အပိုင်း(၁)
ဒီနေ့ က အလုပ်စဝင်သည့် ပထမနေ့ဖြစ်ပါသည်။တကယ်က ဒီအလုပ်ကို စပြီး ဝင်လုပ်လာ တာက ကြာပါပြီ။လုပ်ရသည့် အလုပ်က လူတွေကို ရိုက်ရ၊နှက်ရတာဆိုတော့ မင်းစေရင် နှင့် သိပ်မကိုက်ညီတာသာ ဖြစ်သည်။အဲ့ဒါကြောင့် ရုတ်တရက် ဘော်ဒီဂတ်ပျောက်သွားတဲ့ သူဌေး ညွှန်းတစ္ဆေ ဆီကို လွှဲပြောင်းပေးဖို့ အတွက် သူဌေး ညွှန်းတစ္ဆေ ၏ ရုံးခန်းသို့ မင်းစေရင်ကို ခေါ်လာတာဖြစ်သည်။ဒီနေ့က စပြီး သူဌေး ညွှန်းတစ္ဆေ ထံ၌ အလုပ်ဝင်ရတော့ မည်ဖြစ်သည်။သူဌေး ညွှန်းတစ္ဆေ ထံသို့ ခေါ်လာရာ လမ်းတလျှောက်၌ သူဌေး ညွှန်းတစ္ဆေ၏ အကြောင်းကို ရယ်ပွဲဖွဲ့နေကြသော အနှီယောက်ျား တို့၏ လျှာကို မုန်းတီးမိသည်။ယောက်ျားတွေ အတင်းပြောတာ တကယ်ဆိုးပါ့လား? လို့လည်း တွေးမိသည်။
"သူ့ဖင်လေးက ဖြူဖွေးနေတာပဲ"
"သူ့ခါးသိမ်သိမ်လေးကို ကိုင်ပြီး ကြမ်းချင်သလောက်သာ ကြမ်း သူအရမ်းသဘောကျတာ"
"ချစ်စရာကောင်းပေမယ့် ဘာလုပ်ရမှာလဲ? ဒီလောက် တွေ့ကရာလူနဲ့ အိပ်နေတာ"
"တခုတော့ ရှိတယ် အခုပျောက်သွားတဲ့ သူ့ဘော်ဒီဂတ်ကို ရှင်းပစ်လိုက်တာလို့ ကြားတာပဲ"
"ဘာလို့လဲ?"
"သူ့ကို စားမတတ်၊ဝါးမတတ် ကြည့်လို့တဲ့လေ"
"ဘာ သူလိုလူက စားမတတ်၊ဝါးမတတ်ကြည့်ရင် ပိုသဘောကျမှာ မဟုတ်ဘူးလား အဲ့ဒီကောင်ကို ငါမြင်ဖူးပါတယ် တကယ့်အဆင်လေး"
"သူက လူတကာနဲ့ သာ ပတ်အိပ်တာ လက်အောက်ငယ်သားနဲ့ကျတော့ မအိပ်ဘူး တဲ့လေ"
"အော် ဒါကြောင့်ကိုး"
"တခါကြီးဟာ ရဲမှူးနဲ့ သူအစည်းအဝေးလုပ်တာ အရမ်းကြာတယ်လို့ ထင်နေတာ ဘယ်ဟုတ်မလဲ ငါချောင်းနားထောင်ကြည့်တော့မှ ရဲမှူးက သူ့ကို ကြိတ်နေတာဟ ဟား ဟားဟား"
"ရဲမှူးတင်မကပါဘူး ကွာ။ခေါင်းဆောင်နဲ့လည်း အိပ်တာပဲ"
"ဟား ဟား ဟား"
အဲ့ဒီ$ပါးစပ်တွေ ကို ပိတ်ထားကြပါတော့ ။ပတ်ဝန်းကျင်အလှအပတွေကိုတောင် ခံစားလို့ မရတော့လို့ တော်ကြပါတော့။
...........
