ချောကလက်အနံ့လို ခပ်အီအီ ဆေးလိပ်နံ့တွေမရတာလည်း အတော်ကြာခဲ့ပြီ။
သူက ဆေးလိပ်မသောက်တတ်သော်ငြား
ဗာနွန်သောက်လေ့ရှိတဲ့ ဆေးလိပ်ငွေ့အနံ့တွေကိုတော့ အမြဲရနေတာကြောင့် ထိုအနံ့တွေနဲ့ အမြဲ အကျွမ်းတဝင်ရှိလှသည်။အရင်လို မနက်စာဟာလည်း နှစ်ယောက်စာအတွက် တစ်သီးတစ်သန့်ပြင်စရာမလိုတော့ဘူး။
သူ့အတွက်ဆိုပြီး တကူးတက ဝယ်ထည့်ပေးတတ်တဲ့ ရေခဲမုန့်တွေလည်း ရေခဲသေတ္တာထဲမှာ မရှိတော့ဘူး။
နှစ်ယောက်အိပ်တဲ့ အခန်းဟာလည်း အရင်လိုရှုတ်ပွမနေတော့ဘူး။
အရင်ကတော့ သူကအမြဲသန့်ရှင်းပေမဲ့ အိမ်မှာအနေများတဲ့ ဗာနွန်က အင်္ကျီ တွေကို ဟိုတစ်ဆ ဒီတစ်ဆနဲ့ ဖွထားလေ့ရှိသည်။
အခုဆို အင်္ကျီတွေကလည်း ဘီရိုထဲမှာ စနစ်တကျ။
ဖွမဲ့သူမရှိတော့တာကြောင့် ဖြစ်ပါလိမ့်မည်။ရေချိုးခန်းထဲက သွားတိုက်တံတွေ ထည့်ထားတဲ့ ခွက်ထဲမှာ သွားတိုက်တံလေးနှစ်ချောင်းရှိတယ်။
အင်း အဝါရောင်လေးကတော့ တိုက်သူမရှိတော့ဘူးပေါ့။အိမ်စီးဖိနပ်ပါးလေးနှစ်ရံဟာလည်း တစ်ရံသာစီးသူရှိပြီး တစ်ရံကတော့ ဖိနပ်စဉ်ပေါ်မှာ အခုအထိ အစီအရီလေးရှိနေတုန်း။
ဗာနွန်ကလည်း သူ့ဘေးမှာ မရှိတော့ဘူး။
သူကိုယ်တိုင်ကပဲ အဝေးကို မောင်းထုတ်ခဲ့မိတာ။သူကိုယ်တိုင်က သူတို့နှစ်ယောက်ကို ဝေးစေခဲ့တာ။အဲ့ဒီနေ့ညက သူ့စကားတစ်ခွန်းကြောင့် ဗာနွန့်ကို ထွက်သွားစေခဲ့မိတာ။
အားလုံးက သူ့အမှားတွေပဲ။အခုချိန် ပြန်ပြီးပြင်လို့လည်းမရတော့ဘူး။
အခုသူမှာ နောင်တတွေပဲကျန်နေခဲ့တော့တာ။#############
"တကယ်ပဲသွားစေချင်တာလား"
"တကယ်စိတ်ရင်းပါ ဗာနွန်...ဗာနွန်ရဲ့ မိဘတွေဆီကို သွားစေချင်တာ ကျွန်တော့်ရဲ့ စိတ်ရင်းပါ။"
"ကိုယ်သွားလိုက်ရင် ပြန်လာရမလား မသေချာတာတောင်လေ။"
အီချန်းရဲ့ သားငယ်အိမ်တွေ လှုပ်ရှားသွားရသည်။
သူလည်းသိသည်။ ထွက်သွားစေပြီးရင် ပြန်ခေါ်လို့မရတော့တာကို။
ဟင့်အင်း သူ့ဘက်ကလည်း မတတ်နိုင်ခဲ့ဘူး။
ဒီလိုလုပ်မှပဲ ရမှာမို့။
YOU ARE READING
Black
Fanfictionမှောင်မိုက်နေတဲ့ ကိုယ့်ဘဝထဲကို အလင်းပြဖို့ အဖြူရောင်ကောင်လေးဟာ ဝင်ရောက်လာခဲ့တယ်။