17

4K 126 2
                                    

အပိုင်း ၁၇ : အထက်လူကြီးရဲ့အပျက်ဆန်တဲ့ မြင်ကွင်း : ကာမန် POV [Hard sex- အီဗန်]

----

ကာမန်ကသူ့ကိုယ်သူဘဝမှာဒီလောက်ထိကံကောင်းလိမ့်မယ်လို့တစ်ခါမှမထင်ထားဖူးပေ။

သူ့ဘဝမှာလုပ်ခဲ့တဲ့အဆိုးရွားဆုံးတစ်ခုကတော့ အထက်တန်းကျောင်းရဲ့ဂျူနီယာဖြစ်တဲ့ သွမ့်ရှောင်းကို သူသဘောကျမိတာကြောင့် အဆက်အသွယ်တွေသုံးပြီးရအောင်ယူခဲ့တာပဲ။ တကယ်ဆိုသွမ့်ရှောင်းကဒီလောက်စောစောလက်ထပ်ရမှာမဟုတ်သလို သူနဲ့လဲလက်ထပ်ဖို့ဖြစ်လာမှာမဟုတ်ဘူး။ သွမ့်ရှောင်းအနေနဲ့သူသဘောကျတဲ့ inferior female တစ်ယောက်ကိုယူပြီးမှ female zerg တစ်ယောက်ကိုလက်ထပ်ဖို့လိုတာဖြစ်ပြီး သူ့ရဲ့အရည်အသွေးအရ စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးသို့မဟုတ် မက််ခါပညာရှင်တစ်ယောက်ယောက်နဲ့ပိုသင့်တော်တာ။

ဒါပေမဲ့ကာမန်ကသူ့ကိုအရမ်းသဘောကျတာကြောင့် လုံးဝလက်မလွှတ်နိုင်ပဲ ရှိသမျှအားအင်ကိုထုတ်သုံးခဲ့သည်။ ကာမန့်မိသားစုကချမ်းသာတယ်၊ အထူးသဖြင့်သူ့ကိုမွေးပေးတဲ့ inferior female က သူ့အဖေ male zerg ရဲ့သဘောအကျဆုံးဇနီးဖြစ်ပြီး ကလေးဆိုလို့လဲသူနဲ့တခြား inferior female zerg ပဲရှိတာမို့ သူကငွေကိုစိတ်ကြိုက်သုံးဖြုန်းနိုင်တာ။ ဒါပေမဲ့သူကဥာဏ်သိပ်မကောင်းပဲ တိုက်ခိုက်ရေးရာပဲတော်တာမို့ ဗိုလ်ကြီးရာထူးအဆင့်ကနေတက်မလာနိုင်ပဲ သူ့ရဲ့အိပ်မက်ထဲက male zerg နဲ့ဘယ်လိုမှမစုံစည်းနိုင်ပေ။ အဲ့အကြိမ်ကသူ့ရဲ့ပထမဆုံးအကြိမ်ငွေအမြောက်အမြားသုံးစွဲခြင်းပဲဖြစ်ပြီး လက်ထပ်ဖို့အရွယ်မရောက်သေးတဲ့သွမ့်ရှောင်းရဲ့မိဘတွေကိုလာဘ်များစွာထိုးပြီးသူ့ရဲ့ပထမဇနီးဖြစ်ဖို့ကြိုးစားခဲ့သည်။

ဒါပေမဲ့ရလဒ်အနေနဲ့ကတော့ ဒါကိုအထက်လူကြီးတွေရှာတွေ့သွားပြီး သွမ့်ရှောင်းနဲ့သူလက်ထပ်ပြီးပြီးချင်းမှာပဲ တောက်လျှောက်စစ်ပွဲတွေဆီအပို့ခံရတော့တယ်။

ကာမန်ကဒါနဲ့ပက်သက်ပြီးပြသနာမရှိပါဘူး။ သူစစ်ပွဲကိုမမုန်းသလို သူ့ကိုသွမ့်ရှောင်းကမျက်နှာချင်းဆိုင်ချင်မယ်လို့လဲသူမထင်တာကြောင့်အိမ်မှာမရှိရလဲပြသနာမရှိပေ။ သူကသူ့ဘဝရဲ့ male zerg ကိုသွမ့်ရှောင်းဖြစ်စေချင်တာတစ်ခုပဲရှိပြီး သူမရှိတုန်းသူ့ male zerg ကတခြား inferior female zerg တွေနဲ့လက်ထပ်ဖို့ကိုလဲအပြည့်အဝမျှော်လင့်ပြီးသားပဲ။

တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [SMUT]Where stories live. Discover now