"ကိုယ် ရုံးချုပ်ကို သုံးရက်လောက်သွားရမှာ၊ တကယ်လို့ ချန်းနီး အဆင်မပြေရင် ကိုယ်မသွားလည်းရတယ်"
"ဘာတွေ ပြောနေတာလဲ၊ မသွားလို့ဖြစ်မလား၊ သွားရမှာပေါ့"
"တကယ်အဆင်ပြေရဲ့လား၊"
"ပြေပါတယ်ဆို"
အခုဆိုရင် ဗာနွန့်ရဲ့ အမေကလည်း သူ့ကို အရင်ကလောက် မုန်းမနေတော့ဘူး။
သူ့ဘက်က တက်နိုင်သလောက် မာနတွေလျှော့လာတဲ့အခါ အီချန်းရဲ့ စေတနာတွေကို မြင်လာတာလည်း ပါလောက်မည်။
အရင်တစ်ခေါက် ပါစတာတွေ လုပ်တုန်းကပဲ ကြည့်!
"အိမ်က ကလေးက ပါစတာ ကြိုက်တာမို့ သူဖို့လုပ်ရင်း မင်းဖို့ပါ ပိုလုပ်ထားတယ်၊ စားလိုက်အုံး"
"ဟုတ် အန်တီ၊ ကျေး ဇူးတင်ပါတယ်"
မီးဖိုခန်းကနေ ထွက်သွားဖို့ လုပ်နေရင်း အန်တီက နောက်ပြန်လှည့်ကြည့်လာပြီး
"ပိုလုပ်ထားတယ်ဆိုတာက သူစားပြီးမှ မင်းစားဖို့ပြောတာမဟုတ်ဘူး၊ သူမလာခင်စားထားလိုက်၊ နားလည်လား''
သူ့အတွက် စားစေချင်ပေမဲ့ မျက်နှာသာပေးလွန်းရာ ကျမှာဆိုးတော့ အန်တီက သူ့ကို ခပ်တန်းတန်းပဲ ဆက်ဆံသေးပေမဲ့ သူ့အပေါ် အန်တီက တိမ်းညွှတ်လာပါပြီ။
အခုချိန်ထိ လုပ်ပေးခဲ့သမျှတိုင်းမှာ သူ့ဘက်က ဟန်ဆောင်ခဲ့တာ တစ်ခုမှ မပါခဲ့တာကြောင့် ဖြစ်ပါလိမ့်မည်။
"ကိုယ့်ကို လွမ်းနေပေးနော်"
"အင်းပါ"
"ဖုန်းဆက်မယ်၊ ဆက်ရင်ကိုင်ဖို့ နောက်မကျနဲ့"
"ကဲပါ ဗာနွန်ကလည်း ကလေးကျနေရောပဲ၊ လေယဉ်မမှီပဲ နေလိမ့်မယ် သွားတော့နော်"
"အင်း ကိုယ်သွားမှာပါ၊ ကိုယ့်ကို နှုတ်ဆက်အနမ်းမပေးတော့ဘူးလား"
တကယ် လိုချင်တာမရမချင်း မသွားပဲ ရစ်နေတဲ့ သူကို အီချန်း ခေါင်းလေးမော့လို့ နှုတ်ခမ်းကို ထိကပ်ရုံ နမ်းလိုက်သည်။
လိုတာရတော့ ကျေနပ်သွားပြီး အီးချန်းကို သိမ်းကျုံးဖက်ကာ လိုရာခရီးကို သွားဖို့ ကားပေါ်တက်သွားတော့သည်။
YOU ARE READING
Black
Fanfictionမှောင်မိုက်နေတဲ့ ကိုယ့်ဘဝထဲကို အလင်းပြဖို့ အဖြူရောင်ကောင်လေးဟာ ဝင်ရောက်လာခဲ့တယ်။