🍀အပိုင်း(၁)🍀

1.9K 55 10
                                    

နာလိုက်တာ!

သူမ၏ဦးခေါင်းက ပေါက်ကွဲတော့မလို ခံစားနေရသည်။ သူမ၏ခန္ဓာကိုယ်ကလည်း ကားနဲ့တက်ကြိတ်ခံထားရသလိုပဲ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့နေသည့် နာကျင်မှုတွေက သူမကို အလွန်မသက်မသာဖြစ်စေသည်။

ပိုင်လီဟုန်ကျွမ့် သူမ၏မျက်လုံးတွေကို ဖွင့်ဖို့ကြိုးစားလိုက်သည်။ သူမရှေ့က မရင်းနှီးသောမြင်ကွင်းတွေကြောင့် သူမရုတ်တရတ် နိုးထလာခဲ့သည်။

"ဒါဘယ်နေရာလဲ?"

သူမ၏နက်နဲသောမျက်လုံးတွေက အလင်းတစ်ချက်လက်သွားသည်။ ဒဏ္ဍာရီလာသားရဲ၏ အသိုက်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော လက်စွပ်တစ်ကွင်းကို သူမတွေ့ရှိခဲ့တာကို ရှင်းရှင်းလင်းလင်း သတိရလိုက်မိသည်။ လက်စွပ်ပေါ်ကို သူမ၏သွေး မတော်တဆကျသွားခဲ့သည်။

ထို့နောက် ရုတ်တရတ် လေပြင်းတွေတိုက်လာပြီး ကောင်းကင်ကြီးက အရောင်ပြောင်းသွားသည်။ သူမပြန်နိုးလာတော့ သူမ မရင်းနှီးသောနေရာမှာ ရောက်ရှိနေသည်။

"ဟစ်!!"

ပိုင်လီဟုန်ကျွမ့် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ထိလိုက်သည်။
မရေမတွက်နိုင်သော ရင်းနှီးပြီးသား ထူးဆန်းသော အမှတ်ရစရာတွေ သူမ၏စိတ်ထဲတွင် ထွက်ပေါ်လာပြီး သူမ၏ ဦးခေါင်းတစ်ခုလုံးကို ပေါက်ကွဲလုမတတ်ဖြစ်‌သွားစေသည်။

ခဏအကြာတွင် ခေါင်းကိုက်တာ တဖြည်းဖြည်း ပျောက်ကင်းသွားသည်။ ပိုင်လီဟုန်ကျွမ့်၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားသော်လည်း သူမ၏နှလုံးသားမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

"ငါတကယ်ကြီး ကူးပြောင်းသွားတာလား?"

ပိုင်လီဟုန်ကျွမ့်၏မျက်နှာက မယုံကြည်နိုင်မှု‌တွေ ကို ဖော်ပြနေသည်။

"ငါနောင်နှစ်ပေါင်းတစ်ထောင်က ရှန့်ယွင်ကုန်းမြေကို ကူးပြောင်းသွားတယ်!!"

မူလက သူမသည် ရှန့်ယွင်ကုန်းမြေက မျိုးရိုးမြင့်မိသားစု၏ အငယ်ဆုံးအကြီးအကဲဖြစ်သည်။ သူမ၏အရည်အချင်းက ပြိုင်ဘက်ကင်းပြီးတော့ သူမ၏ ဂုဏ်သတင်းကလည်း ကြီးမားသည်။

ဉာဏ်များသောကြင်ယာတော်ကသမားတော်Where stories live. Discover now