အပိုင်း [၄]

26 6 0
                                    

[၄]

ကောင်းကင်တွင် လသည် ထိန်လင်းနေ၏။သူ ကြည့်နေစဥ် လအိမ်ထဲ၌ အဓိပ္ပါယ်နက်ရှိုင်းသော မျက်ဝန်းအကြည့်တို့နှင့် ကျစ်လစ်လှသော ခန္ဓာကိုယ်ရှိတဲ့ သူစိမ်းတစ်ယောက်၏ ပုံရိပ်က ထင်ဟပ်လာလေ သည်။

"ညဥ့်နက်လှပါပြီ အရှင်မင်းသား"

တပ်မှူးစကားကို ခေါင်းအသာရမ်း၍ပဲ ငြင်းဆန်မိသည်။ခုနေ သူ့မှာအိပ်ချင်စိတ်စိုးစဥ်းမျှရှိမနေ။ထိုသူစိမ်းကိုပဲ ပြန်မြင်ယောင်ပြီး စိတ်ထဲ တမျိုးကြီး ခံစားနေရသည်။အိပ်မယ်ကြံတိုင်း သူစိမ်းကို ထပ်တွေ့ချင်စိတ်သာ ပြင်းပြလာသည်။

"ဟိုအဆောင်ကို ကြွရအောင်"

"မသင့်လျော်ကြောင်းပါ အရှင်မင်းသား"

ငယ်စဥ်ထဲက ခစားလာခဲ့သူမို့ အပြင်ပန်းကို အကဲခတ်ရုံဖြင့် အရှင်မင်းသား၏ အတွင်းမနောကို သိလေသည်။မင်းသားက သူစိမ်းလုလင်ကို မြင်ရုံနဲ့စွဲလမ်း သွားတာ။နေလည်စာတောင် မသုံးဆောင်နိုင်ပါပဲလေ။

"အိပ်ဆောင် ကြွသင့်ပါပြီမင်းသား"

"ကောင်းပြီ"

မင်းသား အိပ်ဆောင် ဝင်တော့ကိုယ်လက်သန့်စင်ဖို့ ရေပူဆက်ရသည်။ ဝတ်ရုံလဲပေးရသည်။ပြီးနောက် စန္ဒကူးနံ့သာတိုင် ပါထွန်းပေးရလေသည်။ဒီအမှူ ကိစ္စအတွက် နန်းတွင်းအပျိုတွေထားရှိသည်။သို့သော် မင်းသားက အမျိုးသမီးတွေဆို လုံးဝနန်းဆောင်ထဲဝင်ခွင့်မပြု။

ထိုတော့ သက်တော်စောင့်လည်းဖြစ် အထိန်းတော်ခေါင်းဆောင်တာဝန်လည်းယူထားသူ ဘွန်ဂျူးကပဲ အိမ်ရှေ့စံမင်းသားရဲ့ ဝေယျာဝစ္စမှန်သမျှ ဆောင်ရွက်ရသည်။ရံဖန်ရံခါတော့ သူ့ဒွေးတော် ဘွန်ဂျူးအစ်မ သုဘန္နာဒေဝီကဆောင်ရွက်ပေးပါသည်။

"တပ်မှူး..တပ်မှူး!!!"

ခေါ်သံကား အလန့်တကြားရှိလှ၏။သူ မင်းသား၏နေ့စဥ်မှတ်တမ်း ရေးနေရာမှ သလွန်တော်ဆီ ထပြေးရလေ၏။

"ဘာထိတ်လန့်စရာရှိလို့ပါလဲ အရှင်မင်းသား"

"စာတဆောင် ရောက်လာတယ်"

ဇာခြင်ကာ ခန်းစီးကြားမှ ထိုးထွက်လာတဲ့မြှားတိုလေးမှာ စာလေးတစ်ဆောင်။

"နှလုံးသားထံမှ လက်ခံရရှိသော အစီရင်ခံစာ"Where stories live. Discover now