Part - 2

381 12 3
                                    

Unicode
Part - 2

" သားရေ.. အမေ့ကို ဆားတစ်ထုပ်လောက်သွားဝယ်ပေးအုံး၊ အမေ ဒီမှာ ဟင်းချက်လျက်တန်းလန်းကြီးဖြစ်နေလို့ "

" ဟာ... မေမေကလည်း "

" သွားပါ.. သားရယ် မုန့်နှစ်ရာဖိုးဝယ်စားခဲ့လေ၊ ရော့ ဒီမှာ ပိုက်ဆံ "

ဒီနေ့နဲ့ဆို ရှင်းသန့်စင်ကြယ် ကိုကြီးမျိုးသည်မင်းကိုရှောင်နေခဲ့တာငါးရက်ရှိသွားပြီ။ ကိုကြီးအိမ်ကနေပြန်လာတဲ့အချိန် သူ သေချာပြန်စဉ်းစားသည်။ ဒါပေမဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို တွေးမရ။ ကိုကြီးမျိုးသည်မင်းနေရာမှာ မိန်းကလေးတသ်ယောက်သာဆို သူ ချက်ချင်းတာဝန်ယူမှာပါ။ ဒါပေမဲ့ ကိုကြီးမျိုးသည်မင်းက ယောက်ျားလေးတစ်ယောက်ဖြစ်နေတော့ သူ တာဝန်ယူဖို့လိုအပ်လို့လား။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်လို အတူတူနေပြီးတာနဲ့ နောက်ပိုင်းကိစ္စတွေတော့ ရှုပ်လာမှမဟုတ်။ ဒါ့ကြောင့် သူ တာဝန်ယူစရာမလိုအပ်ဘူးလို့ တွေးတယ်။ ကိုကြီးမျိုးသည်မင်းကလည်း သူ့ဘက်က တာဝန်ယူပါ့မယ်ဆိုတဲ့စကားကိုကြားရင် သူ့ကိုပိုဒေါသထွက်သွားနိုင်တယ်လေ။ ဘာလို့ဆို သူ့စကားက ကိုကြီးမျိုးသည်မင်းရဲ့ယောက်ျားသိက္ခာကိုစော်ကားရာကျနေသလိုဖြစ်နေတာမဟုတ်လား။

" အော်.. ဘာရပ်လုပ်နေသေးတာလဲ မြန်မြန်သွားဝယ်လေကွယ်၊ တော်ကြာနေ မင်းပဲ ဗိုက်ဆာတယ်ဆိုပြီး ငြီးအုံးမှာ "

" ဟုတ်ပါ... "

" ဟဲ့... သားရဲ့ကိုကြီးဆိုင်က မဖွင့်ဘူးနော်၊ အခြားဆိုင်သွားဝယ်ရမှာ၊ အဲ့ကလေး ဆိုင်ပိတ်ထားတာ လေး၊ငါးရက်လောက်ရှိနေပြီ "

ရှင်းသန့်စင်ကြယ် ကိုကြီးနဲ့မျက်နှာချင်းမဆိုင်ရဲတာမို့ အခြားဆိုင်မှာသွားဝယ်ဖို့စဉ်စားထားပြီးသား။ အရင်နေ့တွေကလည်း အလုပ်သွား၊အလုပ်ပြန် ကိုကြီးနဲ့တွေ့မှာစိုးလို့ အခြားလမ်းကနေသာအသွားအပြန်လုပ်သည်။အခုတော့ မေမေ့စကားကြောင့် ကိုယ့်ကိုယ်ကို အသိတရားဝင်လာသလိုခံစားလိုက်ရသည်။ ကိုယ့်ကြောင့် တစ်ဖက်ကနစ်နာသူဟာ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ပထမဆုံးကိုယ်လုပ်မိတဲ့အမှားကိုစိတ်ရင်းနဲ့တောင်းပန်သင့်တယ်မဟုတ်လား။ ပြီးတော့မှ ကျန်တဲ့ကိစ္စတွေကိုဆက်ရှင်းသင့်တာပေါ့။

ဝန်ခံတယ် ချစ်နေပြီ / ဝန်ခံတယ် ချစ်နေပြီ [ Completed ]Where stories live. Discover now