I think I love you ^^

276 36 3
                                    

New Yorkသို့ သွားခဲ့သော အပန်းဖြေခရီးသည် ကောင်းမွန်စွာ အဆုံးသတ်ခဲ့သည်ဟုပင် ဆိုရမည်။ သူ့အတွက် ပထမဆုံး နိုင်ငံခြားသို့ ခရီးထွက်ခြင်းဖြစ်သည့်အလျှောက် 5ရက်တာလုံး စိတ်ကူးတည့်ရာ လျှောက်သွားခဲ့သည်။ ခြေလှမ်းတို့မှာ မထပ်စေရ။

သို့သော် အရာရာတိုင်းတွင် ချွင်းချက်ဟူသည်က ရှိစမြဲဖြစ်သည်။ ထူးခြားမှုသည်ကား SeungKwanသည် "FIRST MEET" ဟု အမည်ရသော Cafeကို နေ့စဉ်နေ့တိုင်း သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အဲတာက တစ်စုံတစ်ယောက်အား ထပ်၍မြင်တွေ့လိုသည်ကြောင့်လား? ဒါမှမဟုတ် သူ၏ ရှုပ်ထွေးနေသောခံစားချက်များကို အတည်ပြုရန်လား? ကွဲကွဲပြားပြားမသိနိုင်ပါပေ။ မည်သို့ပင်ဆိုစေကာမူ အကြောင်းပြချက်က ထိုတစ်စုံတစ်ယောက်ဖြစ်သည်မှာတော့ သေချာပါသည်။

SeungKwanသည် Flight ချိန်အစောဆုံးဖြစ်သည့် ticketကို ဖြတ်ကာ Seoulသို့ ပြန်ခဲ့သည်။

အပြန်ခရီးက သူ့အား ထင်သလောက် စိတ်မပျော်ရွှင်စေသည်မှာတော့ အမှန်ပင်ဖြစ်သည်။ ယခုဆိုလျှင် သူသည် New Yorkမြို့ကို နှုတ်ဆက်ခဲ့ပြီဖြစ်သလို New Yorkမြို့၏ လမ်းမများထက်တွင်လည်း သူ၏ အငွေ့အသက်များ အလုံအလောက် ထားရစ်ခဲ့ပြီးဖြစ်သည်။

သို့သော် ထိုအရာများနှင့်အတူ သူ၏ မှတ်ဉာဏ်ထဲတွင်ရှိနေသော အဲဒီလူအား ချန်ရစ်ထားနိုင်ခဲ့တယ်ဆိုတာရော ဟုတ်ပါရဲ့လားလေ ...။

Flight Time Skip >>>

SeungKwan, Seoulသို့ ပြန်ရောက်သည့်အခါတွင် အသွားတုန်းကလို မှိုင်းထိုင်း၍မနေပါ။ အဘယ့်ကြောင့်ဆိုသော် Fightပေါ်တွင် တစ်ချိန်လုံးအိပ်လာခြင်းကြောင့်ဖြစ်သည်။ အိပ်ရသည်မှာ အလွန်သက်သောင့်သက်သာ ဖြစ်ခဲ့သည်ကြောင့် နည်းနည်းလေးတောင် ပင်ပန်းမှုမရှိပါချေ။

SeungKwan အိမ်သို့ရောက်သော် သူ့အားကြိုဆိုနေသည်က ဗလာကျင်းနေသော အိမ်ကြီးဖြစ်သည်။ သူ၏ Hyung နှစ်ယောက်လုံးအား အရိပ်လေးတောင် မတွေ့ရပါ။ သို့သော် အိမ်ရှိတံခါးတို့မှာတော့ ပွင့်လျက်သား။

" သူတို့ကတော့ တကယ်ပါပဲ။ အပြင်သွားမယ်ဆိုလည်း အိမ်ကို တံခါးတွေသေချာပိတ်သွားကြပါလား။ ဘယ်သူမှမရှိတဲ့ဟာကို။ "
သူ လေသံခပ်တိုးတိုးဖြင့်သာ ဆူသလို ပြောလိုက်မိသည်။

My American Boy Where stories live. Discover now