Part 14

479 9 0
                                    

#Unicode

A little warning ပါလို့

မိုးက တစ်မနက်လုံး အဆက်မပြတ်ရွာနေပြီးနေ့လယ်ခင်းလောက်အထိ ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်နေသည်။
ရန်ကုန်မြို့၏ ရာသီဥတုကတော့ လွမ်းစရာကောင်းနေသည်။
နောက်နှစ်ရက်လောက်မှာတော့ သူမက ပြန်ထူထူထောင်ထောင်ဖြစ်လာပြီး ကျန်းမာလာသည်။
နေမကောင်းတုန်းက အစားသိပ်မစားခဲ့သဖြင့် အနည်းငယ် ကိုယ်အလေးချိန်ကျသွားခဲ့သည်။
သူရိန်ကတော့ သူမအနားတွင် နေကောင်းသည်အထိကို ကိုယ်ဖိရင်ဖိ ပြုစုပေးခဲ့သည်။
"ပူတူး ဖက်ထုပ်ကြာဆံပြုတ်လေးစားလိုက်ဦး ကိုယ်အအေးခံပြီးပြီ"
သူမက လစဥ် ပုံမှန် client တစ်ဦးအပ်ထားသော content ကို deadlineအမှီရေးနေသည်။
သူမက စာကိုလက်စသတ်ပြီး သူ့ဘက်ကို လှည့်လာသည်။
"ရော့ အာ"
သူက ဖက်ထုပ်ကို တစ်ခြမ်းဖဲ့ယူလိုက်ပြီး သူမကို ခွံ့ကျွေးသည်။
"အာ..."
"ရေ​ေရာ သောက်ရဲ့လား ကလေး"
သူမက ဖက်ထုပ်ကို တမြုံ့မြုံ့နှင့်ဝါးနေရင်း ခေါင်းညိတ်ပြသည်။
ကိုကြီး လက်တစ်ဖက်ကိုလည်း ကိုင်ထားပြီး လက်ချောင်းများအား ဆော့နေသည်။
သူက သူမ၏ အရင်ကလောက် မဖောင်းတော့သော ပါးကလေးများကို ကြည့်ရင်း အသည်းယားလာကာ
"ကိုယ်တော့ ဒီပါးလေး ဖောင်းလာအောင် အစားကောင်းကောင်းကျွေးရမှာပဲ"
သူမက သူ့ကိုမော့ကြည့်လာပြီး
"ကိုကြီးနော် စားပစ်မှာ ကိုကြီးကိုပါ စားမှာ"
ဟုဆိုကာ သူမက သူ့ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးဖြင့် မနာအောင် ထုသည်။
သူက သဘောကျစွာ ရယ်လိုက်ပြီး သူမကို ကြာဆံထပ်ခွံ့သည်။
သူမက ဝါးနေရင်း ဆိုဖာပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်နေရာမှ သူ့ရင်ခွင်ထဲ ဝင်လိုက်သည်။
"ဖက်ထုပ်ကြာဆံက အစပ်မပါဘူးလား အချိုအတိုင်းစားရမှာလားဟင် ကိုကြီး"
"ငရုတ်သီးက ဗိုက်အောင့်မှာစိုးလို့လေ ကိုယ် ငရုတ်ကောင်းထည့်ပေးထားတယ်နော်"
အဝါနုရောင် အကွက် လက်ရှည်၊ဘောင်းဘီရှည်နှင့် သူမသည် ချစ်စရာကောင်းနေပါသည်။
ယနေ့ မိုးအေးတာကြောင့် အအေးမပတ်စေရန် သူရိန်မနက်က သေချာလေး ဝတ်ဆင်ပေးထားသော ခြေအိတ်အဝါလေးက အင်မတန်လိုက်ဖက်လှသည်။
"ကိုကြီး လက်ဖက်ရည်သောက်ချင်တယ်"
