12

4.3K 130 2
                                    

Arc 3 : ကြယ်တာရာခေတ် အလိုလိုက်ခံထားရတဲ့ Male zerg

အပိုင်း ၁၂ :  Male Zerg ကောင်ရဲ့ ဦးနှောက်ကတော့ တစ်ခုခုမှားနေပြီ! [plot]

-------

သူနဲ့အိပ်ရာထဲလူးတဲ့အခန်းမျိုးတွေမရှိတာကြောင့် ဝမ်ဖန်းတစ်ယောက် ၁ နှစ်အတွင်း မြို့တော်အထိတက်သိမ်းပိုက်ကာ ပထမဆုံးကောဧကရာဇ်ဖြစ်လာခဲ့သည်။ သူကသူနဲ့ပူးပေါင်းခဲ့တဲ့ သွမ့်ရှောင်းရဲ့မြို့တော်ကိုလဲကောင်းမွန်တဲ့ဆုလာဘ်တွေချီးမြှင့်ပြီး သွမ့်ရှောင်းကများစွာသောကွပ်မြက်ခံရတဲ့မြို့စားတွေထဲမှာလဲမပါခဲ့ပေ။

သေချာတာပေါ့။ ဒါကလဲ ဝမ်ဖန်းရဲ့ဇာတ်လိုက်ရောင်ဝါကြောင့်ပဲလေ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီးအချိန်တိုအတွင်းထီးနန်းသိမ်းဖို့ဖြစ်နိုင်မှာလဲ?

ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာကတော့လူနေမှုပုံစံပြောင်းလဲသွားပြီး ကောတွေကိုအရင်လိုစည်းကမ်းမဲ့သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းများရှိတော့မှာမဟုတ်ပေ။ အကုန်လုံးတန်းတူညီအုပ်ချုပ်ခံရသည့် အင်ပါယာတစ်ခုကိုဝမ်ဖန်းကတည်ထောင်ပြီးချိန်၌ ကလေးသုံးယောက်နှင့် ဇနီးလေးနှစ်ယောက်ကို အခန်းထဲ၌ခေါ်တွေ့နေသည့်သွမ့်ရှေင်းက လေးနက်တဲ့မျက်နှာထားရှိနေခဲ့သည်။

... အိုး ကလေးကဘယ်လိုသုံးယောက်ဖြစ်သွားတာလဲဆိုတော့ ရှောင်နွီ့ကိုမတော်တဆသူကိုယ်ဝန်ရအောင်ထပ်လုပ်လိုက်မိတယ်လေ -_- ဖြစ်ပြီးမှတော့သူလက်ခံရုံကလွဲပြီးဘာတတ်နိုင်တော့မှာလဲ?

အခုဆိုရင် သုံးနှစ်အရွယ် သမီးလေးတစ်ယောက်၊ နှစ်နှစ်အရွယ် သားတစ်ယောက်နှင့် လသားအရွယ်ကောလေးကိုချီထားတဲ့ ရှောင်နွီနဲ့ရှောင်တုကို သွမ့်ရှောင်းကလေးနက်စွာမေးခွန်းထုတ်လာခဲ့ပြီဖြစ်သည်။

"ရှောင်နွီ... ရှောင်တု.. မင်းတို့ကိုယ်နဲ့အတူ တစ်နေရာကိုလိုက်ခဲ့ချင်လား?"

___________

ဒီလိုနဲ့ပဲသူ့ရဲ့ ငါးယောက်တွဲမိသားစုလေးကိုခေါ်ကာ သွမ့်ရှောင်း သူ့ကမ္ဘာသူပြန်ရောက်လာခဲ့တော့သည်။ သူက လေးနှစ်လောက်နေခဲ့တာဆိုပေမဲ့ ဒီဘက်မှာတော့ မိနစ်နှစ်ဆယ်ကျော်သာရှိသေးပြီး အခုထိညသန်းခေါင်တောင်မရောက်သေးပေ။

တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [SMUT]Where stories live. Discover now