part(10)

4.3K 116 0
                                    

အပိုင်း(၁၀)

ကျတော်ရေချိုးပြီး တဲ့နောက် သူဌေး၏ ဧည့် ခန်းထဲသို့ ဝင်သွားလိုက်သည်။

"မင်းလူတွေက ငါ့ပိုင်နက်ထဲ ထိ လာပြီး ခြေရှုပ်နေတာကို မင်းကမတောင်းပန်တဲ့ အပြင် လာပြီး ဟိန်းလား? ဟောက်လား? နဲ့ ငါ့ကို ဘာထင်နေတာလဲ? လွန်ထယ်"

"ဟုတ်ပြီလေ မင်းပိုင်နက်ထဲ ဖြစ်တဲ့ ပြဿနာမို့ ငါ လျှော်ပေးလိုက်မယ် ညွှန်းတစ္ဆေ"

"ဘာ လျှော်ပေးတယ် ဟုတ်လား?
ခေါင်းဆောင်ဆီ သွားကြမလား လွန်ထယ်။မင်းအခုတလော ညှိနှိုင်းမှုနဲ့ မကိုက်ညီတဲ့ စီးပွားရေးတွေ လုပ်နေတာ ငါ့ဆီမှာ သက်သေတွေရှိတယ်။"

"ထားပါ ဒါငါ့ကိစ္စမဟုတ်ပါဘူး။
နောက်ကို ငါ့အလုပ်တွေမှာ ဝင်မရှုပ်မိစေနဲ့ လွန်ထယ်"

"ရာရာစစ ယောက်ျားပြည့်တန်ဆာကများ"

တဖက်က လက်နက်ထုတ်ကာ ဆက်တိုက်ပစ်ချပေမယ့် သူဌေးကလည်း လက်သွက်၊ခြေသွက်နဲ့ပြန်ပစ်နိုင်တာမို့ တဖက်က လူတွေအကုန်လုံးနီးပါး အထိနာသွားလေသည်။

ပုံစံလေးနှင့်မလိုက်ဖက်အောင် လက်သွက်၊ခြေသွက်နှင့် ရဲတင်းလွန်းသော သူဌေးကို ကျတော် ‌အံ့ဩနေမိသည်။

လွန်ထယ်က သူဌေး၏ ရင်ညွန့်ကို ပစ်ချလိုက်တာမို့ မင်းစေရင်က သူဌေးကို တွန်းပစ်ကာ ဝင်ပြီး ခံလိုက်လေသည်။

"ဟင် မင်းစေရင်"

သူဌေး၏ အသံနွေးနွေးချိုချိုလေးကို ကြားလိုက်ရပြီးအရာရာ မှောင်သွားလေသည်။
...............
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ခပ်စူးစူး အလင်းရောင်ကြောင့် ပြန်ကာမှိတ်ထားလိုက်သည်။နောက်တကြိမ်ကြိုးစားပြီး ပြန်ဖွင့်လိုက်သည်။

"မင်းစေရင် မင်းနိုးလာပြီလား?"

ကျတော့် ကုတင်၏ အနီးမှာ စမတ်ကျကျနှင့် ထိုင်နေသော သူဌေး၏ ဖြူသွယ်သွယ် ဟန်ပန်လေးကို မြင်လိုက်ရသည်။တော်ပါသေးရဲ့၊ ကျတော်သူဌေးကို ကြည့်လို့မဝသေးတာမို့ မသေနိုင်တဲ့ အကြောင်းတွေ တချိန်လုံး တဖွဖွ ရေရွတ်ကာ ပြောပြနေခဲ့မိသည်။တယောက်ယောက်များ ကြားပြီးတော့
ကျတော့်ကို သူဌေးဆီ ပြန်ပို့အောင်လို့ပေါ့။

အခုလို သူဌေးကို မြင်လိုက်ရတော့ ကျတော် သိပ်ပျော်တာပဲ။ကျတော့်လက်တွေနှင့် သူဌေး၏မျက်နှာလေးကို ထိတွေ့ဖို့ ကြိုးစားနေမိသည်။သူဌေးက သူ့မျက်နှာလေးကို ရှေ့တိုးကာ ကျတော့်လက်တွေနှင့် ပေးထိသည်။

"ညွှန်း"

ဟင်၊သူ ဘယ်လိုတွေခေါ်နေတာလဲ?
ဘေးမှာ မာယူလည်း ရှိတာကို။ဒါပေမယ့် မာယူက မျက်နှာရိပ်၊မျက်နှာကဲ ခတ်ကာ အပြင်သို့ ထွက်သွားလို့ တော်ပါသေးသည်။

"ညွှန်း မောင်အခုက ဆေးရုံမှာလား?"

"မဟုတ်ဘူး မောင့်အခန်းထဲမှာ"

"ညွှန်း မောင်လေ ညွှန်းကို ကြည့်လို့ မဝသေးလို့ မသေပါရစေနဲ့လို့ ဂျီကျပြီး ပြန်လာတာ"

သူ့စကားက ကျတော့်ကို သဘောကျစေသည်။ရယ်ပြုံးစေသည်။

"မောင့်ကို ချစ်လားဟင် ညွှန်း"

ကျတော့်လက်တွေကို သူ့လက်တွေနှင့် ဆုပ်ကိုင်ကာ ပူဆာပြန်လေပြီ။
မင်းစေရင် မင်းကတော့လေ။

နောက်တကြိမ် ထပ်ချစ်မိတဲ့ အချစ်ကို စိတ်မပျက်ရအောင် လုပ်ပေးခဲ့သူလေး။
ချစ်တဲ့သူနှင့် လိင်မဆက်ဆံခဲ့ရသည့် ကျတော်က လူတကာနှင့် လိင်ဆက်ဆံခဲ့ဖူးသည်။
လူတယောက်တည်းကိုပဲ မျှော်ကြည့်ကာ ချစ်နေရတဲ့ဘဝက အထီးကျန်တယ်လို့ ထင်မိခဲ့ကာ လူတကာနှင့်တွဲ့ခဲ့ဖူးတဲ့ ကျတော်။
အသက်(၁၀)နှစ်အရွယ်မှာပဲ ပထွေးဆီက မုဒိန်းကျင့်တာကို အကြိမ်ကြိမ် ခံခဲ့ရသည့် ကျတော့်ကို ပထမဦးဆုံး အကြိမ်အဖြစ် ဘဝကို တွယ်တာတတ်စေခဲ့တဲ့ ကောင်လေး။

"ချစ်တယ် မောင့်ကို ချစ်တယ်
ညွှန်းကို ဘယ်တော့မှ ထားမသွားပါနဲ့နော်မောင်"

သူ့မျက်နှာလေး ပြုံးသွားတာကို မြင်လိုက်ရသည်။ရင်ထဲမှာ ဒီလောက်
‌နှေး‌ထှေးသှား‌စေတဲ့ နေ့ရက်တွေလည်း
ရှိလာနိုင်တာပဲလေနော်။

"ဟယ်လို ခေါင်းဆောင် ကျတော် ခွင့်တောင်းထားသလိုပဲ ထွက်သွားပါရစေတော့"

ပြုစားသော/မာဖီးယား၏သက်တော်စောင့်🔞Where stories live. Discover now