Part - 7

246 9 0
                                    

Unicode
Part - 7

" ကြယ်လေး... ကြယ်လေး... ထအုံး "

ရှင်းသန့်စင်ကြယ် ကိုကြီးမရှိတော့ဘူးဆိုတဲ့အမှန်တရားကိုလက်မခံနိုင်တော့ဘဲ သူ့ကမ္ဘာကြီးအမှောင်အတိကျ၍ သူ့ခန္ဓာကိုယ်ကမေ့မျောသွားသည့်အချိန် ကိုကြီးရဲ့အသံကို ကြားလိုက်ရသည်။ ထို့နောက် ရှင်းသန့်စင်ကြယ် ထိုအမှောင်ထုထဲကနေလွတ်မြောက်ဖို့ရာ သူ့မျက်လုံးတွေကိုဖြေးဖြေးလေးချင်းပွင့်ကြည့်လိုက်သည်။ ကိုကြီး မရှိတော့ဘူးဆိုတဲ့အကြောင်းအရာဟာ အိမ်မက်တစ်ခုသာဖြစ်ပါစေလို့ ဆုတောင်းရင်း ရှင်းသန့် သူ့မျက်လုံးတွေကို မဝံ့မရဲနဲ့ဖွင့်ကြည့်လိုက်သည်။ ထို့ပြင် အခု သူကြားနေတဲ့အသံကို အမှန်တကယ် ကိုကြီးရဲ့အသံဖြစ်ပါစေလို့ဆုတောင်းနေမိသည်။

" နိုးပြီလား...၊ ညနေစောင်းတော့မယ် ကြယ်လေး၊ မအိပ်နဲ့တော့... ညနေဘက်တွေအိပ်ရင် လူက နုံးချိပြီး ဖျားချင်သလိုဖြစ်လိမ့်မယ် အင့်!... "

ရှင်းသန့် သူမျက်လုံးတွေဖွင့်လိုက်တာနဲ့ သူ့ကို ကလေးတစ်ယောက်လိုချော့ပြောနေတဲ့ကိုကြီးကို ဦးစွာတွေ့လိုက်သည်။ သူ့ဆုတောင်းက အမှန်ဖြစ်လာတော့ ရှင်းသန့်စင်ကြယ်မှာ ဟန်ပင်မဆောင်နိုင် သူ့ကိုကြည့်နေတဲ့ကိုကြီးကို အိပ်နေရာကနေ ချက်ချင်းဆွဲဖက်ပစ်လိုက်သည်။ ကိုကြီး ဘာမှမဖြစ်မှန်းသိတော့ သူအရမ်းဝမ်းသာသွားပေမဲ့လည်း သူ့အိမ်မက်အကြောင်းကိုပြန်တွေးမိတော့ သူ့ရင်ဘတ်ထဲမှာ တစ်ခါမှမခံစားခဲ့ရဖူးတဲ့စိုးရိမ်ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် အရမ်းနာကျင်ရတဲ့ဝမ်းနည်းမှုတစ်မျိုးကဝင်ရောက်လာတာကြောင့် ရှင်းသန့် ထိန်းမရတော့ဘဲ ကိုကြီးကို ပို၍ခပ်တင်းတင်းဆွဲဖက်ကာ မျက်ရည်များစီးကျလာတော့သည်။

" အင့်... ဟင့်... "

" ကြယ်လေး!... ကြယ်လေး.. ညီ ငိုနေတာလား၊ ဘာဖြစ်လို့လဲ... အကို့ကိုပြော!... တစ်ခုခုဖြစ်လို့လား... ဟင် "

မျိုးသည်မင်းမှာ ရုတ်တရက်ကြီး သူ့ကိုဆွဲဖက်ကာ တအင့်အင့်နဲ့ သူ့ပခုံးပေါ်ခေါင်းမှီပြီး ရှိုက်ငိုနေတဲ့ရှင်းသန့်စင်ကြယ်ကြောင့် ပျာယာခတ်သွားသည်။

ဝန်ခံတယ် ချစ်နေပြီ / ဝန်ခံတယ် ချစ်နေပြီ [ Completed ]Where stories live. Discover now