20

2.8K 81 0
                                    

အပိုင်း ၂၀ : Male zerg ရဲ့လက်နဲ့အပေါက်လေးကို ပြင်းပြင်းထန်ထန်အချဲ့ခံရခြင်း [Anal fisting - ကာမန်]
------

ဟောင်ရန်အိပ်ပျော်သွားမှ သူအခန်းထဲပြန်ထည့်ပေးခဲ့ပြီး ဒီကိုပြန်ဝင်လာခဲ့တာဖြစ်သည်။ ဒါပေမဲ့သွမ့်ရှောင်းသိလိုက်ရတာက အချိန်ကအရင်လိုအများကြီးမစီးဆင်းသွားပေမဲ့လည်း နည်းနည်းလေးတော့ဆက်သွားနေသေးလေရာ သူအပြင်မှာရှိနေချိန်၌ လူအကောင်လိုက်ပျောက်သွားပြီး ၁ညလုံး အိမ်ပြန်မအိပ်ဘူးလို့ သူ့ female zerg နှစ်ယောက်ကိုထင်သွားစေခဲ့တာပင်။

အီဗန့်ရဲ့ စိုးရိမ်စိတ်အပြည့်မျက်နှာနဲ့ ကာမန့်ရဲ့အပြစ်ရှိစိတ်ခံစားနေဟန်​ကိုကြုံတွေ့လိုက်ရလေကာ သွမ့်ရှောင်း​​ကြောင်သွားတော့သည်။

"မင်းတို့ဘာလို့အပြင်ထွက်နေတာလဲ? ရုံးမသွားကြဘူးလား?"

ပေါ့ပါးသည့်အဖြူရောင်အင်္ကျီဝတ်ထားသောအီဗန်က တစ်ခုခုပြောရန်ပါးစပ်ဟလိုက်သော်လည်း ထို့နောက်တွင်မူ စဥ်းစားသွားဟန်ပေါ်ပြီး ကာမန့်ကိုတစ်ချက်ကြည့်ကာ ပါးစပ်ပိတ်လိုက်၏။ ကာမန်ကလဲသူ့ဘေးမှာသာရပ်နေပြီး သွမ့်ရှောင်းကိုခေါင်းစခြေအဆုံးကြည့်လိုက်ကာ ထို့နောက်မျက်လွှာချလိုက်ပြီး ခပ်တိုးတိုးဆိုလာသည်။

"Master အိမ်ပြန်မလာလို့စောင့်နေတာပါ... "

တောင့်ဖြောင့်သန်မာပြီး ခန့်ညားချောမောသောယောက်ျားနှစ်ယောက်က သူတို့ရဲ့ခင်ပွန်းကို ဧည့်ခန်းထဲတွင်လိမ္မာစွာထိုင်စောင့်နေပုံမှာ ချစ်စရာကောင်းသည်ဟုခံစားရသောကြောင့် သွမ့်ရှောင်းကရယ်လိုက်ရင်း သူတို့ရဲ့ခေါင်းတွေကိုကိုင်ကာ ဆံပင်တွေကိုဖွလိုက်လေသည်။

"ဒါဆိုလဲကောင်းပါပြီ... ကိုယ်ကပြသနာတစ်ခုခုရှိနေတယ်ထင်သွားတာ"

သွမ့်ရှောင်းကသန်းနေရင်းပြောလိုက်သည်။

သူ့အထိအတွေ့ကြောင့် ကာမန်ကအနည်းငယ်တုန်သွားပြီး အီဗန်ကလဲမျက်လုံးအပြူးသားလေးဖြင့်ကြည့်လာသည်ကိုတော့မမြင်။ ၎င်းကအလွန်ပင်ပန်းနေသည်ဟုခံစားရသောကြောင့် အိပ်ယာထဲပေါ်လှဲချလိုက်သည်နှင့်တစ်ခါထဲအိပ်ပျော်သွားတော့သည်။

တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [SMUT]Where stories live. Discover now