သူက သူမ ပါးစပ်ထဲက ဖက်ထုပ်ကုန်သွားတော့ ဖန်ခွက်ထဲ ရေငှဲ့ပြီး သူမကို တိုက်သည်။
ပြီးနောက် ပန်းဂေါ်ဖီစိမ်းလေးခွံ့သည်။
"လက်ဖက်ရည်တော့ မသောက်ပါနဲ့ဦး ချောကလက်ပူပူလေး ဖျော်ပေးမယ်လေ"
"ဟုတ် ကြိုက်တယ်"
သူက သဘောကျစွာ သူမပါးလေးကို နမ်းလိုက်သည်။
သူက နောက်ထပ် ဖက်ထုပ်ခွံ့လိုက်သည်။
သူမက သူ့ရင်ခွင်ထဲ မှီထားပြီး သူ့ရင်ခုန်သံကို နားထောင်နေသည်။
"ကိုကြီး"
"ဗျာ"
သူမက သူလည်ပင်းကိုပါ သိုင်းဖက်လာပြီး
"ချစ်တယ်"
"အဟင်း ဟင်း"
သူမက သူ့မျက်နှာအနှံ့ကို အနမ်းလေးများပေးလိုက်သောကြောင့် သူက သဘောတကျ ရယ်မိသည်။
"ကိုကြီး ဒီနေ့မိုးအုံ့နေသေးတယ်နော် ချမ်းစိမ့်စိမ့်နဲ့ နေရတာ"
"အင်း ကိုယ်က ဒီရာသီဥတုကိုကြိုက်တယ် ဒါပေမဲ့ ကလေးချမ်းတယ်ဆို ကိုယ်ဖက်ထားပေးမယ်"
သူက ပြောနေရင်း သူမကို ကြာဆံဖက်များခွံ့လိုက်သည်။
"ကိုကြီးက ဟင်းချက်တော်တယ်နော် အကောင်းဆုံးပဲ"
သူမက လက်မနှစ်ဖက်ထောင်ပြီး ပြောသည်။
သူက သူမအပြုအမူများကို အချစ်ပိုရကာ သူမ
နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
သူက ကုန်သွားပြီဖြစ်သော ပန်းကန်ကို စားပွဲပေါ် တင်လိုက်ပြီး သူမနှုတ်ခမ်းများကို တစ်ရှူးဖြင့် သုတ်ပေးလိုက်သည်။
သူမက သူ့အကျီ ကော်လာကိုဆော့ကစားနေသည်။
"ကလေး"
သူ့ခေါ်သံကြောင့် သူမက ဆော့ကစားနေရာမှရပ်ပြီး သူ့ကို ကြည့်လာသည်။
"ကလေး သေချာနေပြန်ကောင်းသွားရင် ကိုယ်တို့ camp သွားကြမလား အလုပ်တွေ ခဏမေ့ထားပြီးလေ"
"ဟုတ် သွားကြမယ်လေ အခုလည်းသွားလို့ရတယ်"
"မရပါဘူး ကလေးပြန်ဖျားမှာပေါ့ ဆေးတွေသောက်ချင်လို့လား"
"Eww သောက်ချင်ပါဘူး ဒါပေမဲ့ ကိုကြီး ပြုစုတာတော့ ခံချင်တယ် ဟီဟီး"
"အင်း ပြုစုတာခံချင်တော့လည်း ပြုစုပေးရမှာပေါ့ အဟင်း ဟင်း"
သူမက သူ့ရင်ဘတ်ကို လက်သီးနှင့်ဖွဖွ ထုပြီး
"ကိုကြီးနော် လူယုတ်မာသံနဲ့"
"အင်း လူယုတ်မာပဲလေ ကိုယ်က ယုန်ပေါက်လေးကို ဝါးစားပစ်မဲ့ ဝံပုလွေကြီးလေ"
သူက သူမ လည်ပင်းကို ကိုက်စားမည့်ပုံလုပ်လျှင် သူမက အလန့်တကြား ထအော်လေသည်။
"ကိုကြီးနော်"
"မပြေးနဲ့ စားပစ်မှာဗျ"
သူက သူမလည်ပင်းလေးကို နမ်းလိုက်သောကြောင့် သူမက မနေတတ်ကာ သူ့ကို တွန်းထုတ်သည်။
"ယားတယ် ကိုကြီးရဲ့"