ပထမဦးဆုံး အမြင်မှာပင် သူဌေး ညွှန်းတစ္ဆေ ဟာ သိပ်ကို လှပနေခဲ့တယ်။နေထိုင်လာခဲ့တဲ့ အနှစ် နှစ်ဆယ့်တစ်နှစ်အတွင်းမှာ ဒီလောက်လှပပြီး အေးစက်တဲ့ ယောက်ျားလေးမျိုးကို မင်းစေရင် မမြင်ဖူးခဲ့ဘူး။ခြေတံရှည်ရှည်လေး၊ခါးသွယ်သွယ်လေး၊လည်တိုင်လှလှလေးနှင့် ဖွေးသန့်နုမွတ်နေတဲ့ အမျိုးသားလေးက မာရေကျောရေနဲ့ ခြေထောက်ချင်းထပ်ပြီး ထိုင်နေတယ်။မျက်နှာသွယ်လေး ၊နှာတံပေါ်ပေါ်လေး၊နှုတ်ခမ်းနီနီလေးနှင့် မျက်လုံးအိမ်လှလှလေးက အေးစက်စက်အကြည့်တွေ
ဟန်ပါပါနှင့် စီးကရက်တလိပ်ကို သောက်နေတုန်းပဲ။"သူ့ပုံစံကို ကြည့်ရတာ ဘော်ဒီဂတ်ပုံစံပေါ်ပါတယ်"
"ပေါ်ရုံမကပါဘူး သူဌေး တကယ့်ကွက်တိပါပဲ ကြည့်ပါ့လား? ငယ်ငယ်ရွယ်ရွယ်နဲ့ ထွားကျိုင်းဖွံ့ဖြိုးနေတာ။အရပ်အမောင်းနှင့် ကြွက်သားတွေက အရမ်းမမိုက်နေဘူးလား?"
သူဌေး၏လူယုံပြောနေသည့် စကားများထက် သူဌေးက သူ့မျက်လုံးတွေကို သူပိုယုံသည် ထင်ပါသည်။တကိုယ်လုံးကို ကြည့်ရှု အကဲဖြတ်နေသည်။
"သေနတ်ကောင်းကောင်းကိုင်တတ်လား?"
"အလုပ်မှာတုန်းက ပထမရခဲ့ဖူးပါတယ်"
"ဘယ်အလုပ်တုန်းကလဲ?"
"ရဲ"
"ဘာလို့ ဒီလောကထဲ ဝင်လာတာလဲ?"
"အလုပ်ပြုတ်ထောင်ကျပြီးတော့ ပိုက်ဆံလိုလို့ပါ"
"ကိုယ်ခံပညာရော"
"ကျတော် ကရာတေးရော၊ဂျုဒိုရော၊လက်ဝှေ့ရော ကောင်းကောင်းကစားတတ်ပါတယ်။ဝါသနာလည်း ပါလို့ပါ"
လှတဲ့ လူတွေများ အေးစက်စက်အကြည့်တွေ၊မထီမဲ့မြင်ဟန် အပြုံးတွေနဲ့ တောင် လှနေတာပဲ လို့တွေးမိသည်။
"ဟုတ်ပြီလေ သူ့မျက်လုံးတွေကို သိပ်မကြိုက်ပေမယ့် ထားခဲ့လိုက် ၊ငါလည်း လက်ရှိမှာ လူလိုနေတာပဲ ဆိုတော့
ပြီးတော့
ကောင်လေး ဒီလောကကြီးထဲက အလှအပတွေက အပေါ်ယံတွေချည်းပဲ ရက်စက်တဲ့ တောတွင်းဥပဒေကသာ အမှန်တကယ် ရှင်သန်ရာလမ်းပဲ
မလိုအပ်ပဲ မနွေးထွေးလွန်းလိုက်နဲ့"ပြောချင်ရာပြောပြီး ထွက်သွားတဲ့ သူေဌး၏ နောက်ကျောပြင်ကိုသာ ငေးမောရင်း မင်းစေရင် ကျန်ရစ်ခဲ့ရ ေလသည်။
"လူကဲခတ်လည်း တော်တာပဲ"
YOU ARE READING
ပြုစားသော/မာဖီးယား၏သက်တော်စောင့်🔞
Short Story"မင်းက ပန်းသေနေတာလား? ငါကပဲ ဆွဲဆောင်မှု မရှိတာလား?" "မဟုတ်ပါဘူး သူဌေး ကျတော့်ရဲ့ ပထမဆုံးအကြိမ်မို့ အပြန်အလှန်ချစ်တဲ့ သူအတွက်ပဲ သုံးချင်လို့ပါ" "ဟေး မင်း ငါ့ကို ချစ်နေပါတယ်" "ဒါပေမယ့် သူဌေးက ကျတော့်ကို မချစ်ဘူးလေ"