"ဟယ်လို အမေ..."
"သား.... ဒီနေ့ပဲ ပြန်ရောက်တယ်ဆို... အမေတို့အိမ်ကို ဘာလို့ ပြန်မလာတာလဲကွယ်...."
ဖုန်းထဲမှ ထွက်ပေါ်လာကာ လေထဲသို့ ပျံ့လွင့်လာသည့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦး ၏ အသံ...
သို့သော် ထိုအသံသည်ကား တစ္ဆေ့အတွက်တော့ သာယာနာပျော်ဖွယ်ကောင်းမနေချေ။
ဒီတိုင်း မွေးကင်းစ ကလေးတစ်ယောက်ကိုတောင် မျက်နှာမထောက်လေဘဲ စွန့်ပစ်ခဲ့သည့် အမျိုးသမီး တစ်ဦး သာသာ....
"အမေတို့ကို အနှောင့်အယှက်မှာစိုးလို့ပါ..."
"မဟုတ်တာ သားရယ်.... အမေ့ဘေးနားမှာလေးတော့ မြန်မာနိုင်ငံမှာ ရှိတုန်း နေပေးပါကွယ်..."
အမေ့စကားကြောင့် တစ္ဆေ မည်သို့ တုန့်ပြန်ရမည်မှန်းမသိတော့၍ အသံတိတ်ငြိမ်သက်သွားလေသည်။
"အမေ... သား အမေတို့နဲ့တော့ လာမနေတော့ပါဘူး... သား အမေ့စီကို မကြာ မကြာတော့ လာလည်ပါ့မယ်..
ဒါပဲနော် အမေ..."
အမေ ဆက်ပြောနေမည်ကို သိ၍ စကားကို အမြန်အဆုံးသတ်ကာ ကိုယ့်ဘက်မှ အရင် ဖုန်းချလိုက်လေသည်။
ထိုမှသာ လမ်းဘေးမှာ ထိုးရပ်ထားသည် ကားကို စက်ပြန်နှိုးကာ ရွှေတောင်ကြားမှ အိမ်သို့ ပြန်လာခဲ့လေတော့သည်။
ထမင်းစားချင်စိတ်တို့သည်လည်း မရှိတော့၍ ပစ္စည်းများကို ကားထဲကနေ ထုတ်လိုက်လေပြီး ဝင်အိပ်လိုက်တော့သည်။
.......
ကွန်ဒိုသို့ ပြန်လာရင်း ခေါင်းထဲတွင် ထီးပိုင်ရှင် သူစိမ်းလေးက ကြီးစိုးထားလေသည်။
အင်း.... သဘောရိုးဖြင့်သာ...
စဉ်းစားရင်းဖြင့် ထိုကောင်လေး ၏ အမည်ကို မသိရသေးကြောင်းကို သွားသတိရမိပြန်သည်။
ထိုအချိန် ဝင်လာသည့် ဖုန်းခေါ်ဆိုမှု တစ်ခုကြောင့် အတွေးတို့သည်ကား ပြတ်တောက်သွားလေသည်။
ဖုန်းကို ကြည့်လိုက်သော် "မောင်" ဆိုသည့် အမည်လေးက ပေါ်နေ၍ ပြုံးမိလိုက်လေသည်။
YOU ARE READING
ဒုတိယလူ (သို့) မောင်
Romanceဒုတိယဆိုတဲ့နေရာကို မကြိုက်လို့တောင် ငယ်ငယ်ကတည်းက ပထမကိုပဲ ယူလာခဲ့တဲ့ ကျွန်တော်က အကိုနဲ့တွေ့မှ ဒုတိယလူ တဲ့လားဗျာ...