Part 5

366 13 0
                                    

#Unicode

မနက်သူမ အိပ်ရာကနိုးသည့်အခါ ခေါင်းကကိုက်နေသည်
အိပ်ရာပေါ်တွင် လူးလိမ့်နေရင်း ထလာခဲ့သည်
သွားတိုက်၊မျက်နှာသစ်ပြီး ကော်ဖီတစ်ခွက်ဖျော်ရန် မီးဖိုထဲဝင်လိုက်သည်

"နိုးပြီလား"
သူမအနောက်မှ အသံကြောင့် ကိုယ်လေးတွန့်သွားသည်
လှည့်ကြည့်လိုက်သည့်အခါ ကိုကြီးဖြစ်နေသည်

"ဟင် ကိုကြီး ဘယ်လိုလုပ်ပြီးတော့"
သူမက လက်ညှိုးလေးထိုးရင်း ပြောလျှင်
သူက
"မမှတ်မိဘူးလား ကိုယ့်ကိုအတင်းမပြန်နဲ့ပြောပြီး"
"ဟင် ပြောခဲ့တာလား"
"အင်း ပြောခဲ့တယ် ကိုယ်ဧည့်ခန်းထဲမှာပဲ အိပ်တာပါ"
နေခြည် ဦးနှောက်ကို အသည်းအသန်အလုပ်ပေးနေသည် သို့သော် အလုပ်မဖြစ်။
"ရော့ သံပုရာရည်လေးသောက်လိုက် ခေါင်းကိုက်နေလား"
ကိုကြီးက သူမခေါင်းလေးကို ကိုင်၍ပြောလိုက်လျှင် သူမက သူ့ကိုမျက်လုံးလေးများ ပြူး၍ပြန်ကြည့်သည်
ထိုအခါ သူကအသည်းယားစွာ သူမနှာခေါင်းလေးအား ခပ်ဖွဖွလေး လိမ်ဆွဲလိုက်သည်

"ကိုကြီးနော်"
ဟု သူမက ပြောပြီး ထမင်းစားဝိုင်းတွင် ဝင်ထိုင်လိုက်သည်။သူက သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး
"ဒါနဲ့ ညကဘာမှမမှတ်မိဘူးလား"
ထိုသို့ မေးလိုက်လျှင် သူမက သီးသွားရသည်
သူမ သေချာပေါက် မှတ်မိပါသည်
ကိုကြီးသူမကို နမ်းလိုက်သည်ကို
သူမ မိမိနှုတ်ခမ်းလေးအား အမှတ်မထင် ကိုက်လိုက်မိသည်

"ထပ်နမ်းမိတော့မယ်နော်"

"ဟင်"
သူမ ကိုကြီးကို ကြောင်အစွာ ပြန်ကြည့်မိသည်
ကိုကြီးက တည်ငြိမ်စွာ သူမလက်ကလေးအားဆွဲယူပြီး
"ပူတူးလေး ကိုယ်ချစ်တယ် ကိုယ်တို့တွဲရအောင်"
ဟု သူမ မျက်ဝန်းများအား သေချာစူးစိုက်ကြည့်ကာ ပြောသည်

"ဟင် ရုတ်တရက်ကြီး"
"ချစ်လို့ နမ်းတာလေ ပူတူးရဲ့"
သူမက အကြည့်လွှဲလိုက်ရင်း
"မသိသေးဘူး"
"မသိသေးလည်း ချစ်တယ် တွဲမယ်"
"ကိုကြီးက ဇွတ်"
"အင်း ဇွတ်ပဲ"
ကိုကြီးရဲ့ မျက်နှာချောချောကို သူမမော့ကြည့်မိသည်။ဘာမှအထူးတလည်ပြင်ဆင်ထားခြင်းမရှိပါဘဲ ကိုကြီးဟာ သူမအတွက် ကြည့်ကောင်းလွန်းနေသည်

Sunshine In The RainWhere stories live. Discover now