ဗာနွန် အနေနဲ့ အီချန်းဆီကို ပြန်လာဖို့ ပေးဆပ်ခဲ့ရတာတွေ ဘယ်လောက်တောင် များခဲ့လဲ။
သူမလုပ်ချင်လို့ရှောင်ပြေးနေတဲ့ company မှာလည်း အလုပ်ဝင်လုပ်ခဲ့တယ်။
အလုပ်ဝင်လုပ်ရုံရှိသေး သူ့အဖေက အနားယူတော့မယ်လို့ပြောလာတာကြောင့် အစကနေအဆုံး သူက company တစ်ခုလုံး တာဝန်ယူဖို့ရာဖြစ်လာခဲ့တယ်။ပြန်လာဖို့ ဂတိမပေးနိုင်ဘူးလို့ ပြောခဲ့တာက သွေးပူနေတုန်းက စကားပါပဲ။
သူသုံးနှစ်တာအတွင်း အီချန်းဆိုတဲ့ အသိတစ်ခုထဲနဲ့ ကြိုးစားလာခဲ့တာ။နောက်ဆုံး ကိုရီးယားရုံးခွဲကို ပြောင်းဖို့ စီစဉ်ပြီးတဲ့ အချိန်မှာ အမေ့ဘက်က သူ့ကို အသိပေးလာတဲ့ အကြောင်းအရာက သူ့အတွက် ယုံဖို့ရာ အတော်လေး ခက်ခဲခဲ့သည်။
"အမေ ကိုရီးယားကို လာပြီး သူနဲ့တွေ့ခဲ့တယ်၊ မင်းနဲ့ မပတ်သတ်ဖို့ ပိုက်ဆံဘယ်လောက်ပေးရမလဲ မေးတော့၊ ပိုက်ဆံတွေယူပြီး မင်းကို ဒီကိုပြန်လာဖို့ တိုက်တွန်းခဲ့တာပဲမလား။"
"မဟုတ်ဘူး၊ အမေ ကျွန်တော်တို့ကို ခွဲဖို့ ဒီလိုလုပ်နေတာမလား၊ သူ ကျွန်တော့်ကိုချစ်တာ ကျွန်တော်ကိုယ်တိုင်သိတယ်"
"မတုံးစမ်းပါနဲ့ ချွဲဗာနွန်ရယ်၊ မင်းကို ချစ်ရင် ဒီကိုမင်းပြန်လာဖို့ အခြေအနေတစ်ခုလေးတောင် မရှိပါဘူး။ သူလိုအပ်တဲ့ ငွေ အလုံအလောက်ရှိသွားတော့ မင်းကို ခွာထုတ်လိုက်တာပါ"
ဗာနွန် သူ့အမေရဲ့စကားတွေနဲ့ အီချန်းရဲ့ အချစ်တွေကြားမှာ ပထမဆုံး လွန်ဆွဲလာခဲ့သည်။
အနည်းဆုံးတော့ သူ ချန်းနီးနဲ့တွေ့ကြည့်လိုက်ရင် အဖြစ်မှန်တွေ သိရနိုင်တာပဲမလား။
အမေကလည်း သူ့ကို လိမ်မဲ့သူမဟုတ်ဘူး။
အမေက အတ္တကြီးပေမဲ့ လိမ်ညာလှည့်စားမဲ့သူ တစ်ယောက်တော့မဟုတ်တာ သူယုံပါသည်။ဒါဆို သူက ဘာကို သံသယ ဖြစ်တာလဲ။
အီချန်းကိုလား။ အီချန်းရဲ့ အချစ်ကိုလား။###########
"တကယ် အလုပ်ထွက်မှာလား"
''တကယ်ပါ ဟျောင်း၊ ကျွန်တော်သူနဲ့ ရင်မဆိုင်ရဲတော့ဘူး"
YOU ARE READING
Black
Fanfictionမှောင်မိုက်နေတဲ့ ကိုယ့်ဘဝထဲကို အလင်းပြဖို့ အဖြူရောင်ကောင်လေးဟာ ဝင်ရောက်လာခဲ့တယ်။