🍀အပိုင်း(၃)🍀

624 44 0
                                    

"ဘန်း"

ဒုတ်ခနဲ့ မြည်သံနှင့်အတူ ရှင်းယွမ်ဟွမ် ကုတင်ပေါ်ကို ပြင်းထန်စွာ လဲကျသွားသည်။

"ခွက်"

ပြတ်သားထင်ရှားသော ကျိုးပဲ့သံ‌ ထွက်ပေါ်လာပြီး‌ ရှင်းယွမ်ဟွမ်၏နှာခေါင်း ကျိုးသွားခဲ့သည်။ သူချက်ချင်း အော်ဟစ်လိုက်သည်။

"အားးးးးးးး"

ပိုင်လီဟုန်ကျွမ့်၏ မျက်လုံးတွေက ထေ့ငေါ့မှုတွေအထင်းသား ဖြစ်ပေါ်လျက်ရှိသည်။ မူလ
ပိုင်လီဟုန်ကျွမ့်ကို သတ်ဖို့ကြံစည်ခဲ့သည့် နင်တို့ နှစ်ယောက်လုံးကို ငါအတိုးပါပေါင်းယူသွားမည်။

ရှင်းယွမ်ဟွမ် သူ့လက်ချောင်းများကြားမှ သွေးများ စီးကျလာသဖြင့် နှာခေါင်းကို နာကျင်စွာ ဖုံးလိုက်သည်။ ပြင်းထန်သော ဝေဒနာကြောင့် သူ မူးဝေသွားသည်။

"အရှင့်သား.....အဆင်ပြေရဲ့လား"

ပိုင်လီယွိယွမ်၏ ဝက်ခေါင်းပုံစံမျက်နှာသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ သူမ
အမြန်ထလိုက်ပြီး ဘေးနားရှိ ရှင်းယွမ်ဟွမ်ကို ကြည့်လိုက်သည်။

နှစ်ယောက်သား နှာခေါင်းမှာ သွေးစီး‌ကြောင်းနှစ်ကြောင်း ထွက်ကျလျက်ရှိပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အဲ့တာက အရမ်းကို ရယ်စရာကောင်းသည့် မြင်ကွင်းပဲ။

"သေစမ်း.."

ရှင်းယွမ်ဟွမ် ပိုင်လီဟုန်ကျွမ့်ကို ဒေါသတကြီးစိုက်ကြည့်ကာ ကျိန်ဆဲလိုက်ပြီး သူ၏လက်ဖြင့် သူမ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

"ပိုင်လီဟုန်ကျွမ့်...မင်းလုပ်လိုက်တာမလား"

ပိုင်လီဟုန်ကျွမ့် ရှင်းယွမ်ဟွမ်၏လက်နှစ်ဘက်လုံးကို ဆုပ်ကိုင်လိုက်ပြီး အပြစ်ကင်းသောပုံစံဖြင့် ရှုပ်ထွေးစွာကြည့်ရင်း

"အရှင့်သား...ကျွန်တော်မျိုးမ...ဘာမှမလုပ်ပါဘူး"

ရှင်းယွမ်ဟွမ် ဒေါသတွေ တဟုန်ထိုးထွက်လာသော်လည်း ပိုင်လီဟုန်ကျွမ့်သည် မျက်ကန်းတစ်‌ယောက်သာဖြစ်ပြီး သူမ ဘာမှလုပ်နိုင်မှာ မဟုတ်တာကို တွေးမိသွားသည်။ သူ ဒေါသတကြီးဖြင့် ပိုင်လီဟုန်ကျွမ့်ကို ပစ်ချကာ ဟိန်းဟောက်လိုက်သည်။

ဉာဏ်များသောကြင်ယာတော်ကသမားတော်Where stories live. Discover now