Part - 1

691 20 6
                                    

Unicode
Part - 1

" မေမေ သားကို မုန့်ဖိုးနှစ်ရာလောက် "

" ဟဲ့ ထမင်းစားခါနီးပြီလေ.. "

" ဟာ မေမေကလည်း၊ မေမေမှ ထမင်းမကျတ်သေးတာ ပြီးတော့ ထမင်းကျတ်ရင်လည်း သားမှ ထမင်းပူပူကြီးမစားတတ်တာ... "

" အေးပါ.. ရော့ ရော့ "

ဒေါ်လဲ့လဲ့ဝင်းလည်း မိမိရဲ့တစ်ဦးတည်းသောသားလေးမို့ အလိုလိုက်မိသည်။ သားလေးအသက်က ဒီနှစ်ဆို ဆယ့်ကိုးနှစ်တောင်ပြည့်တော့မည်၊ သို့သော် သားဖြစ်သူရှင်းသန့်စင်ကြယ်ကတော့ အခုထိ ကလေးဆန်တုန်း၊ အတန်းပညာဆိုတာကလည်း ဆယ်တန်းလေးတစ်ခါကျတာနဲ့ဆက်မတက်တော့၊ ဝင်ငွေရတဲ့အပြင်လုပ်ငန်းလုပ်တော့ကျလည်း ဟိုလုပ်ငန်းလေးလုပ်လိုက်၊ ဒီလုပ်ငန်းလေးပြောင်းလုပ်လိုက်နဲ့ အလုပ်က အတည်တကျမရှိ။ အခု သူ့အဖေကျေးဇူးနဲ့ စက်ရုံတစ်ခုမှာလုပ်နေတယ်လေ။ အတန်းပညာမရှိတော့ အောက်ခြေအလုပ်သမားပေါ့၊ ဒီအလုပ်က သူ့အဖေမျက်နှာနဲ့ဝင်ထားရတဲ့အလုပ်ဆိုတော့ သားဖြစ်သူကလည်း စိတ်အလိုလိုက်ပြီး ချေးမများတော့ဘူး၊ မိဘအပေါ်တော့ သိတတ်ပါတယ်။ တစ်ဦးတည်းသောသားဆိုတော့ နည်းနည်းလေးဆိုးတာလေးကလွဲလို့ပေါ့။

ရှင်းသန့်စင်ကြယ်ဟာ နာမည်နဲ့လိုက်အောင် အသားအရည်ကဖွေးဖြူပြီးကြည်လင်သန့်စင်ကာ မမှေးမကျယ်မျက်လုံးလေးတွေကလည်း တလက်လက်နဲ့ကြယ်ကလေးများလက်နေသယောင်၊ အရပ်ကလည်း ငါးပေငါးလက်မဆိုတော့ လူငယ်တစ်ယောက်အတွက် မပုလွန်း၊ မရှည်လွန်းတဲ့အရပ်အမောင်းနဲ့ခန္ဓာကိုယ်က အဆီအပိုမရှိကျစ်ကျစ်လစ်လစ်လေးနဲ့ပြေပြေပြစ်ပြစ်ပြည့်ပြည့်လေးဖြစ်သည်။

ရှင်းသန့်စင်ကြယ် အမေ့ဆီကမုန့်ဖိုးတောင်းပြီးတာနဲ့ ကိုကြီးမျိုးသည်မင်းရဲ့ဆိုင်ကို တန်းပြေးတော့သည်။

" ကိုကြီးရေ... "

" ဟေ "

" မုန့် "

" အေး.. ယူလေကွာ "

" ဒါနဲ့ ကြယ်လေး မနက်ခင်းအစောကြီး စက်ဘီးနဲ့ဘယ်သွားတာလဲ၊ ညနေလည်း မိုးချုပ်မှပြန်လာတာနော် "

" ဟီး... ကျွန်တော် အလုပ်အသစ်ရပြီလေ "

ရှင်းသန့်စင်ကြယ်ရဲ့မျက်လုံးလေးတွေကိုအစွဲပြုပြီး ကိုမျိုးသည်မင်းက ထိုသို့ခေါ်သည်။

ဝန်ခံတယ် ချစ်နေပြီ / ဝန်ခံတယ် ချစ်နေပြီ [ Completed ]Where stories live. Discover now