Chapter 109

1.6K 187 0
                                    

Unicode

ကုမျန်က ရှောင်ရွမ်ကို ၀မ့်ရှင်းယွမ်ရဲ့ရင်ခွင်ထဲ ထည့်ပေးလိုက်တယ်။

ရှောင်ရွမ်က သူ့ရင်ခွင်ထဲမှာ အလျင်အမြန် နေ‌သားကျသွားခဲ့တယ်။

ကလေးတွေက တိရစ္ဆာန်လေးတွေနဲ့ ကစားရတာကို သဘောကျကြတယ်။

ရှောင်ရွမ်က ၀မ့်ရှင်းယွမ်ရဲ့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး ကောင်းကောင်းပြုမူနေတယ်။

၀မ့်ရှင်းယွမ်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ရှောင်ရွမ်ရဲ့ကျောပေါ်ရှိ နူးညံ့တဲ့ နှင်းဖြူရောင်အမွေးတွေကို ထိတွေ့လိုက်တယ်။

ကုမျန်က မေးစေ့ပေါ် လက်တင်လိုက်ပြီး စိတ်ရှည်ရှည်နဲ့ သူ့ကိုပြောလိုက်တယ်။ "ဒီမြေခွေးလေးက ဒီနှစ်ဆို တစ်နှစ်ပဲရှိသေးတယ် တစ်ခါတလေ အရမ်းအသက်ဝင်တယ်၊ တစ်ခါတလေ အရမ်းတိတ်ဆိတ်ပြီး အရမ်းလူသားဆန်တယ် မင်း သူ့ကိုသဘောကျလား"

၀မ့်ရှင်းယွမ်က ဘာမှတုံ့ပြန်မှာမဟုတ်ဘူးလို့ ကုမျန်ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ မိနစ်ဝက်အကြာမှာ ၀မ့်ရှင်းယွမ်က "သား သဘောကျတယ်" ဆိုတဲ့ စကားတစ်ခွန်း ပြောလာတယ်။

အော်တစ်ဇင်ကလေးတွေအကြောင်း သူမ သိပ်မသိပေမယ့် သူစိမ်းတစ်ယောက်ဖြစ်တဲ့ သူမနဲ့ စကားပြောလာတာက အခြေအနေတွေ စတင်တိုးတက်လာတာကို ဆိုလိုတာပဲလို့ သူမ တွေးမိပါတယ်။

ကုမျန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။
"သူကလည်း မင်းကို အရမ်းသဘောကျတာပဲတဲ့"

၀မ့်ရှင်းယွမ်က ရှောင်ရွမ်နဲ့ကစားနေတုန်းမှာ ကုမျန်က သူနဲ့ တစ်ချိန်လုံး စကားပြောပေးနေခဲ့တယ်။ ၀မ့်ရှင်းယွမ် ပြန်မတုံ့ပြန်ခင် သူမက စာကြောင်းဆယ်ကြောင်းလောက် ပြောခဲ့ရပေမယ့် သူမ ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။

အနည်းဆုံးတော့ ၀မ့်ရှင်းယွမ်က သူမကို အာရုံစိုက်ခဲ့တယ်လေ ဟုတ်တယ်မလား?

အလုပ်ရှိသေးတယ်ဆိုတာကို ကုမျန်မမှတ်မိခင်ထိ အချိန်တွေ ဘယ်လောက်ကုန်သွားမှန်း သူမ မသိလိုက်ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now