Orange Flower 🧡 (Oneshot)

920 104 11
                                    

Orange Flower

🧡

"ဟဲ့ ! အဲ့ဒီ့ ent ရဲ့ CEO က ငယ်ငယ်ချောချောလေးလို့ကြားတာဟဲ့ တခါမှတော့ မမြင်ဖူးကြဘူးလေ တချို့မြင်ဖူးတဲ့လူတွေပြန်ပြောလို့ ကြားဖူးတာ မြင်ဖူးတယ်ဆိုတာကလည်း ခပ်ရှားရှားရယ် "

"အေ...CEO က ပဲ ချောလို့လား ဟန်ယူဂျင်းကြောင့်ပဲလားတော့မသိ ent အသစ်ပေါ်လာတာ တလခွဲအတွင်းကို ဒိတ်ဒိတ်ကြဲဖြစ်နေတာလေ Big ent တွေထဲပါ ပါလာပြီ "

"ဟန်ယူဂျင်းကြောင့်ပဲ ထင်ပါတယ် နောက်ပြီး trainee ဆိုလို့ သူတယောက်ထဲရှိတာ "

"ဘာနေနေအေ CEO ချောချောငယ်ငယ်လေးကို မြင်ဖူးကြည့််ချင်တာ "

Ent အောက်ထပ်က ကော်ဖီဆိုင်တွင်ဖြစ်သည်။ မနက်စာဆင်းဝယ်ဖို့ အောက်ထပ်ဆင်းခဲ့ပေမယ့် ပုကျိပုကျိနဲ့ တွတ်ထိုးသလို ကြားနေရတဲ့ အသံတွေကြောင့် နိုအာနားထဲထည့်ထားတဲ့ air pod ထဲကသီချင်းကို မသိမသာပိတ်လိုက်ကာ အသာနားထောင်နေမိ၏။

ခေါင်းအစခြေအဆုံး အဖြူရောင်ဝတ်ထားပြီး mask အဖြူရောင်နဲ့အတူ လည်ပင်းသားဖွေးဖွေးလေးပေါ်က ကိုက်ရာတချို့။

လက်ညိုးလေးနဲ့ ကိုယ့်ဘာသာပြန်စမ်းမိပြီး နာသည်မို့ နှာခေါင်းလေးရှုံ့မိလိုက်သည်။ သူတို့တွေပြောပြောနေတဲ့ CEO ချောချောလေးရဲ့ ဒုက္ခတွေကို ခါးစီးခံနေရတာ လူဘယ်သိပါ့မလဲ....

"နိုအာ...ကြာနေလို့ "

"အဲ...သောက်ပလုတ်တုပ် ! ဘာလို့အသံမပေးပဲ ရောက်လာတာလဲ ခင်ဗျား !"

"အသံက ပေးပါတယ် မင်းဘာသာမကြားပဲ....ဘာမှာထားတာလဲ အားရှိတာစားနော် မင်းကျန်းမာမှ အဆင်ပြေမှာ "

"ကိုကို....ခင်ဗျားကလေ လူကိုအစားအစာလိုပဲ "

"မင်းက ကိုယ့်အစာပဲဟာကို "

နားဘေးကို ခပ်တိုးတိုးငုံ့ကပ်ကာပြောလာပြီး လူယုတ်မာအပြုံးပြုံးပြသေးသည်။ သူ့နည်းတူ mask တပ်ထားပေမယ့် ပြုံးနေမှန်း သိတယ်လေ။ ဒါက ၅ နှစ်တာ တအိမ်ထဲ နေလာတဲ့အကျိုးဆက်ပေါ့...

အထူးသဖြင့် လူမဟုတ်တဲ့ လူတယောက်ရဲ့ အစာဖြစ်လာတဲ့ အကျိူးဆက်....

𝔾𝕪𝕦𝕛𝕚𝕟(𝕆𝕟𝕖𝕤𝕙𝕠𝕣𝕥 ℂ𝕠𝕝𝕝𝕖𝕔𝕥𝕚𝕠𝕟) ˚ʚ♡ɞ˚Where stories live. Discover now