[၁]
"သားညီရေ.!!"
alarm ထက် ပိုတိကျ လွန်းတဲ့ ဖေဖေ့ နှိုးသံကြားတယ်ဆိုရင်ပဲ မျက်နှာပေါ်က ဖက်လုံးကို ဆွဲခွာပြီးထလိုက်ရတယ်။အလိုက်တသိနဲ့ ချက်ချင်းတံခါးဖွင့်ပေးတယ်ဆိုရင်ပဲ ပြုံးရွှင်ကြည်စင်တဲ့ ၆၂အရွယ် ဦးဇေဖုန်းညီ မျက်နှာကြီး တံခါးဝမှာ ပေါ်လာလေရဲ့။
"မာပါစ ဖခမည်းတော်"
"ပေါတောတော လုပ်မနေနဲ့၊စျေးသွားမလို့ ဘာဟင်းစားချင်လဲ"
မျက်နှာပိုးသတ်လို့ ကျွန်တော့်အကြိုက် ငါး မှာလိုက်တယ်။နောက်စကားမစရသေးဘူး ဖေဖေ အောက်ကိုခပ်သုတ်သုတ် ပြန်ဆင်းပြေးသွားတယ်ဗျ။ဒီလိုပဲသားအဖတွေက စကားအများကြီး မပြောဖြစ်ကြဘူး။ကျွန်တော်က သောကြာသား စကားများလို့ အင်္ဂါသားဒေါသဖေဖေနဲ့ သိပ်မတည့်ပါဘူး။ဒါပေမဲ့ အရမ်းချစ်ကြတဲ့သားအဖတွေပါ။
ရေမိုးချိုး အဝတ်အစားလဲပြီးချိန်မှာတော့ အချိန်က ၈နာရီ။အချိန်မရပေမဲ့ မှန်ရှေ့ ခဏမတ်တပ်ရပ်လိုက်သေး၏။မှန်ထဲမှာပေါ်နေ တဲ့ အပြာနုရောင်ရှပ်လက်ရှည်နဲ့ စတိုင်လ်ပန့်အနက် ဝတ်ထားတဲ့ ကျွန်တော်က အသက်ထက်နုပျိုနေတယ်။အကြောင်းရင်းက ရုပ်မချောပေမဲ့ ပါးလျတဲ့ခန္ဓာကိုယ် ၊ ဝါညက်ညက်အသားအရည်နဲ့ချိုမြတဲ့အပြုံးတွေ ကြောင့်ဆိုပါတော့။
ကျွန်တော့် အမည် Rayon ၊မြန်မာအမည် ဟန်ဖုန်းညီ။အပြည့်အစုံ ခေါ်မယ်ဆို ဒေါက်တာ ဟန်ဖုန်းညီ။ဆေးကုတဲ့ ဒေါက်တာမဟုတ်ပဲ စာသင်တဲ့ ကျောင်းဆရာပါ။အသက် ၄၀ အရွယ်ထိ အိမ်ထောင်မပြုပဲ တကိုယ်တည်း လူပျိုကြီးဘဝနဲ့ ပျော်ရွှင်နေပါတယ်။ဝါသနာပါလို့ အိမ်နဲ့သိပ်မဝေးလှတဲ့ Wisdom University မှာ သမိုင်းနည်းပညာ ပေါင်းစပ်ဘာသာရပ်ကို သင်ကြားတဲ့ ပါမောက္ခ တာဝန်ယူထားပါတယ်။
နောက်ပြောချင်တာက မိတဆိုးသား ဆိုတော့ နည်းနည်းဆိုးတယ်။ဒီအရွယ်ထိ ကိုယ့်အဝတ်ကိုယ်မလျှော်ဘူး..ထမင်းမချက်တတ်ဘူး..အခန်းသန့်ရှင်းရေး ဖေဖေလုပ်ပေးတယ်။ရှင်းရှင်း ပြောရရင် လူငပျင်း။ဒါပေမဲ့ စာဖတ်မယ်စာသင်မယ်ဆို ၂၄နာရီ မအိပ်ပဲလုပ်ဆိုပျော်နေရောပဲ။
YOU ARE READING
"နှလုံးသားထံမှ လက်ခံရရှိသော အစီရင်ခံစာ"
Fantasiမင်းသူ့ကို ချစ်မိသွားပြီ မဟုတ်လား.??? ဒါဆို မင်းရဲ့ ကမ္ဘာကို ပြန်ဖို့ အသင့်ပြင်ထားပါ။