အပိုင်း [၂]

26 8 0
                                    

[၂]

အိမ်ပြန်ရောက်တော့ ည ၁၀ နာရီ။တနေ့လုံးမှ နေ့လယ်စာ တနပ်ပဲ သူစားရသေးသည်။ဖေဖေ့ကတော့ ညစာလာပို့ရမလား ဖုန်းဆက်မေးသေးသည်။သူ့ကလေးတွေနဲ့ fight နေရတာမို့ မအားလပ်တာနဲ့ ငြင်းလိုက်ရသည်။

ကလေးတွေကို သူချစ်ပေမဲ့..ကလေးတွေက သူ့ကို အလွန် ဒုက္ခပေးသည်။ခုလည်း ဆရာပါ Travel လုပ်ရမယ်တဲ့။ပြောလိုက်သေးသည် "No one perfet ဖြစ်လို့ ဆရာ နေရာတိုင်းမအောင်မြင်နိုင်ဘူး" တဲ့။

အဲတော့ Rayon ဆိုတဲ့ ကျွန်တော်လည်း  AD 4 -8 ကို သွားရမယ်ပေါ့ဗျာ။

"ဟူး...ဗိုက်ဆာတယ်"

"ရပ်ပြီးညည်းညူနေမဲ့အစား မီးဖိုချောင်ထဲ စားစရာ သွားရှာပလား"

မီးမထွန်းပဲ ဧည့်ခန်းထဲ ငုတ်တုတ်ကြီးထိုင်နေတဲ့ ဦးဇေဖုန်းညီ။

"သား ပြန်မရောက်လို့ စိတ်ပူနေတာလား ဒယ်ဒီ"

"အေး...ရာသီဥတု သာယာလို့ နက္ခတ်ထွက်ကြည့်တာ မင်းစီးတဲ့ airbus ပျက်ကျမယ်တဲ့"

"ဒီမှာအရှင်လတ်လတ်ကြီးပါ"

"အေး ငါအသက်ကြီးတော့ မျက်စိမှုန်နေပြီလေ..ကြယ်ရေတာ မျက်စိမှောက်သွားလို့ တလုံးကျန်ခဲ့တာ"

သူ့ဖခင်က Astrology နဲ့ ဘွဲ့ရတာဖြစ်ပေမဲ့ ဘာကြောင့်ရယ်မသိ ကြယ်ကြည့်ပြီး နက္ခတ်တွက်လေ့ရှိသည်။တခါတရံလည်း လူနားမလည်သည့် စကားတွေပြောတတ်ပါသည်။

"ငါးက ကျန်သေးလား"

"မျက်လုံးပါတယ်မလား..ကိုယ်တိုင်အတည်ပြု"

သူ့ဖခင် ရွဲ့လေပြီ။

"yes ဗျာ"

ပြောင်ရှင်းနေတဲ့ စားပွဲကို သူမြင်သောအခါ ကိုယ့်ကိုကိုယ် ကျိန်ဆဲမိသည်။သူဖခင်က ဘယ်တုန်းကမှ သူ့ကို ပစ်မထားပေ။ထမင်းပူပူ ဟင်းပူပူသာ အမြဲဂရုစိုက်ကျွေးသည်။သူ တချက်ပြုံးလိုက်ပြီး ငါးဟင်းပန်းကန်ကိုထုတ်လိုက်သည်။

"မွှေးနေတာပဲ"

ခပ်နွေးနွေးသာ ရှိသေးသည်မို့ သူ့အဖေ သိပ်မကြာခင်ကမှ microwave ကို ဖွင့်ထားခဲ့ဟန် ရှိ၏။

"thanks my daddy"

စားရင်းတမ်းလန်း program တခုကို စိတ်ကူးဖြင့် ပုံဖော်ကြည့်လိုက်သည်။ကလေးတွေက သူ့ကို စိန်ခေါ်ထားတာဆိုတော့ သူပိုပြင်ဆင်ထားသင့်သည်။အထူးသဖြင့် technology ပိုင်းကို ပြန်ပြင်ရမည်။ဒါ့အပြင် သူ့ဦးနှောက်ထက် ပို storage မြင့်တဲ့ memory တခုကို ဖန်တီးရမည်။သို့မှသာ အသေးစိတ် မှတ်တမ်းတင်နိုင်မည်။

"နှလုံးသားထံမှ လက်ခံရရှိသော အစီရင်ခံစာ"Where stories live. Discover now