အပိုင်း - ၁၁

33 3 0
                                    

"ကိုယ့်နာမည်က မင်းအနတ်ကျော် ပါ... တွေ့ရတာဝမ်းသာပါတယ်..."

လက်တစ်ဖက်က ဆန့်တန်းလာ၍ တစ္ဆေ လည်း မကောင်းတတ်သောကြောင့် ထိုလူ၏ လက်ကို ကိုင်၍ လက်ဆွဲနှုတ်ဆက်လိုက်ကာ....

"တွေ့ရတာဝမ်းသာပါတယ်.... ကျွန်တော့် နာမည်က ခွန်ရှန်းတစ္ဆေ ပါ..."

"နိုင်ငံခြားမှာ အနေများတယ်လို့ပြောဖူးတယ်... အခုလိုမျိုး မြန်မာစကားကို ပီသနေမယ်လို့ မထင်ထားဘူး...."

"ကျွန်တော်က မြန်မာလူမျိုးပါဗျာ... ကိုယ့်မိခင်ဘာသာစကားကိုတော့ ကောင်းကောင်းကြီး ပြောတတ်ပါသေးတယ်....."

"ဟက်.... ကြားထားတဲ့အတိုင်းကိုပဲနော်... နောက်ပြီး ချောတာကလည်း အမေနဲ့တူလို့ထင်တယ်..."

"ချီးကျူးပေးတယ်လို့ပဲ သတ်မှတ်ပြီးတော့ ကျေးဇူးတင်လိုက်ပါ့မယ်ဗျ.... အခုတော့ ကျွန်တော့်လက်လေးကို လွှတ်ပေးပါဦး..."

ထိုသို့ပြောမှသာ တစ္ဆေ ၏ လက်ကို လွှတ်ပေးလိုက်သည့် မင်းအနတ်ကျော်...

သတိမထားမိဘဲ ကိုင်မိထားတာပါလို့လည်း မင်းအနတ်ကျော် တို့ လိမ်၍ မပြောချင်ပါလေ။

တကယ်ဆို ကောင်လေး ၏ လက်ကို ကိုင်ချင်၍ တမင်ဉာဏ်ဆင်လိုက်ကာ ကိုင်ပြီးသော်လည်း မလွှတ်ပေးချင်သည်က ကောင်လေး ၏ လက်လေးက အတော့်ကို နူးညံ့နေခြင်းကြောင့်ပင် ဖြစ်လေသည်။

ကိုယ့်လို လူဆိုး ၊ လူမိုက် တစ်ယောက် ၏ လက် ထက် ကွန်ပျူတာကိုပဲ ကိုင်၍ အလုပ်လုပ်နေသည့် ကောင်လေး ၏ လက်က အမှန်တကယ်ကိုပင် နူးညံ့နေခြင်းကို ငြင်း၍မရပါလေ။

"သား... ညလည်း နက်နေပြီဆိုတော့ သွားအိပ်တော့လေ.... အိမ်အကူကောင်မလေး က သားအခန်းကို လိုက်ပြလိမ့်မယ်နော်..."

"ဟုတ်ကဲ့ အမေ..."

ဘေးနားကနေ ထိုင်ကာ မိမိ ကို ရွှန်းရွှန်းဝေနေအောင် ကြည့်နေသည့် ထိုလူကြီးကို ကြောက်လာ၍ အမေပြောလသည်အား လက်ခံကာ အိမ်အကူကောင်မလေး အနောက်ကနေ လိုက်သွား၍ အိပ်ခန်းဘက်သို့ တက်လာလေသည်။

"မ လည်း နားတော့လေ... မောင် ကတော့ အလုပ်လုပ်လိုက်ဦးမယ်..."

"ဟုတ်ပါပြီ..."

ဒုတိယလူ (သို့) မောင်Tempat cerita menjadi hidup. Temukan sekarang