သူမက ရယ်သံစွက်လျက်။
"မသိဘူး စားချင်တာပဲသိတယ်"
သူက သူမ ရင်ဘတ်ကို မှီထားပြီး မျက်လုံးများမှိတ်ထားသည်။
သူမက သူ့ဆံပင်များကို လက်ချောင်းလေးများဖြင့် ပွတ်သတ်လိုက်သည်။
___________
ညစာကိုတော့ သူတို့နှစ်ယောက်သား ထမင်းပေါင်းလုပ်စားကြပြီး အေးအေးလူလူ ရုပ်ရှင်တစ်ကားကြည့်နေလိုက်သည်။
အပြင်မှာလည်း မိုးကရွာသွန်းနေသည်။
သူမက သူ့ရင်ခွင်ထဲမှာ ခွေနေပြီး သူ့ကို မော့ကြည့်လာသည်။
သူနှင့် အကြည့်ဆုံပြီး ချစ်ခင်စွာပင် နမ်းလိုက်ကြသည်။
သူက နမ်းနေရင်း အနမ်းများကို ပိုမိုနက်ရှိုင်းစေလိုက်သည်။
လက်တစ်ဖက်က သူမကို ဖက်ထားရင်းမှ နောက်တစ်ဖက်က သူမ လည်ပင်းကို ထိကိုင်လာသည်။
သူမက လက်နှစ်ဖက်စလုံးကို သူ့ရင်ဘတ်ပေါ်တင်ထားကာ သူ့အနမ်းများကို ခံယူနေသည်။
သူက သူမကို ဆိုဖာပေါ် အသာလှဲချလိုက်ပြီး
သူ့အနမ်းများက နှုတ်ခမ်းမှတစ်ဆင့် လည်တိုင်သုိ့ ရောက်ရှိလာသည်။
"အဟင့်"
သူက နမ်းနေရာမှ ရပ်ပြီး သူမကို မော့ကြည့်လိုက်သည်။
နဖူးလေးကို နမ်းလိုက်ပြီး လက်များက သူမ ရွှေရင်စုံကို ဦးတည်လိုက်သည်။
သူမ၏ ဆွယ်တာလေးကို ခေါက်တင်လိုက်ပြီး သူမ၏ တိမ်စိုင်လေးများအား ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူမ၏ ချယ်ရီသီးလေးအား ဆုပ်ယူလိုက်သည်။
သူမက ခံစားချက်အသစ်ကြောင့် ညီးသံလေးများထွက်ကာ သူ့ပုခုံးများကို ဆုပ်ကိုင်လာသည်။
သူက ပိုမို အားစိုက်လိုက်ပြီး သူမချယ်ရီသီးလေးများကို ဆုပ်ယူနေသည်။
"အဟင့်"
သူမက သူ့အပြုအစုများအောက်တွင် အသစ်အဆန်းဖြစ်နေရသည်။
သူက အားရအောင်ပြုမူပြီးမှ သူမ ချယ်ရီသီးလေးများအား လွှတ်ပေးလိုက်သည်။
သူမက အသက်ဝဝရှုပြီး သူ့ကို မရဲတရဲမော့ကြည့်လာသည်။
သူက သူမကို ပြုံးကြည့်ပြီး
"မောသွားပြီလား"
"နည်းနည်း"
သူမက သူ့ပါးကို ကိုင်ပြီး နမ်းလိုက်သည်။
"ကိုကြီးကိုချစ်တယ်"
သူက သူမ နဖူးလေးကို နမ်းလိုက်ပြီး
"ပိုချစ်တယ် ကလေးရဲ့"
"အိပ်ချင်ပြီ"
"အင်း အိပ်ကြမယ် လာ ကိုယ်ချီမယ်"
သူက သူမကို သူ့ရင်ခွင်ထဲမှာ ထားကာ အိပ်စက်ခြင်းဆီသို့။
_____________________**__________________
Thanks a million~
#gracedaffodil_22


Sunshine In The RainWhere stories live. Discover now