The Hurt Cycle Never Stops ( I )

635 85 7
                                    

The Hurt Cycle Never Stops ( I )

Note (Gv Red Flag & possessive type ပါ ဒါကြောင့် character sensitive တာမျိုးဆို ကြို drop လို့ရအောင် note လေးထည့်ထားပေးပါတယ်ရှင့် သဘောကျကြပါစေဗျာ>< )

࣪ ִֶָ☾.⭒

"ကိုယ် မင်းကို ချဉ်းကပ်ခဲ့တာ စီးပွါးအရဆိုရင်ရော ?"

ပတ်ပြေးနေပေမယ့် စက်ဝိုင်းပုံစံလည်ပတ်နေရသယောင်။ မရပ်မနားပြေးနေပေမယ့် အချိန်တန်ရင် ဒီစက်ဝန်းထဲက တနေရာမှာပဲ ပြန်ရပ်သွားရတာမဟုတ်လား။

ဒါဆို သိသိရက်နဲ့ သူဟာဘာကြောင့်အမောဖောက်မတတ်ပြေးလွှားနေရပါသလဲ...

မျှော်လင့်ချက်အရိပ်အရောင်မရှိတော့သည့်အတိုင်း ငေးကြည့်နေရင်းကနေ အကြည့်လွှဲပြစ်မိသည်။ စိတ်ဖိစီးလာရင် လုပ်မိတတ်တဲ့ အမူအကျင့်အတိုင်းယူဂျင်းဟာ လက်သည်းတွေကို နာနာဖိကိုက်ပြစ်တယ်။ ကိုကိုပြောလာသည်ကို နားထောင်ရင်း နားထဲကနေလေပူကန်ထွက်နေသည့်အတိုင်းကို ခံစားရတာ ခက်ခက်ခဲခဲ။

မျက်ရည်တွေကျလာမှာကို ကိုယ်တိုင်ကမနှစ်မြို့သည်မို့ မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်မိတာ စက္ကန့်ပိုင်းလေးတွင်အကြိမ်အရေအတွက်များပြားစွာ။

"ခုနက ကိစ္စကိုမကြားခဲ့သလိုပဲ သဘောထားလိုက်မယ် ညနေ meeting အတွက်လိုအပ်တဲ့ file တွေအသင့်ဖြစ်ပြီလားဟင် "

အတတ်နိုင်ဆုံး အဆိုးဘက်ကိုရောက်မသွားအောင်လို့ အသံလှိုင်းကိုငြိမ်အောင်ထိန်းသည်။ ရင့်ကျက်လွန်းတဲ့ လူကြီးတယောက်ပုံစံကိုကိုးကားဖမ်းယူရင်း ယူဂျင်းကလက်ကောက်ဝတ်ထိရှည်နေတဲ့ အကျီလက်ကို ဟန်ပါပါခေါက်တင်ပြစ်၏။

ဒါ...သူမငိုမိအောင် သူ့ကိုယ်သူစိတ်ပြောင်းနေမိတာ...

"ဟန်ယူဂျင်း...ငါ့စကားကို ဖြတ်ပြောတာ ငါမုန်းမှန်းသိတယ်မလား "

"အလုပ်ချိန်မှာ အလုပ်အကြောင်းပဲပြောပေးနိုင်မလား Gyuvin shi "

စိမ်းသက်တဲ့အခေါ်အဝေါ်ဖြင့် စကားတွေလွန်မလာအောင် မသိမသာထိန်းယူပြစ်သည်။ MacBook ထဲက အရေးကြီးအချက်အလက်တွေကို keyboard ပေါ်တဂျောက်ဂျောက်ဖြင့် ပြန်ရိုက်ရှာစစ်နေပေမယ့် အလုပ်ထဲမှာ သူ CEO ကိုယ်တိုင်က အာရုံမရှိ။

𝔾𝕪𝕦𝕛𝕚𝕟(𝕆𝕟𝕖𝕤𝕙𝕠𝕣𝕥 ℂ𝕠𝕝𝕝𝕖𝕔𝕥𝕚𝕠𝕟) ˚ʚ♡ɞ˚Where stories live. Discover now