Little Dimple (One Shot)

847 103 7
                                    

Little Dimple

ִֶָ𓂃 ִֶָ🐇་༘࿐

"ဟောတော် ဒီမှာစကားပြောရင်း စားဖို့ဆိုပြီး ဆိတ်သားခြောက်နဲ့ ရေနွေးကြမ်းလေးလာချထားတာ ဘယ်ရောက်သွားတာတုန်း..."

"သူကြီးသားလေး လာနှိုက်စားသွားတာဖြစ်မယ် လူလည်လေးက ရေနွေးကြမ်းကျ မထိဘူး...ဪ ဂယူဘင်းနိုးလာပြီပဲ..."

"ဟုတ်တယ် ဒေါ်ဒေါ် အစောကြီးဆိုတော့ ခေါင်းထဲ နောက်ကျိကျိ "

အိမ်အတက်အဆင်းမှာ ငုတ်တုပ်ထိုင်ရင်း ပွရှုပ်နေတဲ့ သူ့ဆံပင်တွေကို လက်နဲ့ထိုးဖွပြစ်လိုက်သည်။ မနက်အစောပိုင်းကိုမှာ နားထဲကန့်လန့်ကြီးဝင်လာသည့် သူကြီးသား ဆိုသည့်နာမ်စားဟာ မည်သူ့အားရည်ညွှန်းပါသနည်း။

ဒေါ်ဒေါ်တို့နဲ့ မြေဝိုင်းတခုထဲမှာ နောက်ထပ်ရှိနေတဲ့ အိမ်က အန်တီကြီးကတော့ ဆိတ်သားခြောက်ဆီစမ်းထားတဲ့ ပန်းကန်လေးကို ငုံ့ကြည့်ငုံ့ကြည့်ဖြင့် နှမြောတသ။

"အဲ့ကလေးကတော့လေ သူ့ကိုယ်သူ သူကြီးသားဆိုပြီး လုပ်ချင်ရာလုပ်တာကွယ် "

"အို...ပြီးကျ ရှင်ပဲ မုန့်တွေအမြဲပေးပေးနေပြီးတော့...."

ဒေါ်ဒေါ်ကအဝတ်တွေ ထုတ်လှမ်းရင်း အိမ်နှစ်လုံးရှေ့က ကွတ်ပျစ်ပေါ်မှာရှိနေသည့် အန်တီကြီးအားစကားထောက်ပြော၏။ နားသာထောင်နေတော သိပ်တော့ နားမလည်။ အိပ်ချင်မူးတူးနဲ့ ဂယူဘင်းရဲ့ပုံစံဟာ မနေ့က ဒီကိုရောက်ရောက်ခြင်းတုန်းကအတိုင်း ကြည့်ကောင်းနေပါမယ်လို့မထင်ပါ။

မြို့ပြနဲ့ဝေးတဲ့ ဒေသဆိုတော့ တောရွာလေးလိုမျိုးဖြစ်နေပြီး ရာသီဥတုလည်း သာသာယာယာရှိသည်။ ရွာတွေရဲ့ထုံးစံအတိုင်း မနက်ဆို အစောကြီးထကျသည်မို့ အခု ဂယူဘင်းနိုးလာရသည်ကလည်း အန်တီကြီးတွေစကားပြောသံကြောင့်သာ။

သူအခုရောက်နေတဲ့ နေရာကသူ့ကို ထယ်ရယ်ဟျောင်း ညွှန်းပေးလိုက်သည့်နေရာ။ တည်းဖြစ်သည့်အိမ်က ထယ်ရယ်ဟျောင်းနဲ့အမျိုးမကင်းသည့် အဒေါ်တယောက်ရဲ့အိမ်။ ဓာတ်ပုံသမားတယောက်အနေနဲ့ လူတွေကို ဓာတ်ပုံရိုက်မပေးဖူးဘူးလို့ ပြောရင် ယုံချင်စရာကောင်းချင်မှကောင်းလိမ့်မည်။

𝔾𝕪𝕦𝕛𝕚𝕟(𝕆𝕟𝕖𝕤𝕙𝕠𝕣𝕥 ℂ𝕠𝕝𝕝𝕖𝕔𝕥𝕚𝕠𝕟) ˚ʚ♡ɞ˚Where stories live. Discover now