Chapter (5)

381 54 12
                                    

မင်းမောင်သည် သော်တစ်ယောက် သူ့ကြောင့် မျက်ရည်ကျခဲ့သည့်အချိန်ကို သတိရမိသည်။

သော့်လိုအကြောမာမာနှင့် မည်သည့်အရာကိုမှဂရုမစိုက်တတ်သည့်သူက ငိုသွားရသည်ဆိုလျှင် မင်းမောင်လုပ်ရပ်မည်မျှဆိုးဝါးကြောင်း သိနိုင်သည်။

သူက သူ့ဆန္ဒနှလုံးသားနောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း သော့် သဘောထားတွေကိုလျစ်လျူရှုထားခဲ့မိသည်။




စောဟန်မင်းမောင်သည် သူ့အမေစီစဥ်ပေးသော သရုပ်ဆောင်သင်တန်းများကို တက်ရသည်။ သင်တန်းအချိန်များက မနက်ပိုင်းဖြစ်ပြီး သင်တန်းဆင်းတာနှင့် ကျောင်းကိုတန်းလာရသည်။

မင်းမောင်သည် သရုပ်ဆောင်တာကို လွန်စွာစိတ်အားထက်သန်ပြီး ရူးသွပ်သည်။ သူ့အမေ၏လွှမ်းမိုးမှုမပါဘဲ အောင်မြင်အောင်လုပ်ပြချင်သည်။ ထို့ကြောင့် အသိုင်းဝိုင်းထဲတွင် ဒေါ်လဝန်းရူပါ၏ သားဆိုသောအဖြစ်မှန်ကို ဖုံးကွယ်ထားခဲ့သည်။


"ဟေး ငါတို့ရဲ့မင်းသားကြီး ငါတို့မနေ့ကမင်းကြော်ငြာကိုတွေ့လိုက်တယ်"

သက်နေဝင်းက ဘက်စကတ်ဘောလုံးကို ဆက်တိုက်ပုတ်ရင်း မင်းမောင်ကိုကြည့်ကာဆိုလာသည်။

အားဖြည့်အချိုရည်ကြော်ငြာ videoအတိုလေးတွင် မင်းမောင်ပါသောအပိုင်းက
စက္ကန့်ပိုင်းမျှသာဖြစ်သည်။ သူ့လက်ရှိ အနုပညာလမ်းကြောင်းက ထိုသို့နှယ်သေးငယ်နေသေးသည်။

စောဟန်မင်းမောင်ကတော့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူစိတ်မဖြစ်မိပေ။ ထို့ကြောင့် သက်နေဝင်းစကားကို "မဟုတ်ပါဘူးကွာ" ဟုသာ အလေးအနက်မထားဘဲ ဖြေလိုက်သည်။

"အခုမဟုတ်သေးရင်တောင် မကြာခင်အောင်မြင်လာတော့မှာ...မင်းမောင် အောင်မြင်လာရင်ငါတို့ကို မမေ့ရဘူးနော်"

ထက်မြက်အောင်က မင်းမောင်ပခုံးပေါ်လက်တင်ရင်း ပြောလာသည်။ သူသည် ထိုစကားကြောင့် ရယ်ကျဲကျဲဖြင့် ထက်မြက်အောင်ဗိုက်ကို တံတောင်ဖြင့်တွတ်လိုက်သည်။

"မင်း ငါ့ကိုတော့ မေ့လို့မဖြစ်ဘူး"

ထက်မြက်အောင်စကားကို သူရယ်မောရင်း ပြန်ဖြေလိုက်သည်။

SuperStar MinMaung in a Relationship with His ThawWhere stories live. Discover now