Part 8

300 11 0
                                    

#Unicode

"ဟယ်လို ဖိုးဖိုးကြီး နေကောင်းလား"
"ကောင်းပါတယ် မီးလေးရဲ့ မီးလေးရော နေကောင်းလား"
"ကောင်းပါတယ် ဖိုးဖိုးကြီး
မနက်ဖြန်ကျရင်လေ ဖိုးဖိုးကြီးဆီ ပြန်လာခဲ့မယ်နော်"
"ဖိုးဖိုးကြီး လေဆိပ်ဖို့ ကြိုဖို့ ကားလွှတ်လိုက်မယ်"
"ဪ ပြီးတော့လေ ဖိုးဖိုးကြီး"
နေခြည်မှ ဆက်မပြောဘဲနေလျှင်
"ဘာဖြစ်လဲ မီးလေး ဆက်ပြောလေ"
"ဟို ဖိုးဖိုးကြီးနဲ့ တွေ့ပေးချင်တဲ့သူရှိလို့
အဲ့ဒါ သူပါ လိုက်လာမှာ"
"ဟင် တွေ့ပေးချင်တဲ့သူ
သူလိုက်မယ်ဆို ခေါ်ခဲ့လေ မီးလေးရဲ့"
"ဟုတ် ဖိုးဖိုးကြီး အဲဲ့ဒါဆို ပစ္စည်းတွေထည့်လိုက်ဦးမယ်နော်"
ဟု ပြောကာ သူမဖုန်းချလိုက်သည်။

"ဖိုးဖိုးကြီးက ဘာတဲ့လဲ တွေ့ချင်နေပြီတဲ့လား"
ကိုကြီးက သူမနောက်မှ သိုင်းဖက်ပြီးမေးလာလျှင် သူမက
"အင်း ခေါ်လာလို့ရတယ်တဲ့
ပြီးတော့ လေဆိပ်ကိုလာကြိုဖို့လည်း ကားလွှတ်လိုက်မယ်တဲ့"
သူမက ထိုသို့ပြောပြီးလျှင် သူက သူမကိုသူနှင့် မျက်နှာချင်းဆိုင်စေကာ နဖူးလေးကိုနမ်းသည်။
ထို့နောက် နှုတ်ခမ်းလေးကို နမ်းသည်။
နမ်းနေရာမှ လွှတ်လိုက်ပြီး သူက သူမကိုပြုံးကြည့်ကာ
"ဗိုက်ဆာနေပြီလား ကိုယ် ပူတူးကြိုက်တဲ့ ခေါက်ဆွဲသုပ် လုပ်ထားတယ်"
"အင်း စားမယ်"
သူက သူမကို ထမင်းစား စားပွဲတွင် ခေါက်ဆွဲသုပ် ကျွေးနေရင်း
"ကိုကြီး ပစ္စည်းတွေထည့်ပြီးပြီလား
ပူတူး  ပစ္စည်းတွေတော့ ပြီးမှ ထည့်ရတော့မယ်"
ဟု ပြောလာသည်။
ထိုအခါ သူက
"ကုတင်ပေါ်က ပူတူး အဝတ်တွေမလား
ကိုယ် အဲ့ဒါတွေ လက်ဆွဲအိတ်ထဲ ထည့်လိုက်ပြီလေ"
"ဟမ် ဘယ်တုန်းကလုပ်လိုက်တာလဲ"
"ပူတူး ဖိုးဖိုးကြီးနဲ့ ဖုန်းပြောနေတုန်းက"
"မြန်လိုက်တာ"
သူက သူမကို ပြုံးကြည့်နေလိုက်သည်။
"ကိုကြီးရော စားပြီးတာလား"
"မစားရသေးဘူး"
"အဲဲ့ဒါဆို စားလေ ကိုကြီးရဲ့ ပူတူးကိုယ့်ဘာသာ စားလိုက်မယ်"
ဟု ဆိုကာ သူမက သူ့လက်ထဲမှ တူကို ယူဖို့ လက်လှမ်းလာလျှင် သူက အယူမခံဘဲ သူမကိုသာ ခွံ့ကျွေးသည်။
"ကိုကြီး"
"ဗျာ"
"ကိုကြီးလည်း စားလေလို့"
"ပူတူး စားပြီးမှ စားမယ်
အခု ဝရဲ့လား ထပ်စားဦးမလား"
ပန်းကန်ထဲမှ ကုန်သွားပြီဖြစ်သောကြောင့် သူက ထပ်မေးလျှင် သူမက အသာခေါင်းခါပြသည်။
"ကိုကြီး ပူတူး အောက်မှာ မုန့်သွားဝယ်ဦးမယ်နော်"
"ဟင် ခုစားတာ မဝလို့လား ပူတူး"
"ဟုတ်ဘူး လက်ဖက်ထမင်းစားချင်လို့ အဲ့ဒါ လိုတာသွားဝယ်မလို့ အာဘွား ကိုကြီး"
သူမက သူ့ပါးကို တစ်ချက်နမ်းပြီး အပြင်ထွက်သွားသည်။
သူက သူမစားပြီးသည့် ပန်းကန်ထဲသို့ ခေါက်ဆွဲဖတ်များ ထည့်နေရင်း
"တကယ့် အစားပုပ်လေး"
ဟုသာ ရေရွတ်မိသည်။
_______________
သူမတို့ နောက်နေ့မနက်တွင် လေယာဉ်ကွင်းသို့ ထွက်လာခဲ့သည်။
လေယာဥ်က နံနက် ၁၁နာရီလေယာဥ်ဖြစ်သော်လည်း သူမတို့က စောရောက်နေသဖြင့် လေယာဥ်ကွင်းထဲတွင် ထိုင်နေကြသည်။
သူက သူမလက်ကလေးကို ကိုင်ထားပြီး သူမက သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာရှိနေသည်။
"ကိုကြီး"
"ဗျာ"
"လေယာဉ်စီးရမှာ ကြောက်လား"
"ဟင့်အင်း မကြောက်ပါဘူး ပူတူးကြောက်လို့လား"
"အင်း ကြောက်တယ် ကိုကြီးနဲ့မို့လို့ လေယာဉ်နဲ့သွားမလို့ လုပ်လိုက်တာ"
ထိုသို့ ပြောလာလျှင် သူကအချစ်ပိုရရင်း သူမနဖူးလေးကို နမ်းလိုက်သည်။
"ကြောက်ရင် ကိုယ်ဖက်ထားမယ်"
ထိုအခါ သူမက ရယ်သံလေးတွေထွက်လာရင်း။
လေယာဉ်ပေါ်ရောက်သည့်အခါတွင်လည်း သူမက သူ့လက်မောင်းကို တင်းနေအောင် အိပ်ပျော်ဖို့ကြိုးစားသည်။
သူက သူမ မကြောက်အောင် ဘေးမှ စကားတွေပြောပေးနေရင်း သူမက အိပ်ပျော်သွားသည်။
လေယာဉ်စီးတဲ့အခါ အများစုကတော့ တိမ်တွေကို ငေးကြည့်ကြပေမယ့် သူကတော့ သူ့ဘေးက အမြတ်နိုးရဆုံးလေးကိုသာ ငေးကြည့်ရင်း အချိန်တွေ ကုန်ဆုံးခဲ့သည်။

Sunshine In The RainWhere stories live. Discover now