အပိုင်း(၆)

155 23 2
                                    

[U]

“ယောင်းငယ်လေး..သားရေ..”

“ဗျာမေမေပြောလေ..”

သူငယ်အိပ်ချိန်လောက်မှာ ထယ်ယောင်းငယ်အဝတ်တွေခေါက်ကာ ပုဆိုးထုပ်ထဲထည့်နေတုန်း မေမေကဆီမီးခွက်ကလေးကိုကိုင်ကာ ထယ်ယောင်းငယ်ကိုလှမ်းခေါ်လေသည်။
ခေါ်သာခေါ်လိုက်တယ်၊ မေမေ့ကိုကြည့်ရတာ ထိုင်‌ပြီးအဝတ်ခေါက်နေတဲ့ထယ်ယောင်းငယ်ကိုလည်း မြင်ပုံမပေါ်ပါ။

(A/n: သူငယ်အိပ်ချိန်ဆိုတာ 7နာရီခွဲလောက်ပါရှင် အဲဒါလေးကိုကျေးလက်အသုံးလေးနဲ့ခေါ်တာပါ)

“မေမေ..သားဒီမှာနော်”

ထယ်ယောင်းငယ် လက်ကလေးကိုဝေ့ယမ်းပြလိုက်မှ မေမေကမြင်သည့်ဟန်၊ ဘေးနားကိုရောက်ချလာတယ်။

“အော်..သားကအဝတ်တောင်ထုပ်နေပြီကိုး.. မေမေကလည်းအဲဒါလာပြောတာ၊ သားငယ်လေးတွေဖို့ပါထုပ်ပေးလိုက်ဦးကွယ်..”

မေမေက ထယ်ယောင်းငယ်ဘေးမှာအိပ်မောကျနေသည့် ဖိုးနောင်လေးနဲ့ညီညီ့ကို လက်ကလေးယမ်းကာ ခြင်မောင်းပေးရင်းပြောသည်။
ထယ်ယောင်းငယ်စိတ်ထဲကြည်နူးမိသွားရတယ်၊ မေမေဟာ ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်ဖြစ်ရုံတင်မကဘူး။ အစ်မကောင်း၊ အဒေါ်ကောင်းတစ်ယောက်လည်းဖြစ်တယ်။ ညီမဖြစ်သူ သေအံ့ဆဲဆဲမှာ မှာသွားသည့်နောက်ဆုံးစကားတွေကို အသေအချာလိုက်နာပြီး တူတွေကိုသားအရင်းသဖွယ်‌ပြုစုစောင့်ရှောက်ပေးရှာသည်။ ဖိုးနောင်နဲ့ညီညီဟာ မေမေ့ရဲ့ညီမဖြစ်သူ ထယ်ယောင်းငယ်တို့အန်တီလေးရဲ့သားတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေကို ဆုံးရှုံးခဲ့ရပေမဲ့ မိခင်မေတ္တာအပြည့်အဝပေးနိုင်သည့်မေမေ့ကြောင့် ဖိုးနောင်နဲ့ညီညီဟာ မေတ္တာတရားတော့မငတ်မွတ်ခဲ့ပါ။

“ဟောဒီမှာ မေမေ့သားငယ်တွေဖို့..သားအစောထဲက ထုပ်လို့ပြီးတယ်၊ အခုကသားအတွက်ထုပ်နေတာ..”

“အေးကွယ်ကောင်းတယ်..အများကြီးလည်းမထည့်နဲ့ သယ်ရတာပန်းတယ်..နေရမှာခဏလေး”

“နှစ်ရက်လည်းနှစ်ရက်ပေါ့မေမေရယ်၊ ထည့်သင့်သလောက်တော့ထည့်ရမှာပေါ့..”

သို့..ချစ်သည်းညှာWhere stories live. Discover now