2+2 Times ~ ( I )

332 32 4
                                    

April 25

Hansol, Duty ပြီး‌၍ နားနေခန်းသို့ရောက်သည်နှင့် Ommaထံမှ Phoneဝင်လာခဲ့သည်။

သူမ ပြောသည်က
" Han ah, မင်း ညီမလေးဆီကို သွားလိုက်ပါဦး " ဟူ၍။

Omma ဆိုလိုသည်ကို သူသိပါသည်။ အဲတာက New Yorkတွင် Unniတက်‌နေသော Sofiaဆီသို့ သွားခိုင်းနေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် Appaနှင့် Ommaသည်သာ တစ်လတစ်ခါ သွားကြည့်နေကြဖြစ်သော်လည်း အခုတွင် သူတို့က ခရီးထွက်နေသည်ကြောင့် ထိုတာဝန် သူ့ပေါ်သို့ ကျရောက်လာမည်မှာ သဘာဝကျကျပင်ဖြစ်သည်။

" အင်း Omma, ကျွန်တော် နားလည်ပြီ။ "

Hansolက Omma၏ စကားကိုလက်ခံ၍ Phone callအား တိုတိုတုတ်တုတ်ဖြင့် အဆုံးသတ်လိုက်သည်။

ထို့နောက်တွင် သူ့အကျင့်အတိုင်း အိမ်မှပါလာသည့် Coffeeဘူးနှင့်အတူ ဘေးနားရှိ ဖတ်လက်စဖြစ်သော စာအုပ်တစ်အုပ်ကိုယူကာ ဆေးရုံအောက်ပန်းခြံသို့ ဆင်းခဲ့လေသည်။

ဤသည်မှာ သူ၏ အားလပ်ချိန်ကို ကုန်ဆုံးသော နည်းလမ်းတစ်မျိုးပင် ဖြစ်သည်။ Hansolသည် စာဖတ်ရာတွင် တိတ်ဆိတ်နေသည်ကို သဘောကျသည့်တိုင် အေးချမ်းမှုကိုလည်း ရှာဖွေလိုသဖြင့် ဆေးရုံပန်းခြံကိုသာ ရွေးချယ်ဖြစ်လေသည်။ သေချာပေါက် ထိုနေရာသည်လည်း ထင်ထားသည်ထက် ပိုတိတ်ဆိတ်၍ အေးချမ်းနေလို့ပင်ဖြစ်သည်။

ပန်းခြံဝန်းထဲသို့ရောက်သော် အရင်ရက်များကအတိုင်း လေ့ကျင့်ထားခြင်းအလျဉ်းမရှိသော သူ့ခြေလှမ်းတို့၏ ဦးတည်ရာမှာ ထပ်တူကျနေသည့် သစ်သား ခုံတန်းရှည်လေးဆီသို့သာ။

Hansolက အရင်ဆုံးခုံ၌ နေရာယူလိုက်၍ Coffeeတစ်ငုံအား သောက်လိုက်ပြီးနောက်တွင် သူ၏ ရည်ရွယ်ချက်ဖြစ်သော စာဖတ်ခြင်းလုပ်ငန်းစဉ်ကို စတင်‌လေတော့သည်။

သို့သော် Hansol၏ အာရုံစူးစိုက်မှုတို့မှာ ကြာရှည်မခံလိုက်ပါပေ။ အကြောင်းအရင်းကတော့ သူသည် ပထမစာမျက်နှာကို ဖတ်ပြီး၍ ဒုတိယတစ်ခုသို့ပြောင်းရွေ့ရန် စာရွက်အားလှန်လိုက်သည်ဆိုလျှင်ပဲ ရုတ်တရက် သူ့နားတွင်ဖြစ်ပေါ်နေသော ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခုအား သတိထားမိလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။

My American Boy Where stories live. Discover now