🍀အပိုင်း(၈)🍀

440 31 0
                                    

မင်းသားချန်း? တရားမဝင်သားတော်?

ဤစကားလုံးနှစ်လုံးက ပိုင်လီဟုန်ကျွမ့်၏ စိတ်ထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။ ဤမင်းသားချန်း ဆိုသူကို သူမ သေချာသိသည်။

သူမက အင်ပါယာမြို့တော်မှ လူအများ၏ ပြက်လုံးများထဲမှ တစ်ခုဆိုပါက ဤမင်းသားချန်းသည် ဒုတိယပြက်လုံးတစ်ခုဖြစ်သည်။

လွန်ခဲ့သည့်သုံးနှစ်က လက်ရှိဧကရာဇ်မင်းမြတ်သည် ရုတ်တရက် အမည်မသိလူတစ်‌ယောက်ကို မင်းသားတစ်ပါးအဖြစ် အပ်နှင်းခဲ့ရာ အင်ပါယာနန်း‌တော်ထဲ၌ အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ထိုလူကတော့ ဒီဘိုင်ချန်းဆိုသူပင် ဖြစ်သည်။

အင်ပါတော်ရုံးတော်က ကန့်ကွက်ခဲ့သော်လည်း ဧကရာဇ်မင်းမြတ်သည် သူ့နည်းသူ့ဟန်အတိုင်းပင် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဧကရာဇ်မင်းမြတ်သည် သူ့ကို မင်းသားဘွဲ့ အပ်နှင်းခဲ့ပြီး ဆုလာဘ်တော်များစွာ ပေးသနားခဲ့သည်။ ထိုအချိန်မှစ၍ ဖုန်ပေါ်တိုင်းပြည်တွင် နောက်ထပ် မသန်စွမ်းမင်းသားတစ်ပါး ရှိလာခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ နေရာတိုင်းတွင် ကောလဟာလများစွာ ပျံ့နှံ့ခဲ့သည်။ ဒီဘိုင်ချန်းသည် ဧကရာဇ်မင်းမြတ်၏ တရားမ၀င်ကလေးဖြစ်မည်ဟု လူတိုင်းက ထင်မြင်ယူဆခဲ့ကြသည်။ ထိုသို့မှမဟုတ်လျှင် ဒီလိုမျိုး အရည်အချင်းမပြည့်မီသော မသန်စွမ်း‌တစ်ယောက်က မင်းသားတစ်ပါး ဖြစ်လာနိုင်ပါ့မလား။

သို့သော် ဧကရာဇ်မင်းမြတ်သည် ဤကောလာဟလအကြောင်းကို သိသောအခါတွင်မူ သူသည် ပြန်လည်ဖြေရှင်းဖို့ မပြုလုပ်ခဲ့ပေ။ အဲဒီအစား သူသည် ကျေနပ်သွားပုံရသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက ဒီဘိုင်ချန်း၏ အထောက်အထားကို တိတ်တဆိတ် သဘောတူလာကြသည်။

ဧကရာဇ်မင်းမြတ်က ဒီဘိုင်ချန်းကို ‌ဆုလာဘ်တော်တွေများစွာ ပေးအပ်ခဲ့တာကြောင့် သူ့ကို အလွန်အမင်း ချစ်မြတ်နိုးလိမ့်မည်ဟု သူမထင်ခဲ့သည်။ ပထမနှစ်မှာသာ သူသည် ဒီဘိုင်ချန်းကို ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်ဟု သူမ မထင်ထားခဲ့မိ‌ချေ။ နောက်ပိုင်းတွင် ဧကရာဇ်မင်းမြတ်သည်  ဒီဘိုင်ချန်းကို ပို၍လျစ်လျူရှုလာခဲ့သည်။ ဒီဘိုင်ချန်း၏ အဆင့်အတန်းသည်လည်း ကျဆင်းသွား၏။

ဉာဏ်များသောကြင်ယာတော်ကသမားတော်Where stories live. Discover now