင့်စင်သွားတော့သည်မသိ။ ခုဏက အကြည့်ခံတယ်လို့ပြောမိတာကို ရုပ်သိမ်းတယ်။

“ဒီမှာမြို့အုပ်မင်းဂျွန်..”

ထယ်ယောင်းငယ်ရဲ့ခေါ်လက်စ မြို့အုပ်မင်းရဲ့နာမည်လေး လေထဲမှာပဲရပ်တန့်သွားရပြီ။
အဲဒီလူကြီးရဲ့ နာမည်ကဘာလဲ၊ ဂျွန်ဂျောင်ကွတ်ဆိုလား၊ ဂျွန်ကွတ်ကွတ်ဆိုလား။ ဘယ်ဟာကအမှန်လဲ။
မျက်ဆံလေးကိုတောင်ရွှေ့လိုက် မြောက်ရွှေ့လိုက်လုပ်ရင်း မသိမသာစဉ်းစားနေသည့်ဟန်ကချစ်စဖွယ်။ ထိုကောင်လေး ကိုယ့်ကိုကိုယ်မှသိပါလေစ၊ အားကြီးဆွဲမွချင်စရာကောင်းနေတာကိုလေ။
မြို့အုပ်မင်းကလည်း ကိုယ့်အောက်နှုတ်ခမ်းကိုကိုက်ရင်း အသိစိတ်တွေကိုချိုးနှိမ်နေရတယ်။ ဆွဲနမ်းမိတော့မယ်ကွ..သိရဲ့လား။

သို့..ချစ်သည်းညှာWhere stories live. Discover now