Chapter (10)

238 40 6
                                    

Hi !!

စောဟန်မင်းမောင်သည် မရဲတရဲဖြင့် စာပို့လိုက်သည်။ သူကသမိုင်းတွေသက္ကရာဇ်တွေသာ မေ့ရင်မေ့မည်။ သော့်ဖုန်းနံပါတ်ကိုတော့ လုံးဝမမေ့။ ဒီကိုရောက်ပြီးမှ ပထမဆုံးအကြိမ်အနေဖြင့် စာပို့ဖို့ကြိုးစားလိုက်သည်။

မော်ဒယ်နိမ့်ဖုန်း၏ မျက်နှာပြင်ကိုကြည့်ပြီး သူစိတ်လှုပ်ရှားနေမိသည်။ နှစ်ကုန်ဆုပေးပွဲများမှာ စကာတင် ဝင်တုန်းကတောင် ဤမျှစိတ်မလှုပ်ရှားခဲ့။

မင်းမောင်သည် ဖုန်းမျက်နှာပြင်ပေါ်တွင်လက်ချောင်းများကိုပြေးလွှားရင်း ခပ်မြန်မြန်စာရိုက်လိုက်သည်။

/ကျွန်တော့်နာမည် စောဟန်မင်းမောင်ပါ။ သော်သျှန်းဝေရဲ့သူငယ်ချင်းပါ သော်သျှန်းဝေကိုစာမေးစရာလေးရှိလို့ စာပို့လိုက်တာပါ/

သော့်ဖုန်းကို မည်သူထိန်းသိမ်းထားမှန်း သူသေချာမသိ။ သူ့ကြောင့် သော်ကိုပြဿနာမဖြစ်စေချင်တော့။

ခဏကြာတော့ သော့်ဆီကနေပြန်စာရလာသည်။

/အခုဖုန်းကိုင်နေတာ ငါပဲ/

မင်းမောင်သည် အပျော်လွန်သွားပြီး စာများကို တတောက်တောက်ဖြင့် ရေးပို့တော့သည်။

/သော် စာလုပ်နေတာလား/

/ညစာရောစားပြီးပြီလား/

/သော်အိပ်တော့မှာလား/

သုံးကြောင်းလောက်ဆက်တိုက်ပို့ပြီးမှ မင်းမောင်သည် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်သွားတော့သည်။ ဘာလုပ်နေလဲ စားပြီးပြီလား မအိပ်သေးဘူးလား စသောစာများပို့ပြီး သူဘာဆက်ဖြစ်ချင်နေတာလဲ။

မင်းမောင်သည် သူ၏၂၇နှစ်ကာလအတွေ့အကြုံများကို ပြန်စဥ်းစားကြည့်မိသည်။ ဘာတစ်ခုမှ သုံးစားရတာထွက်မလာ။ အနည်းဆုံးတော့ စာကိုဆွဲဆောင်မှုရှိရှိပို့တတ်သင့်ပါတယ်။

/မင်းပြောတော့ စာမေးစရာရှိလို့ဆို/

/အဲတာက ဆင်ခြေ...သော့်ဖုန်းကိုလူကြီးတွေသိမ်းထားတယ်ထင်လို့/

/မသိမ်းပါဘူး ငါပဲကိုင်တာ/

/အဲတာဆို ကိုယ်နောက်နေ့တွေလည်း စာပို့လို့ရတယ်ပေါ့/

SuperStar MinMaung in a Relationship with His ThawWhere stories live. Discover now