Never Stop Loving U 2 (Oneshot)

921 91 25
                                    

Never Stop Loving U 2 (One Shot)

(အရင်ကတင်ဖူးတဲ့ OS တခုရဲ့ အဆက်လေးပါ ရိုရိုချိုချိုနဲ့ Rs ဖြစ်ပြီးနောက်ပိုင်းကို ရေးထားတာမို့လို့ စိတ်ပင်ပန််းတဲ့အခါ အချိုလေးတွေ လာဖတ်လို့ရအောင်ပါ ဘာ drama မှလည်း မပါပါဘူး သဘောကျဖို့မျှော်လင့်ပါ၏ ^^)

🐰

"မြန်မြန်ပြင်နိုအာ နောက်ကျမယ် "

"...."

"ဟန်နိုအာရေ ငါပြောနေတယ် မြန်မြန်လုပ်လို့ !"

"ဟာ ကိုကိုကဘာလို့ ရေချိုးထဲဝင်လာရတာလဲ သူများ ရေချိုးနေတာကိုလေ ကိုကိုနှာဘူးပဲ !!"

အော်တိုတုန့်ပြန်မိသည်က ရေချိုးဆပ်ပြာပုလင်းနဲ့ ရေချိုးခန်းထဲဝင်လာသော ကိုကို့ကို ပြစ်ပေါက်မိခြင်း။ ဆပ်ပြာမြုပ်အဖြူရောင်တွေကြားမှာ ယူဂျင်းကိုယ်လေးကို bathtub ထဲစိမ်ရင်းပိုကျုံ့ဝင်လိုက်မိပြီး ရှက်လွန်းလို့ မျက်နှာလွှဲထားမိသည်အထိ။

"ဒီလိုမှ ဝင်မလာရင် မင်းပြီးမှာမဟုတ်တော့ဘူးလေ ငါမင်းထက်၇ နှစ်ကြီးတယ်နော် နိုအာ...၇ နှစ်ငယ်တာမဟုတ်ဘူးကွ ! "

"ဘာ...ဘာမြင်သွားသေးလဲ "

"ဘာကို မြင်ရမှာလဲ ! မဟုတ်တာကိုရှက်မနေပဲ မြန်မြန်လုပ်စမ်းပါ သည်းကလေးရယ် ကိုကိုအားတာလည်းမဟုတ်ဘူး "

ကိုကိုအရှောင်မြန်လို့ ရေချိးခန်းနံရံနဲ့ရိုက်ပြီး ကွဲကျတဲ့ ဆပ်ပြာဘူးကို ကောက်ကာ အမှိုက်ပြစ်မယ့် ခြင်းထဲပြစ်ထည့်သည်။သူ့ကြောင့် တခုခုပျက်စီးသွားလို့နှမြောတတ်တဲ့စိတ်မျိုးကိုကို့မှာမရှိဘူး။ ပိုက်ဆံကို ရေလိုသုံးနိုင်သည်မို့ တခုပျက်ရင် တခုဝယ်ရုံပေါ့လို့ ကိုကိုပြောဖူးသည်မဟုတ်လား။

ရည်းစားဖြစ်လာပြီးနောက်ပိုင်း သူဖျက်စီးမိသည်က တော်တော်များများ။ ပြီးကျ သူလုပ် သူနှမြောပေမယ့် ကိုကိုကမျက်နှာတချက်ပျက်တတ်သူမဟုတ်။

"တကယ် ဘာမှမမြင်တာ သေချာလား "

"သေချာပါတယ် နိုနိုရယ် မင်းမမူးပဲသိပ်ရစ်တဲ့ကလေး။ ဆပ်ပြာမြုပ်တွေပြည့်နေတာကို ကိုကိုက ဘာမြင်ရမှာလဲကွာ...မြန်မြန်သာချိုးပါ ဇိမ်ခံနေတယ် မင်းလေ ပြောပေါက်တွေ !"

𝔾𝕪𝕦𝕛𝕚𝕟(𝕆𝕟𝕖𝕤𝕙𝕠𝕣𝕥 ℂ𝕠𝕝𝕝𝕖𝕔𝕥𝕚𝕠𝕟) ˚ʚ♡ɞ˚Where stories live. Discover now