Part - 9

174 6 0
                                    

Unicode
Part - 9

" အကို.. ဘာတွေငိုင်နေတာလဲ၊ ညီမကို ဘာပြောချင်လို့လဲ "

ဖြူနှင်း ဒီနေ့မနက် ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့တဲ့လမ်းမှာ အကိုမျိုးသည်မင်းနဲ့မတော်တဆဆုံပြီး ဘုန်ကြီးကျောင်းကိုနှစ်ယောက်တူတူသွားခဲ့ကြသည်။ အကိုနဲ့သူ့ကို မိဘတွေချင်းသဘောတူထားတာကို ဖြူနှင်းသိပေမဲ့လည်း ကာယကံရှင်ဖြစ်တဲ့အကိုနဲ့သူကတော့ အခုချိန်ထိ မောင်နှမသံယောစဉ်ထက် ပိုတဲ့ဆက်ဆံရေးမျိုးမရှိသေးပေ။ အဓိကက ယောက်ျားလေးဖြစ်တဲ့အကိုမျိုးသည်မင်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး အင်းမလုပ်အဲမလုပ်တာကြောင့်ဖြစ်သည်။ သူ့အနေနဲ့ပြောရလျှင် အကိုမျိုးသည်မင်းလိုလူကို ငြင်းစရာမရှိ။ အတန်းပညာအရည်အချင်းက သူ့လောက်မရှိပေမဲ့ ဒါက သူ့အတွက်ပြဿနာမဟုတ်။ အခြားခေတ်ပညာတတ်မိန်းကလေးတွေလို ဖြူနှင်းဆိုတဲ့သူက ပညာတတ်၊ဥစ္စာပေါ၊ရုပ်ချောတဲ့လူမျိုးကိုမလိုချင်ပေ။ သူတွေးထားတဲ့ သူ့ဘဝလက်တွဲဖော်ဟာ သူ့ကိုအမှန်တကယ်ချစ်မြတ်နိုးပြီး သစ္စာရှိရှိနဲ့သေတပန်သက်တဆုံးအတူတူရှိနေပေးပြီး တစ်ယောက်အတွက်တစ်ယောက်ရှိနေပေးပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုကိုဉီးစီးဉီးဆောင်နိုင်တဲ့အမျိုးသားကောင်းတစ်ယောက်သာ ဖြစ်ရမည်။ ထိုအရည်အချင်းတွေအားလုံးက အကိုမျိုးသည်မင်းမှာ ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့မိဘတွေစီစဉ်ထားတဲ့ကိစ္စကို အကို့ဘက်ကသာ ခေါင်းငြိမ့်ပြီးလက်ခံလိုက်ပါက သူ့အနေနဲ့လည်း ထပ်တူထပ်မျှခေါင်းငြိမ့်မည်ဖြစ်သည်။

ဒါပေမဲ့ အခုချိန်ထိ သူ့ဘေးမှာ စိတ်နဲ့လူနဲ့မကပ်ဘဲထိုင်နေတဲ့အကို့ကို ဖြူနှင်း နားမလည်ပေ။ သူနဲ့အကို စတွေ့တဲ့အချိန်ကနေ အခုဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့ပြီးပြန်လာတဲ့အထိ အကို့ရဲ့မျက်နှာဟာ မူမမှန်ပေ။ အစကတော့ အကိုစိတ်လှုပ်ရှားနေလို့ဖြစ်မယ်ဆိုပြီး သူတွေးခဲ့ပေမဲ့ အဲ့တာက မဖြစ်နိုင်ဘူးဆိုတာ အကို့ရဲ့မျက်လုံးတွေနဲ့မျက်နှာအမူအယာက ဖော်ပြနေသည်။

" အကို... အကို "

" ဟင်.. ဟင် ဖြူနှင်း အကို့ကို ဘာပြောလိုက်တာလဲ "

ဝန်ခံတယ် ချစ်နေပြီ / ဝန်ခံတယ် ချစ်နေပြီ [ Completed ]Where stories live. Discover now