Part 10

428 11 0
                                    

#Unicode

နောက်နေ့မနက်တွင်တော့ သူနဲ့သူမတို့နှစ်ယောက်ဟာ Sunshine စပျစ်ခြံသို့ သွားကြပါသည်။စပျစ်ခြံဟာ ဧကအတော်ကျယ်ဝန်းပြီး အိမ်နှင့်လည်း အရမ်းမဝေးတာကြောင့် သွားလာရ အဆင်ပြေပါသည်။
သူမက အဖြူရောင်လက်ရှည်ရှပ်အကျီလေးနှင့် ကာကီရောင် ဘောင်းဘီရှည်လေးကိုဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်အပါး အဖြူရောင်​ေလးနှင့် လှချင်းတိုင်းလှနေသည်။ ထို အကျီမှာ သူမသူ့ဆီက ဓားပြတိုက်သွားခဲ့သော အကျီဖြစ်ပါသည်။
သူကတော့ အဖြူရောင်လက်တိုရှပ်အကျီနှင့် style pant အနက်လေးသာ ဝတ်ဆင်ထားသည်။
သူမတို့နှစ်ယောက် စပျစ်ခြံထဲသို့ လက်တွဲပြီးလျှောက်လာရင်း အလုပ်သမားတွေနှင့်စကားပြောနေသည့် ဖိုးဖိုးကြီးကိုတွေ့လိုက်သည်။
"ဖိုးဖိုးကြီး"
သူမက လက်ပြလိုက်လျှင် ဦးမိုးကောင်းက လှည့်ကြည့်လာသည်။
"စပျစ်ခြံက အခုထိကို လှနေတုန်းပဲနော် ဖိုးဖိုးကြီး"
သူမက စပျစ်ခြံကို ကြည့်ရင်းပြောလာသည်။
"ဒီလိုပဲ ထိန်းသိမ်းထားရတာပေါ့"
"ဖိုးဖိုးကြီး စပျစ်သီးခူးမယ်နော်"
"သွားခူး"
ဦးမိုးကောင်းက ပြုံးပြီးပြောလိုက်သည်။
"ကိုကြီး လာ"
သူမတို့နှစ်ယောက် စပျစ်ပင်တွေနားရောက်သည့်အခါ သူမက တွဲလောင်းကျနေသော စပျစ်ခိုင်မှ စပျစ်သီးတစ်လုံးကို ခူးလိုက်သည်။
"အင်း အရမ်းစားကောင်းတာပဲ အရင်တိုင်းပဲ
ကိုကြီးလည်း စားကြည့်"
သူမက စပျစ်သီးတစ်လုံးကို သူ့ကိုခွံ့ကျွေးလိုက်လျှင် သူကဝါးစားလိုက်သည်။
"အင်း စားကောင်းတာပဲ"
"အိမ်ကို ခူးသွားကြမယ်နော် ကိုကြီး"
ဟု ဆိုကာ သူမက စပျစ်ခိုင်များကို ခူးနေသည်။
"ပူတူး"
သူမက သူ့ခေါ်သံကြားသည့်အခါ လှည့်ကြည့်လိုက်သည်။ သူက မြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်နေပြီး သူ့လက်ထဲတွင်လဲ လက်စွပ်ဘူးလေးကို ကိုင်ထားသည်။
သူက သူမမျက်လုံးများထဲကို မြတ်နိုးစွာကြည့်ပြီး
"ပူတူး ကိုယ် ပူတူးကိုချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ
ပူတူးကိုကာကွယ်ပေးချင်တယ်၊စောင့်ရှောက်ပေးချင်တယ်၊ ပူတူးရဲ့​ေန့ရက်တိုင်းမှာ ကိုယ်ရှိချင်တယ်၊ ပူတူးလိုအပ်တာတွေကိုဖြည့်ဆည်းပေးရင်း အနားမှာနေချင်တယ်၊ စိတ်မဆင်းရဲစေရဘူး ကိုယ်ကတိပေးတယ်၊ ကိုယ့်ကို လက်ထပ်ပါ ပူတူး"
ထိုသို့ သူက တည်ကြည်လေးနက်စွာပြောလာသည့်အခါ သူမက စကားလုံးများပျောက်ရှပြီးဂရင်ခုန်သံတွေပါ စည်းချက်မှားလာရသည်။
"ဟုတ် ကိုကြီးကိုလက်ထပ်မယ်"
ဟု သူမက ခေါင်းညိတ်ကာပြောလိုက်သည်။
ထိုအခါ သူက သူမကို လက်စွပ်လေးဝတ်လိုက်ပြီး နှုတ်ခမ်းလေးများအား မြတ်နိုးစွာနမ်းရှိုက်လိုက်သည်။ သူမကိုလည်း ခါးမှပွေ့ချီပြီး လှည့်လိုက်ပြီး နောက်တစ်ကြိမ်ထပ်မံနမ်းလာသည်။
သူမက သူ့အနမ်းများကို ဝမ်းသာစွာ ဆီးကြိုပြီး ပြန်လည်တုံ့ပြန်လာသည်။
လက်ခုပ်တီးသံများကြားသည့်အခါ သူမက နမ်းနေရာမှ ရပ်လိုက်ပြီး လှည့်ကြည့်လိုက်လျှင် သူမတို့ကို ပြုံးကာကြည့်နေကြသော ဖိုးဖိုးကြီးနှင့် အခြား အလုပ်သမားများကို တွေ့လိုက်ရသည်။
သူမက ဖိုးဖိုးကြီးဆီကိုပြေးသွားပြီး ပွေ့ဖက်လိုက်သည်။
"မဂ်လာဆောင်ကြတော့မှာလား"
ဟု ဖိုးဖိုးကြီးက စနောက်ကာမေးလိုက်လျှင်
ကိုကြီးက အနောက်မှရောက်လာပြီး သူမခါးလေးကို ဖက်ကာ
"ကျွန်တော် ပူတူးကျောင်းပြီးမှပဲ မဂ်လာဆောင်ဖို့ စိတ်ကူးထားတယ် ပူတူးသဘောကရော"
သူမက သူ့ကိုကြည့်လိုက်ပြီး
"အင်း ကိုကြီးသဘောပဲ"
ဟု ပြောလိုက်သည်။

Sunshine In The RainWhere stories live. Discover now