Falling in love again!

278 32 10
                                    

" SeungKwanna အခုထတော့။ "

" ..... "

" မင်းထမှ ရတော့မယ်နော်။ နောက်ကျနေပြီဆိုတာ သိတယ်မဟုတ်လား။ "

Dokyeom ပြောနေသော်လည်း SeungKwan၏ မျက်လုံးများက ပွင့်မလာပါချေ။ ထိုအစား SeungKwanက သူ၏မျက်လုံးများကို မှိတ်ထားလျက် အူးအူးဝါးဝါးဖြင့် ပြောလာသည်က 

" အင်း။ နောက်ထပ် 5မိနစ်ပဲ Hyung "

" ..... " 

Dokyeomက သူရဲ့စိတ်အား အတတ်နိုင်ဆုံးလျော့ချလိုက်လေသည်။ 

လာပြန်ပြီ ဒီစကား။ သူ အဲဒီစကားကို ကြားနေရသည်မှာ လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းက ဖြစ်သည်။ အခုလည်း ထိုနည်းလည်းကောင်းပါပင်။ Boo SeungKwanက သူ့ကို ဘယ်အချိန်လောက်ထိများ ဒီလိုမျိုးနှိုးခိုင်းစေချင်နေတာပါလိမ့်?

နောက်ဆုံးတွင် Dokyeomသည်လည်း စိတ်မရှည်နိုင်တော့ပါချေ။ အခန်းတံခါးကို တဒုန်းဒုန်းထုကာ အသံအား ပိုကျယ်၍

" Yaaa Boo SeungKwan! မင်းကိုငါ အခုချက်ချင်း!! ထတော့လို့ပြောနေတယ်လေ  " 

" ..... "

Dokyeom၏ အသံနက်နက်ကြောင့် အိပ်နေသော SeungKwanမှာလည်း ဆက်မအိပ်နိုင်တော့ပဲ မလူးသာမလွန့်သာဖြင့်သာ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ပင် ထထိုင်လိုက်မိသည်။ 

ထို့နောက် SeungKwanသည် သူ၏ ကိုယ်ပိုင် အိပ်ချင်မူးတူးအသံနှင့် ပြောလိုက်သည်။

" အင်း အင်း Hyung, အခုထပြီ "

" ..... "

သူ အသံပေးလိုက်ပြီးနောက်တွင် Dokyeom Hyungက သူ့အခန်းရှေ့မှ ထွက်သွားပြီဖြစ်သည်။ ထို့အတူ သူ၏ ခေါင်းသည်လည်း အိပ်ရာပေါ်သို့ ပြန်ကျသွား၍ ဦးတည်ရာမှာတော့ နောက်ထပ်တစ်ဖန် အိပ်စက်ခြင်းဆီသို့။ 

သို့သော် SeungKwanသည် အိပ်ပျော်လုဆဲဆဲတွင် သူ၏နားထဲ၌ ထပ်မံ၍ ကြားလိုက်ရသည်က

" Ya Shiiii Boo SeungKwan!! မင်း မထသေးပြန်တာလား " 

အခုတစ်‌ခေါက်သည်လည်း Dokyeom Hyung၏ ချိုသာလှစွာသောအသံလေး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ သူသည် ဒုတိယအခေါက်အနေဖြင့် အိပ်ရာမှကုန်းထရင်း ရေရွတ်လိုက်မိသည်က

My American Boy Where stories live. Discover now