မှောင်မိုက်နေတဲ့ ကိုယ့်ဘဝထဲကို အလင်းပြဖို့ အဖြူရောင်ကောင်လေးဟာ ဝင်ရောက်လာခဲ့တယ်။
+++++
"အကိုက်ခဲပျောက်ဆေး စားပွဲပေါ် တင်ထားတယ် ယူသောက်လိုက်အုံး"
"အွန်း ကျွန်တော်ယူသောက်လိုက်ပါ့မယ်"
"Sorry ကိုယ်မနေ့ညက ဆေးမိလာတယ်ထင်တယ် အဲ့တာကြောင့်"
"တောင်းပန်စရာမှ မလိုတာ၊ ကျွန်တော်နဲ့ Vernon ရဲ့ ဆက်ဆံရေးက"
အင်းသူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တောင်းပန်ဖို့ လိုတဲ့ ဆက်ဆံရေးတော့ မဟုတ်တာ ထိုကောင်လေး မပြောလည်း သူသိတာပေါ့။ ဒါပေမဲ့ သူတို့ ပုံမှန်လည်း အတူနေဖြစ်တယ် ဆိုပေမဲ့ မနေ့ညက အခြေအနေက တော်တော်ဆိုးဆိုးပင် ပြောရသည်။
Club မှာ စိတ်ပြေလက်ပျောက် အရက်သောက်နေရင်း တစ်ယောက်ယောက်က ကမြင်းပြီး ဆေးခတ်သွားတာကြောင့်ပင်။
ပုံမှန်ထက် ကျော်လွန်နေတဲ့ အတိုင်းအတာ တစ်ခုကြောင့် ထိုကောင်လေး တစ်ကိုယ်လုံးလည်း နာကျင်နေမှာ အသေအချာပင်။
ဒါကြောင့် သူတောင်းပန်တာလည်း ပါပါသည်။
"အလုပ်ရော သွားနိုင်ရဲ့လား ကိုယ်လိုက်ပို့ရမလား"
"ရပါတယ် အဲ့လောက်ထိ မဟုတ်ပါဘူး၊ ကျွန်တော် အလုပ်တော့ လုပ်နိုင်ပါသေးတယ်။''
"အင်း ကိုယ်က စိတ်ပူလို့ပါ"
ထို့နောက် အိပ်ရာထဲမှ ထကာ ရေချိုးခန်းဆီသွားတဲ့ ကျောပြင်လေးကို Vernon ငေးနေမိသည်မှာ အချိန်အတန်အကြာထိပင်။
+++++
သူနဲ့ ထိုကောင်လေးကို တွေ့ဆုံစေခဲ့မှုမှာ
Seoul မြို့ရဲ့ နောက်ဖေးလမ်းကြားထဲမှာ အနိုင်ကျင့်ခံနေရတဲ့ အဖြူရောင်ကောင်လေးကို ကယ်ပေးခဲ့တာမှ စတင်ခဲ့သည်။သူ့ကို ကယ်တင်ပေးလို့ ကျေးဇူးအထပ်ထပ်တင်နေတဲ့ ကောင်လေးရဲ့ မျက်နှာဟာ ဖြူဖြူစင်စင်လေး၊ ဒီလို ဖြူဖြူစင်စင်လေးရဲ့ မျက်နှာဟာ ဒဏ်ရာတွေ ဗလပွပင်။
အင်း သူစောနက ကောင်တွေကို ဒီထပ် ခပ်နာနာလေး ရိုက်ပြစ်လိုက်ရမှာ။
YOU ARE READING
Black
Fanfictionမှောင်မိုက်နေတဲ့ ကိုယ့်ဘဝထဲကို အလင်းပြဖို့ အဖြူရောင်ကောင်လေးဟာ ဝင်ရောက်လာခဲ့တယ်။