part (02)

5.4K 170 0
                                    

အပိုင်း(၂)
ကားပေါ်မှာ မင်းစေရင်နှင့် နှစ်ယောက်တည်းပဲ ရှိနေချိန်တွေမှာ မင်းစေရင်၏မျက်လုံးတွေက ကားနောက်ကြည့်မှန်ထဲက ကျတော့် ပုံရိပ်တွေကိုပဲ တချိန်လုံး ငေးကြည့်နေခဲ့သည်။ကားပေါ်ကို ကျတော် စပြီး တက်ခါစကရော။သူကားမောင်နေသည့် တလျှောက်လုံးရော။မီးနီ မိနေသည့် အချိန်အတောအတွင်းရော။လမ်းပေါ်မှာ ကားပိတ်နေသည့် တလျှောက်လုံးရော ။တချိန်လုံး ငေးကြည့်နေပေမယ့် အကြည့်တွေက စားမတတ်၊ဝါးမတတ်တော့ မဟုတ်၊ငေး‌ေမာနေသည့်အကြည့်မျိုး။

"မင်းနာမည်က ဘယ်သူတဲ့လဲ?"

"မင်းစေရင် ပါခင်ဗျ"

"မင်း စေ ရင်  ကားကို ဂရုစိုက်မောင်းပါ။ယာဉ်တိုက်မှု ဖြစ်လိမ့်မယ်"

"ဟုတ်ကဲ့ တချိန်လုံး ဂရုစိုက်ပြီး မောင်းနေပါတယ် ခင်ဗျ"

"ဒါနဲ့ မင်းက ဘာလို့ ထောင်ကျရတာလဲ?"

"ကျတော့် အထက်အရာရှိရဲ့ သမီးက ကျတော့် အခန်းထဲရောက်နေလို့ပါ"

"အမယ် မင်းက ဘယ်ဆိုးလို့လဲ? ဟုတ်ပြီး မင်းအတွေ့အကြုံလေး ‌ကို ပြောပြပါဦး"

"သူက တနေ့သားကျတော့ ကျတော့် အခန်းထဲကို ဝင်လာတယ်။ပြီးတော့ ကျတော့် ကြွက်သားတွေကို ကိုင်တယ်။ဘော်ဒီတောင့်တာကို သူကြိုက်တယ်လို့လည်း ပြောတယ်။ပြီးတော့ ကျတော့်ကို တက်ခွပြီး သူ့စကပ် ကို လှန်လိုက်တယ်"

မင်းစေရင်၏ အသံတွေက တည်ငြိမ်နေသည်။ဒီလို ကိစ္စကိုသူ စိတ်မလှုပ်ရှားဘူးလား? ငယ်ရွယ်တဲ့ ကောင်လေးတယောက် မဟုတ်ဘူးလား?
တက်ကြွပြီး ပြင်းပျနေရမှာလေ။လက်ရဲ၊ဇက်ရဲ၊ကြမ်းတမ်းနေလိမ့်မယ် မဟုတ်ဘူးလား?

"ပြီးတော့ရော"

"ကျတော် သူ့ကို ပြောလိုက်တယ် ငါက မိန်းကလေးတွေကို မကြိုက်ဘူးလို့"

"မင်းက ဟိုမိုလား?"

"မဟုတ်ပါဘူး သူနဲ့ မပတ်သက်ချင်လို့ သူ့ကို လိမ်ပြောလိုက်တာပါ"

"အဲ့ဒီတော့ သူကယုံလား?"

"သူက ရုတ်တရက်ကြီး သူ့ကို ကျတော်က မုဒိမ်းကျင့်ပါတယ်ဆိုပြီး ထအော်တာ"

"ဪ ထောင်ထဲမှာ ခက်ခဲခဲ့လား?"

"နည်းနည်းပါးပါးပါ"

"အရင်တုန်းက ငါ့ကိုမြင်ဖူးလား?"

"မြင်ဖူးပါတယ်"

"ငါ့အကြောင်းရောကြားဖူးလား?"

"နည်းနည်းပါးပါးပါ"

"ဘာတဲ့လဲ?"

"လူတကာနဲ့ အိပ်တယ်၊အများသုံအိမ်သာ၊ချစ်စရာကောင်းပေမယ့် လူတကာ အိပ်တယ် ဒီလောက်ပါပဲ"

ဘာ...
မေးလို့ဖြေတာတော့ ဟုတ်ပေမယ့် ဒီလောက်ထိ တည့်တိုးကြီး ဖြေရမှ ဖြစ်မှာလား? မင်းစေရင်။
ထားပါတော့ မင်းစေရင်က အတည်ပေါက်ကြီး ဖြေနေတာမို့ကျတော် ဒေါသလည်း မထွက်မိတော့ပါဘူး။

"ဒီနေ့ ခေါင်းဆောင်နဲ့ တွေ့စရာ ရှိပါတယ်ဆိုမှ ကားက လည်း ပိတ်နေတယ်ကွာ"
လို့သာ ညည်းညူလိုက်မိသည်။

ပြုစားသော/မာဖီးယား၏သက်တော်စောင့်🔞Where stories live. Discover now